ဒီကလေးလေး တယောက်နဲ့တော့ ခက်ပါတယ်ကွာ။
အိပ်ရေးကလဲ ပုတ်လိုက်တာ။ ချစ်စရာကောင်းတဲ့ ကလေးလေး စားဖို့ မနက်စာ သွားပြင်ပြီးတာတောင် နိုးမလာသေး။ စားဖိုမှူးအဒေါ်ကြီးပြောမှ သိရလို့ ကိုယ်တောင်းပန်ပါတယ် ကလေးရေ။ ကလေး အစပ်မစားနိုင်မှန်း ကိုယ်ခုမှသိလို့ ကိုယ် အစပ်လျှော့စားဖို့ ဆုံးဖြတ်လိုက်ပြီ။ အိပ်နေတာလေးက ဘာလို့ ဒီလောက်တောင် ချစ်ဖို့ ကောင်းနေတာလဲကွာ။ စိတ်ချနော် ကလေးလေး။ ကလေး စိတ်ချမ်းသာဖို့ရော ကိုယ်ကျန်းမားဖို့ရော ကိုကိုတာဝန်ထား။ နောက်ဆို ကလေးအနားမှာ ကိုကို အမြဲတမ်းရှိနေပေးမှာ။
အယ်.... ကလေးလေး မျက်နှာလေး ရှုံ့ပြီး ခန္ဓာကိုယ်လေး လှုပ်လာပြီ။ နိုးတော့မယ်နဲ့တူတယ်။::::::::::::::::::::::::::::::::::::::::::::::::
ချစ်ရသူနဲ့ အတူနိုးထရတဲ့ မနက်ခင်းလေးက အရမ်းလှပတယ်။ အပြင်ဝရံတာက စိုးစိုးစီစီအော်မြည်နေတဲ့ ငှက်ကလေးတွေက ချစ်သူနှစ်ဦးကို မနက်ခင်းတေးသံနဲ့ဖျော်ဖြေနေသလိုပင်။ ကိုယ့်အတွေးတဲ့ကိုယ် စိတ်ကူးယဉ်ရင်း ချစ်ရသူနဲ့အတူ ပျော်စရာနေ့ရက်ကို ဖန်တီးရန် အကြံကြီး အကြီးကြီးကြံနေသော ဝမ်ရိပေါ်။ ကြည်နူးမှုအပြည့်နဲ့ နိုးထလာသော မနက်ခင်းလေးမှာ အိပ်ရာမှမထဘဲ ကိုကို့ကို ရှာကြည့်တော့ တွေ့ပါပြီဗျာ ပြောတော့ ညတော်တော်နဲ့ အိပ်မှာမဟုတ်ဘူးတဲ့။ အေးလေ သူလဲ ဘယ်ကြာကြာမအိပ်ဘဲ နေနိုင်မှာလဲ။ ခုကျတော့ စာကြည့်စားပွဲက ကုလားထိုင်ကို အိပ်ရာဘက်လှည့်ထိုင်ကာ ငုတ်တုတ်အိပ်ပျော်နေတဲ့ကိုကို။ ကိုကိုက အ လိုက်တာ။ နှစ်ယောက်အိပ်ကုတင် သူ့အခန်းထဲ ကြိုထည့်ပေးထားတာကို။
ရိပေါ် အိပ်ရာမှ ထရင်း ကိုကိုနား ကပ်သွားသည်။ အိပ်ပျော်နေတာလေး နိုးမှာစိုးသောကြောင့် ခြေလှမ်းဖွဖွလေး လှမ်းပါတယ်ဆိုမှ ဒီရင်ခုန်သံတွေကြောင့် ကိုကိုနိုးတော့မှာပဲ။အဝေးကနေသာ ကြည့်ခဲ့ရသော မျက်နှာလေး ခုလို ကိုယ့်မျက်စိအောက် ရောက်လာမယ်လို့ အိပ်မက်တွေ အကြိမ်ကြိမ် မက်ခဲ့ဖူးသည်။ ခုတော့ ပြည့်ဝခဲ့ပြီလေ အဲ့အိပ်မက်တွေ
ကြည့်ရင်းကြည့်ရင်း အားမလို အားမရရှိသောကြောင့်
ရိပေါ် ရှောင်းကျန့်မျက်နှာနား ကပ်သွားသည်။မှန်ပါးတချပ်စွာ အကွာအဝေးတွင် ရိပေါ်မျက်နှာလေး ရပ်သွားသည်။
ရှောင်းကျန့် နှာခေါင်းမှ ထွက်လာသော လေတွေက ရိပေါ်ရဲ့ ခံနိုင်အားကို စမ်းသပ်နေသယောင်။ ရှောင်းကျန့်လေတွေကြောင့် ရိပေါ် တံတွေး မသိမသာ မြိုချမိသည်။
နီရဲတွတ်နေသော ရှောင်းကျန့် နှုတ်ခမ်းက ကိုက်စားချင်စရာလေး။ ဒီတခါတော့ ဘယ်သူမှမသိပေမယ့် ရိပေါ်တယောက်ထဲ သိသိသာသာ တွံတွေးမြိုချမိပြန်သည်။