Part 16

591 36 8
                                    

နားထဲတွင် "ချစ်တယ်" ဆိုသော စကားကြီးက
ပဲ့တင်ထပ်လျက်။စိတ်တိုနေမိတာလား စိတ်လှုပ်ရှား
နေမိတာလားဆိုတာ သူကိုယ်တိုင်တောင်
ဝေခွဲ၍ မရ။

" သား ဘာဖြစ်နေတာလဲ "

ခါတိုင်းဆို အိမ်ပြန်ရောက်ရင် ရေချိုးပြီး
သူ့နားကပ်နေကျ ကလေးက ဒီလိုအခန်းအောင်း
နေတော့ Jin စိတ်ပူမိသည်။

" ဘာမှမဖြစ်ပါဘူး Appa..ဒီနေ့ ပင်ပန်းလာလို့ "

အတတ်နိုင်ဆုံး ပြုံးပြနေမိသည်။
Appa ကိုမလိမ်ချင်ပေမဲ့ လိမ်နေရသည်။
Yoongi ဆိုသော လူသားကြောင့် သူ Appa
ကိုခဏခဏ လိမ်ညာမိသည်။
မင်းက သိပ်မုန်းဖို့ကောင်းတာဘဲ Yoongi ။

" ဒါဆိုလဲ အိပ်တော့လေ..မနက်ကျ ကျောင်းသွား
ရအုန်းမယ်မလား "

" Nae Appa "

" Appa သွားပြီ "

" Nae "

အခန်းအတွင်း ပြန်လည်တိတ်ဆိတ်သွားပြန်သည်။
Yoongi က သူ့ကို ဆရာ တစ်ယောက်အနေနဲ့
သတ်ရောသတ်မှတ်ဖူးရဲ့လား။သူကရော
Yoongi ကို
.
.
.
.
.
.
.
ခေါင်းရင်းတွင် ချိတ်ထားသော နာရီလက်တံ
အရှည်လေးသည် 12သို့ ထိုးရန် 5 မိနစ်လောက်သာ
လိုတော့သည်။jimin ခုချိန်ထိ အိပ်မရသေး။
နောက်ဆုံး သူဆုံးဖြတ်ချက်ချ လိုက်သည်က

" ဆရာတစ်ယောက်အနေနဲ့ ထိန်းသင့်တဲ့စည်းကို
ထိန်းရမှာဘဲ "

__Bad Boy's Teacher__

" ဘာလို့ နောက်ကျနေတာပါလိမ့် "

Yoongi တစ်ယောက် ပိစိ အပြန်လမ်းကိုစောင့်
နေရသည်မှာ တော်တော်ပင်ကြာပြီဖြစ်သည်။
တော်တော်ကြာတော့ စာအုပ်ကြီးတွေပိုက်ပြီး
ထွက်လာပါပြီ။ဆရာလို့သာပြောနေတာ
ကျောင်းသားတွေကြားမှာ ပိစိလေး။

" ပိစိ! "

လက်လှမ်းပြလိုက်တော့ ခေါင်းငုံ့သွားသည်။
သူ့ရှေ့သို့ တစ်လှမ်းခြင်း လျှောက်လာသော
ပိစိ ။ နီးနီးလာလေ သူ့ရင်ဖက်ထဲက အကောင်ငယ်
က ပိုပိုပြီး အငြိမ်မနေလေဘဲ။

" Yoongi "

" ပြောလေ ပိစိ "

Bad Boy's TeacherWhere stories live. Discover now