Part 9

413 52 10
                                    

Jm : လူကြီး!!!!

Yg' pov : ငါနားကြားမှားတာများလား...ဘာတဲ့
ငါ့ကို လူကြီး ဒီပိစိ ကတော့လေ....

Club ကနေ မူးရူးနေတဲ့ jungkook ကိုသူ့လင်
အိမ်ပို့ထားခဲ့ပြီး ဒီပိစိလေးကို တွေ့ချင်လာတာ နဲ့
Uni စီကိုမောင်းလာရင်း ငိုသံကြားလို့လမ်းဘေးကို
ကြည့်လိုက်တော့ ထိုပိစိ။တော်သေးတယ်...
လမ်းက ဒီနေ့မှ တော်တော့ကိုရှင်းနေသည်။
မိုးက အချိန်ကိုက်စွာ ရွာတော့မဲ့အသွင်။
သူလဲ ကားပေါ်က ထီးလေး ဆွဲပြီး ပိစိရှေ့ရပ်
လိုက်တော့ သူ့ကိုအားကိုး တကြီးခေါ်လာတဲ့
ပိစိ

Yg : ဘာလို့..လမ်းမှာ အော်ငိုနေတာတုန်း
မရှက်ဘူးလား ပိစိ

သူက မတ်တက် ရပ်ထားသောကြောင့်
မျက်လုံးကိုလှန်ကြည့်လာသော ပိစိ ။
နှုတ်ခမ်းကလဲ စူထားသေးသည်။
ပိစိကို uni ဆရာ မှန်းသာ သူမသိခဲ့ရင် အလယ်တန်း ကျောင်းသား လို့သာ သူထင်မိလိမ့်
မည်။

Jm : ထလို့မှ မရတာ...ဘယ်လိုထရမှာတုန်း
ပြီးတော့ ဒီမှာ

သူ့လက်ကို ရှေ့ထိုးပြလာသော ပိစိ ။

Yg : ခွီးးး

Jm : မရယ်နဲ့

မရယ်နဲ့ ဆိုသော အသံလေးမှာတိုးမှ တိုးတိုးလေး
ပင်။ဒီကောင်လေး ခွေးချီးပေ လို့ထိုင်ငိုနေတာ
ပေါ့လေ။တကယ့် ဟာလေး။

Yg : ထ...

လက်လှမ်းလာသော yoongi ကြောင့်
Jimin မော့ကြည့်မိသည်။ဒီအချိန်မှာ သူ့အတွက်
Yoongi ကသာ ကယ်တင်ရှင်ပင်။
ပိစိ ခေါ်လို့ ဒီချိန်မှာ သူရန်မထောင်ရဲ မဟုတ်ရင်
တစ်ယောက်ထဲ ထားသွားမှ။
သူလဲ အားရပါးရ လက်လှမ်းဆွဲလိုက်တော့
Yoongi စီကထွက်လာသော အသံ....

Yg : ပိစိ!!!!!မင်းလက်က ခွေးချီးတွေနဲ့လေ

ချက်ချင်းပင် လက်ကိုနောက်ဆုတ်လိုက်သော jimin ။
သူလဲ မေ့ပြီး ခွေးချီးပေတဲ့လက်နဲ့ yoongi လက်ကိုကိုင်လိုက်မိသည်။

Jm : s-sorry

သူ့ကို မျက်နှာငယ်လေးနဲ့ sorry လို့ပြောလိုက်သော
ပိစိလေးမှာ သူ့မျက်လုံးထဲတွင် ချစ်စရာအတိ။
လက်က ခွေးချီးနံ့ သည်လဲမရတော့။
(Kim jimin တို့မာယာထဲမောသွားတာ )

Bad Boy's TeacherWhere stories live. Discover now