''ရိပေါ် ကလေးလေး
ထတော့လေ ခရီးသွားရမယ်လေ''''ကိုကိုကလဲကွာ ၅မိနစ် ၅မိနစ်ပဲနော်
ကျနော် ထပ်အိပ်ဦးမယ်နော်''''ထပါကွာ လိမ္မာပါတယ် ကလေးကလဲ
တော်ကြာ လေယာဉ် နောက်ကျနေလိမ့်မယ်''''အိပ်ခိုင်းလိုက်ရင် ပြီးနေတာပဲကို
စကားလာပြောနေတယ်
ခုတော့ ကုန်ပါပြီ ၅မိနစ်လေး''.ပွစိပွစိပြောကာနဲ့ အိပ်ရာထလာသော ကလေးလေး
သူလဲ အိပ်ချင်ရှာမှာပေါ့ တညလုံးပင်ပန်းထားတာကို
(ပစ္စည်းတွေ သိမ်းနေရလို့)
ရေချိုး အဝတ်အစားလဲပြီး အောက်ထပ်ဆင်း
မနက်စာစားပြီးချိန်တွင်တော့ ဦးလေးကျန်းက'' ကားအဆင်သင့်ဖြစ်ပြီ သခင်လေးတို့''
''အာ့ဆိုလဲ သွားကြရအောင်လေ
ပစ္စည်းတွေ အစုံပါပြီလား''''ဟုတ် သခင်လေး''
မဟူရာခြံအိမ်ကြီးထဲမှ ကားမဲလေးသည် လေဆိပ်ဆီသို့
ဦးတည်နေသည်။ ကားပေါ်တွင်တော့ ချောမောခန့်ညားသော ကောင်လေးနှစ်ယောက် ပျော်ရွင်ဖွယ် ဟန်းနီးမွန်းလေးကိုကြိုတင်စိတ်ကူးယဉ်ရင်း ပျော်နေကြသည်။ကျွီ....................ဒုန်း
''ဦးလေးကျန်း ဘာဖြစ်တာလဲ ''
''သခင်လေး ရှေ့ကကားကို ဝင်တိုက်မိပြီထင်တယ်
အဲ့ကားက ရုတ်တရက်ကြီး ထွက်လာတော့ ဦးလေးကျန်းလဲ.... ''''ရတယ် ဦးလေးကျန်း
ကျနော်ဆင်းကြည့်လိုက်မယ်
ကိုကိုလဲ ကားပေါ်မှာပဲ စောင့်နေခဲ့လိုက်''......................
ရှေ့ကကားကို ကြည့်လိုက်တော့ တော်တော်ထိသွားသည့်ပုံ။ ကားခေါင်းထဲမှ ယာဉ်မောင်းသူကို အကျိုးအကြောင်းပြောကြည့်တော့ သူတို့လဲ လေဆိပ်သွားမှာတဲ့။ သွားမဲ့လမ်းချင်းတူနေတာမို့ ရိပေါ်လဲ တဖက်မှလေဆိပ်သွားမည့်ကောင်မလေးကို သူတို့နဲ့ တူတူလိုက်ခဲ့ရန်ပြောကြည့်မိသည်။''ညီမ အဆင်ပြေမယ်ဆို အကိုတို့နဲ့ လိုက်ခဲ့ပါလား
အကိုတို့လဲ လေဆိပ်သွားမှာပဲ''''ဟု အဲ့လိုဆိုရင်တော့ အဆင်ပြေတာပေါ့''
.............................''ကိုကို သူလဲ လေဆိပ်သွားမှာတဲ့
ကျနော်တို့နဲ့ တူတူသွားဖို့ ခေါ်လာခဲ့တာ''
