ဇာတ်သိမ်းပိုင်း

8 2 0
                                    

ရိပေါ်အိမ်ရောက်သည့်တိုင် မကိုင်သော ဖုန်းလေးကို ခေါ်ဆဲ။ စာတွေလဲ အများကြီးပို့ထားသော်လည်း ပြန်စာမလာ။
မဟူရာအိမ်တော်ကြီးလည်း တိတ်ဆိတ်နေသည်။ အစေခံများသူ့အဆောင်သူ ပြန်သွားသော်လည်း အိမ်တော်ကြီးမှ
ဆူညံသံများကြောင့် အပြေးပြန်လာကြရသည်။ ဝမ်ရိပေါ် စိတ်တိုနေ၍ ဘယ်သူမှ အသံအထွက်ရဲ။ ကွဲသွားသော
ပန်းအိုးများ ကျိုးနေသော ခုံများကိုသာ အလိုက်တသိ
ရှင်းပေးနေကြသည်။ အပေါ်ထပ်တွင် နေလို့မကောင်း၍ ဆေးရှိန်နှင့်မှိန်းနေသော စစ်ကျွေးလဲ ရိပေါ်ဒေါသကြောင့် နိုးလာသည်။ စစ်ကျွေးကို မြင်တော့ ရိပေါ် ကလေးတယောက်လို ရှိုက်ကြီးတငင် ငိုလေတော့သည်။ စစ်ကျွေးလဲ အစေခံများကို ထွက်သွားရန်ပြောပြီး ရိပေါ်ရှေ့ ဝင်ထိုက်လိုက်သည်။ သူ့အကိုလေးအကြောင်း သူသာ
အသိဆုံးလေ။ အပြင်မှာ မာကျောပေမယ့် စိတ်အတွင်းပိုင်းက .ဖယောင်းသားထက် နူးညံ့သည်။ စိတ်ထိခိုက်လွယ်သည်။အကိုရှောင်းနဲ့ တွေ့မှ အမြဲပြုံးရွင်နေသော အကိုလေး။ ခုလဲ အိမ်ပြန်အလာ အကိုရှောင်းမပါပုံထောက်ရင် ပြသနာတခုခုဖြစ်ခဲ့ပြီထင်။ အကိုလေးရဲ့ အချစ်ကြီးမှုတွေ မခံနိုင်လို့လားအကိုရှောင်းရယ်။

''စစ်ကျွေး..... ကိုကိုလေ... ကိုကို ငါ့ကိုမုန်းသွားပြီ
သူငါ့ကို ဟိုတယောက်နဲ့ အထင်လွဲနေတာ
ငါရှင်းပြတာလဲ နားမထောင်ဘူး
ငါ ဖုန်းခေါ်တာလဲ မကိုင်ဘူး
ကိုကို....ကိုကို ငါ့ကို မုန်းသွားပြီလားမသိဘူး
စစ်ကျွေး ငါ့ကို ကူညီပါကွာ ကိုကို့ကို မင်း နားလည်အောင်
ရှင်းပြပေးပါနော်.............''

ရိပေါ် ပြသနာ အစအဆုံးပြောပြလိုက်တော့ စစ်ကျွေး
သဘောပေါက်သွားသည်။ သူခု ပထမဆုံး လုပ်ရမှာ ကျိမ့်ယွမ်ကိုရှာရမည်။ ကျိမ့်ယွမ်မရှာခင် ခုလောလောဆယ်တော့ အကိုလေး shock ပြန်မဖြစ်အောင် ဆေးတိုက်ရမည်။ ရိပေါ်ကသောက်ဆေးလုံးဝ မသောက်ဟု ငြင်းနေသဖြင့် စိတ်ငြိမ်ဆေး ထိုးပေးထားလိုက်သည်။
......................

''သူအရမ်း ရက်စက်တယ်ကွာ....
ငါ့ကို မချစ်တော့လို့လား
ငါရှိနေရဲ့သားနဲ့ နောက်တယောက်တဲ့ကွာ
ငါနဲ့ လက်ထပ်ပြီးသားကိုကွာ....''

Psychoحيث تعيش القصص. اكتشف الآن