Episode 11

650 71 8
                                    

Unicode.....

နေ့ကိုရက်စားပီး လ တွေ ပြောင်းသွားပေမဲ့လည်း စတွေ့တုန်းကနေ့ရက်တွေလို ရှောင်းကျန့်က ရီပေါ် ကိုသိပ်အလိုလိုက်ပီး ချစ်ပေးတယ်။

" အချစ် "

ဆေးပညာဆောင်ရဲ ့အနောက်ဘက်ဝက်သစ်ချပင်အောက်မှာကိုယ်ကို မှီကာ စာအုပ်ဖတ်နေတယ့်
ကောင်လေးကို နောက်ကနေ ဖက်လိုက်တယ်။

" အချစ် လို့ ကိုယ် ခေါ် နေတယ်လို့ "

" အာ....စီနီယာပဲ ကျွန်တော်မျိူးကို ဘာများဆူစရာကျန်သေးလို့လည်းခင်ဗျ "

ရှောင်းကျန့် ကိုမျက်စောင်းထိုးပီးရီပေါ် ခပ်စောင်းစောင်းရွဲ ့ပေးလိုက်တယ် ၊ ဟုတ်တယ် လူအများကြီးရှေ့မှာအဆူခံရတာမရှက်ပဲ နေမလား။

" အိုက်ယိုး ကိုကို ကလေးလေး ကစိတ်ကောက်နေတာပဲ ကိုကို ကချစ်လို့ဆူတာလေကွာ "

ဆူပုတ်နေတယ့်ကောင်လေးရဲ့ နဖူးကိုခပ်ဖွဖွလေးနမ်းလိုက်တယ်၊ ဒီကောင်လေးစိတ်ကောက်သာသိပ်သိသာတာပဲ။

တကယ်တော့ ရှောင်းကျန့်က ရီပေါ် ကို ခရီးက
ပြန်ရောက်ကတည်းက ဘယ်မှမသွားရသေးတာကြောင့် Date ဖို့လာ ခေါ် ခြင်းဖြစ်တယ်။

ဒါပေမဲ့ ဒီကောက်ချိတ်လေးက စိတ်ကောက်နေတယ်လေ။

4th Year ဆေးပညာဆောင်ရဲ ့ပုံမှန် အတန်းတတက်ရက်တွေမှာ ပါဝင်လာတယ့် စီနီယာက ကိုကို တယ့်လေ၊ ကိုကိုက စာနဲ ့ပတ်သတ်ရင် အတော်လေးစည်းကမ်းကြီးတယ်။

ညနေ အတန်းဆင်းခါနီးမှ ကိုကိုက နှလုံးအထူးကု
ယူမယ့်ကျောင်းသားတွေကို သီးသန့်ရွေးထုတ်ထားသည် အတွက့် Tuto ဖြေရန် လေ့ကျင့်
လာခိုင်းသည်။အတန်းထဲမှာတော့ ကိုကိုနဲ့ ရီပေါ် ကစီနီယာ နဲ့ ဂျူနီယာ ဆက်ဆံရေးပါပဲ။

မနက်ဖြန်Tuto ဖြေမှာမို့ Cafe မှာစာကြိုးစားနေ
တယ့် ကောင်လေးကို ရှောင်းကျန့် ကိတ်မျိူးစုံ လုပ်ခိုင်းကာ နှောက်ယှက်တယ်။ သူဋေးဆိုတယ့် အာဏက ဒီနေရာမှာ အတော်လေးအသုံးဝင်ပါရဲ ့။

မနက် ၅နာရီ ထိနှောက်ယှက်တာ ခံရသည့်
အပြင် စာတစ်လုံးမှ မနွှေးလိုက်ရတယ့် ရီပေါ်
ဲမှ စာမေးပွဲ ခန်းမှာ မငိုက်ရင်ဘယ်သူငိုက်မှာတုန်း။

T-W-I-N-K-L-EWhere stories live. Discover now