Part 11

339 50 8
                                    

" Min Yoongi!!! ဘယ်ကပြန်လာတာလဲ "

အိမ်ထဲဝင်ဝင်ချင်း ဟိန်းကနဲထွက်လာသော
အသံကြောင့် jimin လန့်သွားသည်။
Yoongi ကတော့ တစ်ချက်တောင်တုန်မသွား။

Yg : Appa အပေါ်တက်တော့မယ် လာ ပိစိ

Namjoon ပြောတာကို အရေးမလုပ်ဘဲ
ဆရာလေး လက်ကိုဆွဲပြီး အပေါ်တက်သွားသော
သားဖြစ်သူကိုကြည့်ပြီး သက်ပြင်းချမိသည်။
ငယ်ငယ်ထဲက အလိုလိုက်ခံထားရတော့ ထင်တိုင်း
ကြဲနေသည့် သားဆိုးလေးပင်။Third year ကို
အောင်အောင်ဖြေပါလို့ ပြောတာလဲမရ။
ဟင်းးး ဆရာလေး နဲ့သာ အဆင်ပြေပြီး
Yoongi လိမ္မာသွားရင် ဆရာလေးကို ကျေးဇူး
အရမ်းတင်မိမှာဘဲ။

Jm : Yoongi လူကြီးက မေးနေတာကိုဖြေလေ

Yg : ထားလိုက်ပါ လာပိစိ မင်း အအေးမိနေလိမ့်မယ်

လက်ဆွဲပြီးခေါ်သွားသောကြောင့် jimin လက်
သေးသေးလေးများမှာ yoongi လက်ကြားထဲ
တွင် နစ်မြုတ်နေသည်။jimin ကတော့ yoongi
ခေါ်ရာနောက်သို့ တိတ်တိတ်လေးနေပြီးဘဲ
လိုက်လာခဲ့လိုက်သည်။

Jm'pov : သူတို့ အိမ်ကြီးကအကြီးကြီးဘဲ...
အခန်းတွေလဲ အများကြီး တော်ကြာ
ငါ့ကို ဒီမှာတင်ထားခဲ့မှ လမ်းပျောက်နေအုန်း
မယ်

Jimin တွေးနေရင်း ရှေ့ကYoongi ရပ်သွား
တာကိုပင် သတိမထားမိ။

Jm : အ-

Yg : ဒါ ကို့အခန်း

တစ်ခန်းလုံးကို အမဲရောင်ဖြစ်ပြီး ပစ္စည်းများ
နှင့်သူ့နေရာနှင့်သူ နေရာတစ်ကျ သက်သက်ရပ်ရပ်
လေးပင်။yoongi လို ဂျစ်ကန်ကန် ကောင်လေး
တစ်ယောက်အခန်းက နည်းနည်းတော့
ရှုပ်ပွနေမယ် လို့jiminထင်ထားခဲ့သည်။သို့သော်
အထင်နဲ့ အမြင်က ကွဲလွဲစွာ။

Yg : ပိစိ နောက်မှ ကို့အခန်းကိုကြည့် ရေအရင်ချိုး
လိုက် ကြွက်စုတ် လေးဖြစ်နေပြီ

မျက်စောင်းက ဒိန်းကနဲဘဲ။
ဒီ ပိစိ တော်တော် စိတ်ကြီးကဘဲလို့ Yoongi တွေး
မိသည်။အဲ့လို စိတ်ကြီးတာလေးကိုက
Yoongi မျက်လုံးထဲ ချစ်ဖို့ကောင်းလွန်းသည်။
စူပုတ်ပုတ်လေး ထွက်လာသော ပိစိလေးအသံ။

Bad Boy's TeacherWhere stories live. Discover now