Part 12

351 51 7
                                    

Jimin တော်တော် ဒေါသထွက်မိတယ်။
တစ်ခြားနေရာမှာတော့ သူ့ထက်ကြီးတာမို့
သူဘာလုပ်လုပ် ဘာမှမပြောပါဘူး။စာသင်ချိန်
မှာဆို သူက ဆရာလေ သူ့ကိုလေးတော့လေးစားရမှာပေါ့။
စိတ်တိုတို နဲ့ထွက်လာခဲ့ပြီးမှ အပိုဝင်ငွေလေးကို
လက်လွှတ်လိုက်ရသောကြောင့် နောင်တမဆို
သော နောင်တ သေးသေးလေးရမိသည်။
ပြီးတော့ သူ့ပုံစံကြည့်ဦး ဒါဆရာတစ်ယောက်
တဲ့လား ။Yoongi အင်္ကျီတွေမှာ သူ့အတွက်တော့
အနည်းငယ်ပွနေသောကြောင့်  ကလေးပေါက်စ
က လူကြီးအင်္ကျီဝတ်ထားသလိုပင်။သူ့အင်္ကျီ
ဆိုမှ မျက်လုံးထဲပေါ်လာသော အပေါ်ပိုင်းဗလာ နဲ့
Min yoongi ရဲ့ပုံရိပ်။

Jm : ရားးးးးးး Min yoongi!!!

" ဘာလဲ "

နောက်က အသံကြားသောကြောင့်လှည့်ကြည့်
လိုက်တော့ yoongi ။

Jm : မင်းကဘာလို့ ဒီမှာရောက်နေတာလဲ

Yg : မင်းနောက်က လိုက်လာတာ

Jm : ဘာလဲ စာသင်ချင်လို့လား

ပုခုံးတွန့်ပြလာသော ရှေ့ကလူသား။
All black ဝတ်ထားသော ထိုလူသား ပုံမှာ
ကြည့်ကောင်းလွန်းသည်။ဖြူဖွေးနေသော
အသားရည်မှာ အမည်းရောင်က ထင်ဟက်စွာ။

Yg : ဒုတိယအကြိမ်

Jm : ဘာလဲ...ဒုတိယအကြိမ်ဆိုတာ

Yg : မင်းငါ့ကို ဒီလို စိုက်ကြည့်နေတာ ဒါနဲ့ဆို
ဒုတိယအကြိမ်နော်

ပြောနေရင်းရှေ့တိုးလာသောကြောင့်
ခြေထောက်တို့က အလိုလို နောက်ဆုတ်မိသည်။
မိုးရွာထားသောကြောင့် ရေကွက်လေးတွေက
ဟိုတစ်ကွက်ဒီတစ်ကွက်။

Yoongi သူရှေ့က ကြက်ပေါက်ကို အူရားလာ
သည်။သူ့အင်္ကျီကြီးဝတ်ထားပြီး ဘောင်းဘီက
တိုတိုလေးနဲ့။ဒီပိစိ အိမ်ကထွက်သွားထဲက
တွေ့ရာ အင်္ကျီတစ်ထည် ကောက်စွတ်ပြီး
ပိစိနောက်လိုက်လာခဲ့သည်။တစ်လမ်းလုံးလဲ
ဘာတွေပြောနေလဲမသိ ပွစိပွစိနဲ့။တစ်နေရာ
ရောက်တော့ ဘာတွေတွေးနေလဲမသိ
မျက်မှောင်ကြီးကုတ်ပြီး နောက်ဆုံးသူ့နာမည်
ကိုအော်နေလေရဲ့။

Jm : yoongi နောက်လေးနည်းနည်း ဆုတ်ပေး
ပေါ့လား

ပြောခါမှ ပိုရှေ့တိုးလာသူကြောင့် သက်ပြင်းသာ
ချနိုင်တော့သည်။သူလဲ နောက်ဆက်မဆုတ်
နိုင်တော့ ဘာလို့လဲမမေးနဲ့ မြောင်းကြီး နောက်မှာ။
မျက်နှာကြီးပါကပ်လာသောကြောင့်
မျက်လုံးတို့ကို မှိတ်ချလိုက်သည်။နည်းနည်း
ကြာတဲ့ထိ သူတစ်ခုခု ဖြစ်မသွားသောကြောင့်
မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ရှေ့မှ ပြုံးပြုံးကြီး
ရပ်နေသော အဖြူရောင်လူသား။

