Episode 3

1.1K 129 6
                                    

Unicode~~

အတန်းဆင်းဆင်းချင်းမြင်လိုက်ရသည့် ပတ်ဝန်းကျင်ကြောင့် အစိမ်းရောင်
မျက်နှာကျက်သို့ဝေဝိုက်ကြည့်လိုက် တော့
မီးပိတ်ထားကာ အလင်းအနည်းငယ်သာတိုး၍
မည်သူမှရှိမနေ။

ကျောင်းခန်းပြင်ကို ခပ်သွက်သွက်ထွက်လာတော့
လေနဲ့အတူဝေ့ဝဲလာတယ့် လတ်ဆက်တယ့်လေက
ကြိုဆိုတယ်၊ နေတောင်ဝင်တော့မည်ဖြစ်တာကြောင့်
စီးနေကျ လိုင်ကားထွက်သွားမည်ဆိုတာကြောင့်
အလျင်အမြန်ထွက်လာခဲ့သည်။

Bus car ပေါ် မှဆင်း၍ လှေကားပေါ် ကိုတတ်ကာလျှောက်လာပီး ကော်ဖီဆိုင်အတွင်းဘက်ကို
ကြည့်လိုက်တော့ အယ်ရီ က လက်ကာ
ပြန​ေ
တယ်။ အိုကေ ဆိုင်း လုပ်ပြပီး အိမ် ကိုသာ
တတ်လာခဲ့တယ်။

အိမ်ရောက်တော့ မမကမရှိပေ assignment ထပ်ရမည်ဟုစားပွဲ ပေါ်
တွင်စာရေးကာထားခဲ့တယ်၊အင်း
ဒီညလည်းအိမ်ပြန်လာမည်မဟုတ်ပေ။

စာတိုလေးကတော့မမနဲ့ကျွန်တော်ကြားကဆက်သွယ်နည်းတစ်ခု၊ကျွန်တော်သွားစရာရှိလျှင်လည်းစားပွဲ ပေါ်
တွင်စာတိုလေးထားခဲ့တယ်၊ ရေမိုးချိူးကာ ဆိုင်ဘက်ထွက်ခဲ့တော့ရာသီဥတုကမသာယာချင်တော့ပေ။

မိုးလေးကအနည်းငယ်ရွာနေတာမို့ ထီးမယူတော့​ေပ​။
မှတ်ရမည့်စာအုပ်တွေယူ၍ ဆိုင်ဘက်ကိုပြေးလာခဲ့တယ်။ပြေးနေတုန်း တစ်စူံတစ်ယောက်က သူစိမ်း
အနွေ့အသက်နဲ့လက်ကို လှမ်းဆွဲတာ ကြောင့်
ကြောင်ပီး ရုန်းလိုက်တော့ လက်ထဲ ကစာအုပ်တွေ
ကလွတ်ကျတယ်။

ရုပ်ရှင်မဟုတ်တာကြောင့်စာအုပ်တွေအမြန်ကောက်ပီး ဆိုင်ထဲ ဝင်ခဲ့တော့ မိုးရေထဲက ထိုလူက ထီးလေး အသာခေါက်ပီး ဝင်လာတယ် ၊ ဒီလူ ဒီလူကိုဘယ်မှာမြင်ဖူးတာပါလိမ့်။ စဥ်းစားရ၍မရတာ
ကြောင့်ထိုလူကို ကြည့်လိုက်တော့ ပြတင်းပေါက်ဘက်ကို ခပ်ဆွေးဆွေးကြည့်နေတယ်။

အဝတ်လဲခန်းဝင်ကာ ဝန်ထမ်းဝတ်စုံဝတ်ပီး Cashier တန်းဘက်ထွက်လာခဲ့တယ်။ မီးဖိုးချောင်ဘက်က
ထွက်လာတယ့်အယ်ရီကို စားပွဲဘက်ကို သွားဖို့
မျက်စပစ် အကူအညီတောင်းတော့ "ဘာလဲ"ဆိုသည့်ပုံစံနဲ့ မေးဆက်ကာမေးတယ် ။

T-W-I-N-K-L-EWhere stories live. Discover now