Episode 5

1K 108 21
                                    

Unicode....

"လွမ်းနေတာလား ကြည့်ပါဦးမျက်တွင်းတွေတောင် ညိုနေပီ ကျစ် "

"စီနီယာက လည်း ကျွန်တော်က...."

" အချစ်လိုခေါ် ကိုယ့်တစ်နေ့ကစပီးမင်းကို လိုက်တော့မှာ ငယ် "

ွ"စီနီယာက ကျွန်တော်ကို "

ပြူးပြန်ပီ ဒီမျက်လုံး၊ ရော် တယ် ခက်ပါတယ်ဒီကောင်လေးနဲ့ကတော့ ၊

အချစ်မျက်လုံးလေးပြူးလာတယ့်ပုံက ပိုမိ​ု ချစ်ဖို့ကောင်းတာကြောင့် ချစ်သူဖြစ်မှ ပါးလေးဆွဲပီး ပြောပြရအုန်းမယ်။

တဖြည်းဖြည်းနဲ့နောက်ဆုတ်သွားတယ့် ကောင်လေးကြောင့် ဘေစင်ဘောင်ကို လက်ထောက်ပီး အနားတိုးလိုက်တယ်။

အနားကိုပိုတိုးလာတယ့်စီနီယာကြောင့် ခြေမကိုင်မိလက်မကိုင်ဖြစ်လာတယ်၊ ဒါဘာ အခြေအနေကြီးလည်း သူဖွင့်ပြောခံရတာလား၊ ယောကျာ်းလေးတစ်ယောက်စီကလေ။

ယောကျာ်းလေးတစ်ယောက်ဖွင့်​ပြောရင်တောင်
ရီပေါ်ဒီလောက်ထိဖြစ်နေမည်မဟုတ်။

အများနဲ့မတူပဲ ဖြူဥဥအသားအရေနဲ့ ပါးဖောင်းဖောင်းလေးတွေကြောင့် ငယ်စဥ်ကတည်းက မိန်းကလေးမ​ျားသာမက ယောကျာ်လေးတွေကလည်းပဲ ဖွင့်ပြောလာခဲ့တယ်။

ဒါပေမဲ့အခုအခြေအနေက မတူတော့ဘူးလေ
အခုဟာကစီနီယာက....။

"ကိုယ့်ကို ကြည့်ပီးဘာတွေစဥ်းစားနေတာလည်း
အချစ် "

"ဟမ်၊ "

" ကိုယ်ချောမှန်းသိပါတယ် ဒီလောက်ထိကြည့်ဖို့
လိုလိုလား " (လိပ်ကြီး)

"ဟို ၊ ဟို အပြင်ဘက်ကို ကြည့်နေတာ
မိုးရွာတော့မှာထင်တယ် "

" မိုးလား ၊ ရွာလည်း ကိစမရှိဘူး ၊ အချစ်မှာထီးပါတယ်မလား "

အချစ်လို့ ​ေခါ်လိုက်တော့ မျက်နှာကို ဟိုဖွက်လိုက်၊ဒီဖွက်လိုက်နဲ့လုပ်နေတယ့်ကောင်လေး။

ဒီလိုလေးကောရှက်တတ်သေးတာလား။

ခရမ်းချဥ်သီးလို့ဖြစ်တော့မယ်မျက်နှာကြောင့်
အချစ်လို့ ​ေခါ်ခိုင်းမယ့် plan လေးကို နောက်ဆုတ်လိုက်ရတယ်၊ အကောင်ပေါက်လေးအရမ်းရှက်နေတယ်အဟုတ်လား။

T-W-I-N-K-L-EWhere stories live. Discover now