Part14

292 45 3
                                    

Jm: နားလည်ပြီလား

ဒါနဲ့ဆို စာရှင်းပြနေရတာ ၃ ခါမကတော့။
Min Yoongi ကတော့ စာရှင်းတာရော ခေါင်းထဲ
ရောက်ရဲ့လားမသိ သူကသာ စိတ်ပါလက်ပါ
ရှင်းပြနေတာ။

Yg : ထပ်ရှင်းပြ

Jm : ဘာ!!!ဒီလောက်ရှင်းပြနေတာကို နားမလည်
သေးဘူးလား!!!

ရှေ့က အဖြူကောင်ကတော့ သူမဟုတ်သလိုနဲ့။
ကိုယ့်ထက်အကြီးမို့သာဘဲ နောက်မို့ သူ့စိတ်နဲ့ဆို
ရှေ့ကအဖြူကောင်အမွှေးတွေတစ်မွှေးမှ ကျန်မှ
မဟုတ်တော့ဘူး ဆံပင်မွှေးပြောတာ။
နောက်ဆုံးတော့လဲ သက်ပြင်းတစ်ချက်ချပြီး
အင်္ကျီလက်ကို ဆွဲတင်လိုက်သည်။

Jm : ဒီတစ်ခါသေချာနားထောင်....

Yg : ချစ်ဖို့ကောင်းလို့

အဖြူကောင်စကားကြောင့် စာအုပ်ကြည့်နေရင်း
ဇက်ကနဲ မော့ကြည့်လိုက်မိတော့ စိုက်ကြည့်နေသော
မျက်ဝန်းတစ်စုံ။

Jm : စာရှင်းတာနားထောင်.. မဟုတ်တာတွေ  လျှောက်တွေးမနေနဲ့

ဝတ်ထားတဲ့ မျက်မှန်အဝိုင်းလေးကို သူ့လက်ပိစိလေးနဲ့ အသာ အပေါ်ပင့်တင်လိုက်သော
ပိစိ။စာရှင်းရင် ထော်ထော်ထွက်လာသော
နှုတ်ခမ်းဖူးဖူးလေးကြောင့် သူ့မှာစာထဲအာရုံစိုက်
လို့မရ။

Yg : စာရှင်းပြတာ အဲ့လောက်ချစ်ဖို့ကောင်းစရာ
လိုနေလို့လား ပိစိ

Jm : Min Yoongi!!!!

Yg : Nae

လုပ်ပစ်ချင်တာ လက်တွေကိုယားလို့။
ဒါပေမဲ့ ကို့ထက်အကြီးဆိုသော အသိက သူ့အား
ဟန့်တားနေသလို။မခိုးမခန့် မျက်နှာနဲ့
ကြည့်နေသေးတာ။မနေ့က အိမ်အပြန်မှာ
ရန်ဖြစ်တယ် ဆိုသော သတင်းကလဲကြားထား
ပြီးသား..မျက်နှာပေါ်က ဒဏ်ရာ အနည်းငယ်က
သက်သေပင်။

ရှေ့ကနေ ဒေါသထွက်နေသော ဆရာပိစိကြောင့်
သူ့မှာအူယားလို့မဆုံး။ခါတိုင်း ဆရာတွေဆို
သူ့ဒဏ် မခံနိုင်လို့ အကုန်ထွက်သွားကြတဲ့လူတွေကြည့်ပဲ။

Jm : မင်းဒီလိုလုပ်နေရင် စာမေးပွဲအောင်မယ်
ထင်နေလား!!!

သူ့မျက်နှာဘဲ တစိမ့်စိမ့်ထိုင်ကြည့်နေသော
Yoongi ကြောင့် သူ့မှာဘာဆက်ပြောလို့
ပြောရမှန်းမသိ။တော်တော် လက်ပေါက်ကပ်တဲ့
အဖြူကောင်။

Bad Boy's TeacherWhere stories live. Discover now