အပိုင်း ၉

3.7K 411 26
                                    

[Unicode]

"ကဲ...ပြောပါဦးဘယ်လိုဖြစ်ကြတာလဲ"

"ကျွန်တော်တို့ကစားရင်းစိတ်ဆိုးကြတာပါ"

"နေဝန်းရံခ! နင့်ဘိုးအေကိုကာကွယ်ပေးမနေနဲ့။ဟိုဘက်ကကိုတေမိ တစ်ဖက်လူကိုကြည့်လိုက်ပါဦး နဖူးမှာကလည်းခုထိသွေးမတိတ်သေးဘူး။နှုတ်ခမ်းကလည်းပေါက်သွားပြီ။ အဲဒါဘယ်လိုလုပ်မလဲ မိဘခေါ်မှဖြစ်မယ်"

"မခေါ်ပါနဲ့ဆရာမ ကျွန်တော်အဆင်ပြေပါတယ်။နှုတ်ခမ်းပေါက်တာလောက်က ဘာမှမဖြစ်ပါဘူး"

"ဟိုကောင် ကြယ်ရောင်ထင်း မိဘမခေါ်လည်းအပြစ်တော့ပေးရမယ်။လက်ခံနိုင်လား မခံနိုင်ဘူးလား။"

"လက်ခံပါတယ်ဆရာမ"

"ဗီဒိုပေါ်ကကြိမ်လုံးသွားယူလာခဲ့"

"နေပါဦးဆရာမ သမီးမှာလည်းအပြစ်ရှိပါတယ်။ကြယ်ကြယ်နဲ့အတူသမီးကိုလည်းမျှရိုက်ပါ"

"နင်အရစ်မရှည်နဲ့။ဆုံးမသင့်တဲ့သူကို ငါဆုံးမမယ်။အစကတည်းကနင်တို့အမွှာတွေသိပ်ချစ်နေကြရင် သူငယ်ချင်းမထားနဲ့။လူရယ်လို့ဖြစ်လာရင်သူငယ်ချင်းအပေါင်းအသင်းနဲ့အဆင်ပြေပြေဆက်ဆံရမယ်။အခုလိုထိုးကြိတ်ကြတာကိုလွှတ်ထားပြီး နောက်မှလူဆိုးဖြစ်မခံနိုင်ဘူး။"

ကြိမ်လုံးနဲ့သုံးကြိမ်တိတိ မိတ်ဆက်ခံလိုက်ရတဲ့ခြေသလုံးဟာ ဘယ်ဘက်ရင်တစ်ခြမ်းလောက်နာကျင်မနေပါ။အတူတူထိုင်ခိုင်းလို့မဖြစ်ဘူး ဆိုပြီး နေဝန်းရံခကို နေရာပြောင်းထိုင်ခိုင်းသည်။

လွယ်အိတ်နဲ့စာအုပ်တွေလာယူနေတဲ့ကောင်ကို မျက်နှာလွှဲထားလိုက်သည်။သူ့မျက်နှာပေါ်ကဒဏ်ရာကိုမြင်ရင် စိတ်မကောင်းဖြစ်ရဦးမည်။

"ထင်း...."

"......."

"ထင်း...."

ခေါ်သံကိုတမင်သက်သက်လျစ်လျူရှုထားတော့ ထပ်မခေါ်တော့ပဲ ညာဘက်လက်ကိုခပ်ဖွဖွဆွဲယူသည်။ဘယ်တုန်းက၊ဘယ်ကဝယ်လာမှန်းမသိတဲ့ ဆေးကိုလိမ်းပေးနေသော်လည်း နွေးထွေးမှုတစ်စုံတစ်ရာမခံစားရ။ပူလောင်နေသောရင်ကို လောင်စာထပ်ထည့်လိုက်သလိုပင်။

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedNơi câu chuyện tồn tại. Hãy khám phá bây giờ