Part 5(Zawgyi+Unicode)

734 96 8
                                    

Zawgyi

Jimin တစ်ယောက် အပြန်လမ်း တွင် Bus
ကားစီးပြန်ရသည်။ဟို ကောင်လေး၏ ကောင်းမှု
ကြောင့် ကား သိမ်းခံလိုက်ရသည်။

Jm' pov : ငါအဲ့ကောင်လေးကို ဘယ်လိုစာသင်ရ
မလဲ။ ရဲစခန်းတောင်ရောက်ဖူးတယ်ဆိုတော့
တော်တော်ဆိုးတာဘဲ။

" ဟိတ်ကောင်လေး....ဟိတ် "

Jimin တစ်ယောက် အတွေးနွံထဲတွင်နစ်နေသော
ကြောင့်ဘာမှမကြား.....

" ဒီမှာ.......ဟဲ့ အကောင်!!!!!! "

နားနားလေ ကပ်အော်လိုက်မှ အလန့်တကြားကြည့်
လာသည်။

Jm : ဘာဖြစ်လို့လဲ Arjishi.....မီးလောင်လို့လား...
ဒါဆို ကျွန်တော်-

" မင်းမေကြီးတော် မီးလောင်ရမှာလား မင်းဆင်းရ
မဲ့ မှတ်တိုင်ရောက်ပြီ...ပြီးတော့ ကားခ "

Jm : အော်...nae....nae

ရှက်ရမ်း ရမ်းပြီး ထပြေးမလို့ရှိသေး....

ဗြိ~~~(ဘောင်းဘီပြဲသံ)

Jm' pov : သွားပါပြီ...မနေ့ကမှ အသစ်စက်စက်
ဘောင်းဘီလေး..

ဘေးကလူတွေ ကြည့်တော့လဲကိုယ့်ကို အာရုံ
ထားပုံမရ။ အဲ့တာမို့ ကိုယ့်မှာပါတဲ့ လက်ကိုင်
အိတ်လေးနဲ့ ဖုံးပြီးအထ....

" ဟိတ်ကောင်လေး....မင်းကြည့်ရတာ ကုန်းကုန်း
ကုန်းကုန်းနဲ့....အော် ဘောင်းဘီပြဲသွားလို့လား "

Jm' pov : သွားပြီ...သူလုပ်မှ ရှိတဲ့အရှက်ရော
မရှိတဲ့အရှက်ရော ကွဲပါပြီ ကားပေါ်ကလူတွေက
လဲ ပြုံးစိစိနဲ့ ဒီနေ့ပြဿာဒါးနေ့ထင်တယ်

ခေါင်းလေးသာငြိမ့်ပြီး ထွက်လာခဲ့သည်။
ဟိုကောင်လေးစီ ကပြန်လာတော့ ကျောင်းသွား
ခုမှ ကျောင်းပြန်ရသည့်အတွက် နည်းနည်း
မိုးချုပ်သွားသည်။

ကျွန်တော်တို့ အိမ်ဘက်က ညညဆိုလူပျက်သည်။
ခုလည်း လမ်းပေါ်မှာ ရှင်းလင်းလို့ လူမပြောနဲ့
ခွေးတောင်မရှိဘူး။

လမ်းအကွေ့ရောက်တော့....
ကိုယ့်ရှေ့လာရပ်သော ကောင်လေးသုံးယောက်

" အလှလေး....တစ်ယောက်ထဲလား အိမ်ကို
ကိုယ်တို့လိုက်ပို့မယ်လေ "

Bad Boy's TeacherWhere stories live. Discover now