ရိပေါ် အိပ်မောကျသွားတော့မှ စစ်ကျွေးလည်း ဆေးဝါးအပြည့်အစုံနှင့် ရှောင်းကျန့်နှလုံး ပြန်လည်ခုန်လာစေရန်
အသည်းအသန်ကြိုးစားနေတော့သည်။ နှလုံးအထူးကုဌာနက အလုပ်သင်ဆရာဝန်ဖြစ်သော သူ့အတွက်ကား မခက်ခဲသော်လည်း လူနာမှာ ဝမ်ရိပေါ်၏ အချစ်ဆုံးဖြစ်သောကြောင့် အမှားအယွင်းဖြစ်လို့မရ။ လုပ်စရာရှိသော ကုထုံးများလုပ်ပေးအပြီး အိပ်ရာပေါ်တွင် လဲလျောင်းနေသော ရှောင်းကျန့်အား စစ်ကျွေး စူးစိုက်စွာကြည့်နေမိသည်။
ခုချိန်တွင်တော့ ရှောင်းကျန့်နိုးမည့် အချိန်ထိ ထိုင်စောင့်နေရုံမှတပါး ဘာမှ လုပ်စရာမရှိတော့။ချောမွေ့သောမျက်နှာပြင်လေးက အခန်းမီးရောင်အောက်မှာဝင်းလဲ့နေသည်။ နှုတ်ခမ်းလေးအောက်က မှည့်နက်ကလေးကပန်းပုဆရာ ထုဆစ်ထားသယောင် ထင်ရသော မျက်နှာပြင်လေးကို ပိုမို ဆွဲဆောင်မှုရှိစေသည်။
''ချောရက်လိုက်တာ အစ်ကို ရှောင်းကျန့်ရာ''
စစ်ကျွေး ပါးစပ်မှ ယောင်ယမ်းပြီး ပြောထွက်သွားသည်။
ပြောချင်ရာပြောပြီးမှ အခန်းထဲတွင်ရှိသော မျက်နှာချင်းဆိုင် ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေသည့်
ဝမ်ရိပေါ်ကို သတိရသွားသည်။ဝမ်ရိပေါ်ကို ကြည့်ရင်း''အမလေးလေး ငါ့နှယ် ပြောချင်ရာတွေ ပြောနေတာ
တော်သေးတယ် အစ်ကိုလေး ရိပေါ် အိပ်နေလို့
တော်ကြာ သူကြားသွားမှဖြင့် သူ့ကိုကိုကို ပြစ်မှားတယ်ဆိုပြီးမသေရုံတမယ် အထိုးခံရမှာ''စစ်ကျွေး ပြောပြောဆိုဆို ဖူးယောင်လာမည့် သူ့မျက်နှာသူ မြင်ယောင်ပြီးကြက်သီးမွေးညင်း ထသွားသည်။ ကြက်သီးမွေးညင်း ထရုံအပြင် နောက်ကျောဘက်ဆီမှ စိမ့်ကနဲဖြစ်သွားသည့်အတွက် လှည့်ကြည့်လိုက်တော့ ရှောင်းကျန့်နိုးနေလေသည်။
''အစ်ကိုရှောင်းကျန့် နိုးလာပြီလား''
''ငါ...ငါ ဘယ်လိုလုပ် ဒီရောက်နေတာလဲ ငါ..ငါ ဘာဖြစ်သွားတာလဲ''
''အစ်ကိုရှောင်းကျန့်ကို အစ်ကိုလေးရိပေါ် ထမင်းစားဖိတ်ထားလို့လေ'............................''
အလုံးစုံရှင်းပြနေသော စစ်ကျွေး၏ စကားသံများက ရှောင်းကျန့်နားထဲ ဝင်တချက် မဝင်တချက်၊ မျက်လုံးများက အချိန်နှင့် နေ့ရက်ကို သိချင်၍ ဖုန်းကို လိုက်ရှာသော်လည်း ကုတင်ဝန်းကျင်တွင်မတွေ့။ မျက်နှာချင်းဆိုင် ကုတင်ပေါ်တွင် အိပ်နေသော ဝမ်ရိပေါ်ကို တွေ့တော့ ရှောင်းကျန့်မျက်နှာတင်းမာသွားသည်။
