Episode 1

3.8K 181 3
                                    

Unicode~~🍓

ပေကျင်းမြို့ရဲ့ ရာသီဥတုက ပိုပီး
အေးမြသလိုပင် စိုစွတ်သောလေများလို့ ထင်လည်းရပေသည်။

မထင်မရှားမြို့လေး​မှာကျွန်တော်ရယ်မမရယ်အတူ
နေတယ် မြို့လေးနာမည်က လော့ယန်းတယ်
တိတ်ဆိတ်ပီးအေးချမ်းတာကြောင့်ဒီမြို့လေးကို
ကျွန်တော်အဆင်ပြေအောင်မမက ဦးစားပေးရွေးချယ်ခဲ့တယ်"။

လော့ယန့်ရဲ့ရာသီဥတုက ခါတိုင်းအေးသော်လည်း
ယနေ့ကမူ ပေကျင်းမြို့နဲ့ ပြိုင်နေသလားအောင့်
မေ့လောက်အောင်အတော်လေးအေးနေတယ်

အေးနေလည်း အရင်လိုစောင်ထခြုံပြီး
ပြန်အိပ်လို့မရတော့အကြောင်းအရင်းက
နံရံမှာချိတ်ထားတယ်ဆေးကျောင်းသားအမှတ်အသားလေးကညွှန်ပြတယ်

Uniform ဆီကအကြည်လွှဲပီး နာရီ ပြန်ကြည့်မိတော့
၅နာရီ ခွဲ !!အိပ်ရာပေါ်ကထကာ သွားတိုက် ေရမိုး
ချိူးပီး ပြန်လာတော့ ၆နာရီတိနေပီ ၊ ဖွင့်ဟထား
တယ့် ပြတင်းပေါက်ဆီ ခပ်သွက်သွက်လျှောက်သွားတော့ လှေကားအရင်းနားကမျက်စောင်းထိုးဆိုင် လေး

Way V
Cafe x Book ×Wifi × Hoptop

ဆိုတယ့်ဆိုင်
လေးက မီးလင်း​နေပီ ၊ အင်း ခပ်သွက်သွက်သွားမှ
တော်ကြာ ဟိုကောင်မလေးက အိပ်ငိုက်ငိုက်နဲ့
ဆိုင်မိုးမီးလောင်နေမှကိုက်လေရော ဖြစ်နေမယ်။

"ဒေါက် ဒေါက် "

"အားဝမ် နိုးပီလား "

"ဟုတ်နိုးနေပီ ရှစ်ကျဲ "

"အင်း အားဝမ် မျက်နှာသစ်ပီးမြန်မြန်ဆင်းလာခဲ့
ကျဲ ကြက်သား စွပ်ပြုတ်လုပ်ပေးထားတယ်"

"ဟုတ်ကျဲ ခနနေဆင်းခဲ့မယ်နော်"

"အင်း အားဝမ် ကျဲ မနက် Duty အစောရှိလို့
သွားနှင့်ပီ "

"ဟုတ်ကျဲ ဂရုစိုက်"

"အင်း အားဝမ် "

အခန်းတံခါးပိတ်သံနဲ့ကြားလိုက်ရသော် ခပ်ခွာခွာ
ခြေသံ။

ရှစ်ကျဲ!!အင်း သူရဲ ့နှစ်ယောက်မရှိသောအမ
ငယ်စဥ်ကတည်းက မိဘနှစ်ပါးထားသွားချင်းခံရ
တယ့်သူအတွက် မမက စံပြ ပဲ ။

T-W-I-N-K-L-EWhere stories live. Discover now