ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်တို့ ဒီနေ့တော့ နှစ်ယောက်ထဲ လည်ရန်စောစော ပြင်ဆင်နေကြသည်။ လက်က ဒဏ်ရာလဲ
အရှင်းပျောက်အောင် စောင့်ရသဖြင့် ဟိုတယ်အတွင်းမှာပင်indoor ၅ ရက်လောက် အောင်းလိုက်ရသည်။
သက်သာပါပြီဆိုသော်လည်း ကိုကိုက လည်ရန် ခွင့်မပြု။
ခုတော့ လက်က ဒဏ်ရာလဲ အမာရွတ်သေးသေးလေးသာ
ကျန်တော့သည်။ ရိပေါ် မရမက ပူဆာမှသာ ကိုကိုက
ဒီနေ့လည်ရန် လိုက်ပို့ပေးမယ် ဆိုသည်။ နေ့တိုင်း ကိုကိုတိုက်သောဆေးကို သောက်ရ၍ ဆေးသောက်ရတာတောင် ပျော်သလိုလို။တယုတယ လက်ကိုကိုင်ပြီး ဆေးလိမ်းပေးနေသော ကိုကို့အပြုအစုကြောင့် ဒဏ်ရာတောင် မပျောက်ချင်တော့။အခန်းအောင်းနေရသော ၅ ရက်က တိုသည်ထင်။ ကိုကိုအနားမှာရှိနေလျှင်ပင် ရိပေါ် ပျော်သည်။
အပြင်မလည်ရ၍ ကိစ္စမရှိသော်လည်းကိုကိုပျင်းနေမှာစိုးလို့သာ အပြင်သွားရန် ပူဆာခြင်း ဖြစ်သည်။(ကိုကို ကျနော့ကြောင့် ကိုကို့ရဲ့ အပျော်လေးတွေ မပျက်စီးစေချင်။ပျော်ရွင်စရာ ခရီးလေးကို ကျနော့အတွက်နဲ့ အဆုံးရှုံးမခံနိုင်ဘူး။ ခုလဲ ဒီမှာ နေရတာ အချိန်တောင် သိပ်မကျန်ချင်။ ကိုကိုက ပြင်ဦးလွင် တနေရာပဲ သိတာ
ကိုကို့နဲ့ ဒီမှာ တနေကုန် လျှောက်လည်ပြီးနောက်နေ့ ပုဂံသွားရန်လဲ စီစဉ်ထားတာ ကိုကိုမသိ။ ကိုကိုရယ် ကိုကိုနဲ့ နေရတဲ့ အချိန်လေးတွေကတော့ကျနော့ဘဝမှာ အဖိုးမဖြတ်နိုင်ပါဘူး ကိုကိုရယ်)(ကလေးရယ် ကလေးမသက်သာသေးလို့ ကိုကို ဘယ်မှ
လိုက်မပို့တာပါကွာ ခုလဲ ကလေးပူဆာလွန်းလို့သာ ကိုကို
လိုက်ပို့ရတာ ကလေးက လက်ပဲ ဒဏ်ရာရတာ
ကိုကိုကတော့ ကလေးလက်က ဒဏ်ရာမြင်တိုင်း
ကိုကို့ကိုယ် ကိုကို သတ်ပစ်ချင်လောက်အောင်မုန်းမိတာ
ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ချစ်သူ မျက်နှာလေးကိုတောင်စိတ်ချလက်ချ မကြည့်နိုင်တဲ့ ဘဝကိုလဲ မုန်းတယ်ကွာ။ ဟို ကျိမ့်ယွမ်ဆိုတဲ့ တယောက်ရန်ကနေ လွတ်အောင်လဲ ကိုကို ကြံစည်ရဦးမယ် ကလေးရေ ကိုကို ကလေးကို ဘယ်သူ့လက်ထဲကိုမှ မပေးနိုင်ဘူး)အပြင်သွားဖို့ အဝတ်အစားလဲနေတုန်း တယောက်နဲ့တယောက် မကြည့်ဖြစ်ဘဲ ကိုယ်စီအတွေးတွေနဲ့သာ ငြိမ်နေကြသည်။ဒီနေ့တော့ ရောက်ကတဲ့က သွားရန်စီစဉ်ထားသည့် နေရာတွေကို သွားရမည်။ ဟိုရောက်မှ ကိုကို့ကို suprise တိုက်ရမည်။
![](https://img.wattpad.com/cover/227864709-288-k41148.jpg)