Episode 10

797 84 15
                                    

Unicode......

စီနီယာရေချိူးပီးအဝတ်အစားလဲချင်း
လုပ်ငန်းပီးဆုံးသည့်တစ်ပြိုင်နက် စားသောက်ဆိုင်ဘက်သို့အတူထွက်လာခဲ့
သည်။

"အချစ် ဘာစားမလည်း အနောက်တိုင်း
အစားအစာ ပဲ စားမလား ဒါမှ မဟုတ် ပုံမုန်အတိုင်းပဲ လား "

"  ကိုကိုကော ဘာစားမှာလဲ "

ဘာစားမလဲမေးတာကိုအတော်လေးစဥ်စားဟန်ပြုနေတယ့်ကိုကိုက အဖြေရှာတွေ့သွားသည့်ကျောင်းသားငယ်ပုံစံပြုံးရွှင်စွာပြောလာတယ်။

" ကိုယ်တော့ ဟော့ပေါ့ စားချင်တယ်၊ မစားတာကြာလှပီ "

" ကိုကိုက ဟော့ပေါ့ကြိုက်တာလား"

"အရင်က ဟော့ပေါ့ကိုအရမ်းကြိုက်တာ
အင်း..အခုတော့ အချစ်ကို ပိုကြိုက်တာ"

ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ရှက်သွေးဖြာနေတယ့်
ကောင်လေးက ရှောင်းကျန့်မျက်လုံးထဲမှာ အတော်လေးကြည့်ကောင်းတယ်။

" အချစ် ဒါဆိုဒီမှာ ခနစောင့် ကိုယ် ကားသွားထုတ်လိုက်ဦးမယ်"

ကားထုတ်ရန်ပြင်နေတယ့် ခြေလှမ်းတွေက
လက်ဖဝါးကြီးကြီးလေးထဲကို ဖြူဥ ဥ လက် ချောင်းတွေက လာသွယ်တန်းအခါရပ်တန်းပြစ်ရပါတယ်။

" ကိုကို ဟိုဘက်နားမှာ  ပွဲတော်ကျင်းပနေ
တယ့် နဲ့တူတယ်ကျွန်တော်တို့ လမ်းလျှောက်သွားရအောင်"

" အချစ်ကလမ်းလျှောက်ချင်တာလား လက်ချောင်းသွယ်ပီးတော့လေ "

" အင်း ချီသွား "

ပြုံးပြုံးရွှင်ရွှင်နဲ့ ခပ်နောက်နောက် ပြောလာတယ့်ကောင်လေးကို မြန်မြန်ဆန်ဆန် ချီလိုက်တယ်၊ ဒါမှ နောက်မဆိုးရဲမှာ။

" အာ..ကိုကို ကျွန်တော်က နောက်တာလေ အောက်ကို ပြန်ချပေး."

" ဟော် ပြောပြန်ပီ တကယ်ချပေးမှပဲ ဖြစ်တော့မယ် ဒီကလေးကို "

" ကိုကိုနော်!! မဆိုးနဲ့ ဗိုက်ဆာနေပီလို့ "

ဆူပုပ်ပုပ်နဲ့ကောင်လေးက ဒေါသအနည်းငယ်ထွက်လာဟန်တူတယ်၊ အေးလေဗိုက်ဆာနေပီပဲ  ရှောင်းကျန့်က ရထားပေါ်မှာ စားလာတာလေ။

T-W-I-N-K-L-EWhere stories live. Discover now