Yg : ဘာလို့ မျက်လုံးတွေစွတ်မှိတ်နေတာလဲ
ပိစိလေးရဲ့ ကို ဘာမှမလုပ်ပါဘူး

Jm : ငါ-ငါကလဲ ဘာမှမထင်ပါဘူး

စကားတွေက ထစ်ပြီး ရှက်နေသော ပိစိလေး
ကြောင့် သူပြုံးလိုက်မိပြန်သည်။ဒီပိစိလေး က
လူကို အသဲယား အောင်အလုပ်နိုင်ဆုံးလူပင်။
ခုလဲ ခေါင်းကြီးကိုစွတ်တွေ ငုံထားတာ။

Yg : ပိစိလး မျက်နှာလေးမော့ပါဦး

Jm : မင်းငါ့ကို ပိစိ ပိစိ လို့မခေါ်လို့ နာမည်ရှိတယ်

Yg : မရဘူး...ကို ကပိစိ လို့ဘဲခေါ်ချင်တာ

Jimin သူ့ရှေ့က လူသားကို မျက်စောင်းထိုးမိသည်။ဘယ်လိုလူမြန်းကို မသိဘူး
ငါ့ကဆရာပါနော် သူ့မျက်လုံးထဲ ကလေးပေါက်စ
လို့မြန်းမြင်နေလားမသိဘူး။မြင်ချင်လဲ မြင်မှာပေါ့
ငါက သေးသေးလေးကို ခန္ဓာကိုယ်ပြောတာ။
အိမ်ရောက်ရင် Appa ကိုမေးကြည့်ရမယ်
Omma ကဘာလို့ ငါ့ကိုခန္ဓာကိုယ် သေးသေးလေး ဖြစ်အောင်မွေးထားတာလဲလို့။

Yg : လာ ကို လိုက်ပို့မယ်

လက်ကို ဇက်ကနဲကောက်ဆွဲလိုက်သော
လူကြောင့် သူ့ကိုကြည့်လိုက်တော့။သူ့ လက်ကို
သေချာကြည့်နေသည်။

Yg : သေးသေးလေး

Jm : ဘာ!

Yg : ပိစိလက်လေးတွေက သေးသေးလေး

Jm : မင်း-မင်းနော် ဒီအကြောင်းဆက်မပြောနဲ့
တော့ သွားမယ် Appa စောင့်နေလိမ့်မယ်

သူ့လက်ကို ဇွတ်လွှတ်ပြီး ရှေ့ကနေ ကော့တော့
ကော့တော့နဲ့ ထွက်သွားသော ပိစိ။
နောက်က ကြည့်တော့ မက်မွန်သီးလေးကို
လုံးလို့။ကိုက်ချင်စရာလေး စိတ်ထိန်း
Min Yoongi စိတ်ထိန်း တစ်နေ့ မင်းစားရမှာ
စိတ်ထိန်း။

Jm : Yoongi!!!!! မင်းတစ်သက်လုံး အဲ့မှာဘဲ
ရပ်နေတော့မှာလား!!!

သူဘယ်လောက်တောင် မက်မွန်သီး စီစိတ်ရောက်
သွားလဲ မသိရှေ့က အကောင်ပေါက်ကအော်နေပြီ။
ကိုယ် လဲသူနဲ့ကျမှ အအော်ခံရတော့တယ်။
ချစ်တာကိုး....စွာစိလန် ဆရာလေး ကိုမှ ချစ်နေမိတာကိုး။

မင်းလေးက စာသင်ပေးဖို့လာ တဲ့ဆရာလား
ကို့ နှလုံးသားကို ချစ်တတ်အောင်သင်ပေးဖို့
လာတဲ့ ဆရာလား ပိစိ။

Candy🍭🍭🍭

အချို့ စကားလုံးလေးတွေ ရိုင်းသွားခဲ့ရင်
Candy တောင်းပန်ပါတယ်။အမှားပါရင်
လဲ ထောက်ပြကြပါ။ဖတ်ပေးတဲ့ Reader
လေးတွေကိုလဲ ကျေးဇူးတင်ပါတယ်။
Update မမှန်တဲ့ ဒီ fic လေးကိုစောင့်ပေးလို့
ကျေးဇူးတင်ပါတယ်။











Bad Boy's TeacherWhere stories live. Discover now