Episode 6

829 110 18
                                    

Unicode....

ပြတင်းပေါက်အပြင်ဘက် မြေပြင် တစ်ခုလုံး
အပြည့် ပန်းပွင့်လေးတွေ တိတ်တဆိတ် ကြွေကျနေတယ်။

နိုဝင်ဘာလကုန်လို့ ဒီဇင်ဘာလ တောင်ရောက်တော့
မယ်ဖြစ်သည် ။ မိုးဖွဲဖွလေးရွာတုန်းက ထီးအတူ
ေဆာင်းပေးခဲ့တယ့်အကိုက အခု နှင်းစက်လေးတွေ
ေကြာင့်အေးနေရင် ဖက်ထားပေးမယ်မို့လား ။

တစ်လ နေရင် ပြန်လာမယ်ဆိုတယ့်လူက နှစ်လ သုံးလ ကျော်တိုင် ပြန်မလာသေးတာတာကြောင့်
ဟိုမှာပျော်နေပီလို့ ကောက်ချက်ချလိုတော့ရတယ်မလား ။

တစ်ခနလေးမှာပဲ အချိန်ကာလခြားနားမှုက မတည်မြဲပါလားဆိုတာကို နားလည်ရင်း ေစာင်ပုံထဲမှာ
တွေးနေမိတယ်။

တစ်ဆက်တည်း နှင်းစက်လေးတွေကျဆင်းသံတိုးတိုးလေးကိုအာရုံစိုက်နားစွင့်နေမိတယ်။ပျံလွှင်​့
နေတယ့်နှင်းစက်လေးက တည်ငြိမ်တယ့် သဏ္ဍန်
လေးကို သိမ်းဆည်းထားဆဲဖြစ်တယ်။

စောင်ပုံထဲ က ထကာ အဝတ်ဗီရိုကို အနည်းငယ်
မွှေနှောက်လိုက်တယ် ၊ တွေ့ပါ ပီ ကတ်ဆက်
အဟောင်းလေး။

ဒီကတ်ဆက်လေးက မားနဲ့ ပတ်သတ်တယ့်
အမှတ်တရလေးတွေကတစ်ခု ၊ မားက ဒီ
ကတ်ဆက်လေးထဲက သီချင်းတွေကို အတော်လေး
သဘောကျခဲ့တာ အင်းနားထောင်ဦးမှ။

ကတ်ဆက်လေးကို ကိုင်ဆောင်လာပီး ကုတင်
ပေါ် တတ်လိုက်တယ် ၊ Heater ဖွင့်ထားပေမဲ့
အခန်းက ထင်သလောက် မနွေးထွေးတာ ကြောင့်
စောင်ပုံထဲ ဝင် ခွေလိုက်တယ် ၊ ကတ်ဆက် အဟောင်းလေးထဲက ပထမဆုံးသီချင်းလေးကို ဖွင့်ထားရင်း။

ကတ်ဆတ်အဟောင်းလေးမှ သီချင်းတွေကတော့
ညီညာစွာထ​ွက် ပေါ် နေဆဲ ဖြစ်သည်။

" second ပိုင်းအတွင်းမှာမထင်မှတ်ထားတာတွေ
ထောင်သောင်းမက ဖြစ်နိုင်တယ် "

ဖြစ်နိုင်ပါတယ် သူတောင် တပတ်ကျော်လောက်ပဲ
တွေ့ခဲ့ရတယ့်လူ အပေါ် သံယောဇဥ်တွယ်တာမိခဲ့
သေးတာပဲ ။

"ရှေ့ဆက်သွားသင့်လား ၊ ဒါမှမဟုတ် ရပ်စောင့်
နေသင့်လား "

သူကော ၊ သူကော ထိုလူကို ေစာင့်နေသင့်သေးလား ။သေချာတယ့်အ​ဖြေကတော့ထုတ်ပေးရမည်
ဖြစ်သည်။

T-W-I-N-K-L-EWhere stories live. Discover now