Unicode......
"Sean!! မင်းအရှုပ်တွေထဲက တစ်ယောက်ပဲလား "
ဘေးနားကရယ်မောပြီးပြောနေတယ့်ထိုလူက ရီပေါ်ဘက်ကို လှောင်ရိပ်စွန်းနေတယ့်အကြည့်နဲ့ မေးဆတ်ကာ ပြောတယ်။
လူကြားထဲထိုးကျသွားတယ့်အချိန်ကြောင့် နာကျင်မှုက မသေးလှ ၊ ကိုယ့်ကိုထိန်းကာ ရီပေါ် ပြန်ထူထ တယ်။
ထိုလူရဲ ့ ရှေ ့ နားသို့ သွားကာမျက်ဝန်းတွေကို
သေချာစိုက်ကြည့်လိုက်လိုက်မိတယ် ၊ ဒီမျက်ဝန်းတွေကသူနဲ့ အရမ်းစိမ်းသက်နေတယ်၊ သေချာတယ်
ဒါ ကိုကို မဟုတ်ဘူး ။ကိုကို ရဲ ့ မျက်ဝန်းက ဒီမျက်ဝန်းလို ဖျော့တော့မနေဘူး ၊ အမြဲတည်ငြိမ်နေတယ့်မျက်ဝန်း၊ စူးရှ လှတယ့် မျက်ဝန်းတွေက မှ ကိုကိုအစစ် ။
ဒါဆို ဒီလူက ၊ ရီပေါ် အလျင်အမြန်နောက်ကိုဆုတ်လိုက်မိတယ်၊ ခြေခေါက်ကာ နောက်ကို ပြုတ်ကျထားတာ ကြောင့် ခြေထောက်က အ တော်
လည်းနာစ ပြုလာတယ်။နာကျင်လာတာကြောင့်မငိုမိစေရန် မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ်လုပ်မိလိုက်သည်၊ ကိုကို က ငိုတာ မကြိုက်ဘူး ကိုကို မဟုတ်တယ့် တခြားတစ်ယောက်ရှေ့မှာ သူ မငိုချင်ဘူး။
"အချစ် !!!! "
ကိုကို သူကို ရှာတွေ့ သွားပီထင်ပါရဲ ့ ၊ ကိုကို ဆီသွားဖို့ ခြေထောက်က ထင်သလို မသယ်နိုင်၊
အဆစ်လွဲသွားပီထင်ပါရဲ ့၊ ကိုကို ကတော့ သူဘေးလာကာ ဆွဲထူပေးတယ်။" အချစ် ဘာဖြစ်တာလဲ! ! " ရီပေါ် ကို ထူပေးရင်းမေးလာတယ့်ကိုကို မျက်နှာကဒေါသကြောင့် နီမြန်းနေတယ်။
" အိုးဟိုး ရှောင်းသခင်လေးပါလား ၊ မတွေ့တာ ကြာပီနော် "
အချစ်ကို ဆွဲထူပေးတုန်း အသံ လာရာကြောင့်ရှောင်းကျန့်ကြည့်မိလိုက်တယ်။
ရှောင်းသခင်လေးဆိုပီးသူကို သိတယ့်သူက ခပ်ရှားရှားမလား ၊ သိရင်တောင် ထို့သို မ ခေါ်ရဲ ၊ ဒုတိယသခင်လေးလို သာ ေခါ်
ကြသည်။ရှောင်းကျန့် ရှေ့ကလူကို မြင်တော့ အနည်းငယ်တော့ အံ့ သြော်မိသွားတယ် ။ဘယ်လိုတောင် ရေစက်ဆိုးလည်း။
YOU ARE READING
T-W-I-N-K-L-E
RomanceUnicode~~ တစ်စုံတစ်ယောက်က ကျွန်တော်ကြောင့်မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေး အဖြစ်ပြောင်းလဲသွားမှာကျွန်တော်မလိုလားဘူး~~ ကောင်းကင်မှာတောက်ပနေတယ့်ကြယ်ကလေး အဖြစ်သာ~~~ Zaw Gyi~~ တစ်စုံတစ်ယောက်က ကျွန်တော်ကြောင့်မှိတ်တုတ်မှိတ်တုတ်ကြယ်ကလေး အဖြစ်ပြောင်းလဲသွားမှာကျွ...