''ကိုကိုရိပေါ် ကျိမ့်ယွမ်ကို ဓာတ်ပုံရိုက်ပေးပါလား''
ပြောရင်း camera လေး ကမ်းလာသည်။ရိပေါ် ကိုကို့ကို လှည့်ကြည့်လိုက်တော့ ကိုကို မျက်နှာမကောင်း။ ကိုကို့ကို စချင်လို့သာ ဒီကျိမ့်ယွမ်ဆိုတဲ့ ဟာမလေးကို သူတို့နဲ့ တူတူလည်ဖို့ ခေါ်လာမိတာရိပေါ်မှားသွားပြီ
(ကိုကိုရယ် ရိပေါ် ကိုကို့ကို နာကျင်စေလိုစိတ်မရှိပါဘူး
ကိုကိုရဲ့ သဝန်တိုမှုတွေကို လိုချင်ရုံလေးပါ
ကျနော့ရဲ့ ကိုကိုပေည် လိုချင်မှုတွေ များသွားတယ်ထင်တယ်။ ကိုကိုရယ် ကျနော်တောင်းပန်ပါတယ်
ကိုကိုရဲ့ မျက်နှာလေး မညိုးအောင် ကျနော်ထားပါ့မယ်နော်)''ကိုယ့်ဘာသာပဲ ရိုက်လိုက်ပါ ကျိမ့်ယွမ်
ကို camera သိပ်မကျွမ်းလို့''''ကိုကိုရိပေါ်ကလဲ ဘာများစဉ်းစားနေတာလဲလို့
ကိုကိုရိပေါ် ရိုက်ပေးရင် လှမှာပါ
ရိုက်ပေးပါ နော်....... နော်..လို့''သူ့ကလေးလေး အကျပ်အတည်းထဲ ရောက်နေတော့
ရှောင်းကျန့်လဲ မနေသာ။ စိတ်မရှည်တော့သည့်အဆုံး''ကဲ ပေး ကျိမ့်ယွမ်။ ရိပေါ်ကို မနှောင့်ယှက်နဲ့
ငါရိုက်ပေးမယ်''''ဘာကို ရိုက်ပေးမှာလဲ အစ်ကိုရှောင်းကျန့်က....''
တချိန်လုံး ငြိမ်နေသော ရှောင်းကျန့်ထံမှ စကားသံကြားရ၍ ကျိမ့်ယွမ် အလန့်တကြားမေးလိုက်မိသည်။ တော်ကြာ ဓာတ်ပုံရိုက်ခိုင်းတာကို မကြားဘဲသူ့ကောင်လေးကို သွားကြူမိလို့ လက်နဲ့ရိုက်လိုက်ရင် ကျိမ့်ယွမ် ကြယ်တွေ လတွေကိုနေ့ခင်းကြောင်တောင် မြင်သွားနိုင်သည်။ ဒီဘဲကြီးက လေယာဉ်ပေါ်မှာထဲက သူ့ကို မကြည်တာ ကျိမ့်ယွမ်သိသည်။ ခုမှ ထူးထူးဆန်းဆန်းမို့ မေးလိုက်တော့လဲ ဘဲကြီးက သူတို့ကို သတိထားနေတာ သိသာသဖြင့် ကျိမ့်ယွမ် ကြိတ်ပြုံးမိသွားသည်။
''ဓာတ်ပုံရိုက်ပေးဆို။ ငါ့ကလေးက အဲ့ဒါတွေ သိပ်မကျွမ်းဘူး။ ပေး ငါရိုက်ပေးမယ်''
ပြောပြောဆိုဆို ရိပေါ်ဆီ ကမ်းထားသော camera လေးကို ရှောင်းကျန့်ဆွဲယူလိုက်သည်။ ကျိမ့်ယွမ်ဆိုတဲ့ကောင်မလေးကတော့ ရေတံခွန်ကို နောက်ခံထားပြီး ဇွတ်တင်း ပဲများနေသည်။လှပစွာ စီးဆင်းနေသော ရေတံခွန်က ကျိမ့်ယွမ်၏ အလှကို ဖြည့်စွက်ပေးနေသယောင်။ရှောင်းကျန့်ကလဲ ကျိမ့်ယွမ်၏ အလှကို ပေါ်လွင်စေရန် အလှဆုံးနေရာကို ရွေး၍ ဂရုတစိုက် ရိုက်ပေးနေသည်။
