[Unicode]
"ကြယ်ကြယ် ဘောပင်ပါပြီလား"
အိမ်ထဲကနေ လွယ်အိတ်လွယ်ပြီး အပြေးထွက်လာသောမီမီက ကြယ်ရောင့်ကို လှမ်းအော်မေးသည်။ကြယ်ရောင်သည်လည်း အပြေးတပိုင်း စက်ဘီးလှမ်းဆွဲသည်။
"ကြယ်ရောင်… ကားနဲ့ပဲလိုက်ခဲ့။မီမီရော ။လာ လာ မြန်မြန်တက် "
ကိုစိုင်းခေါ်သံကြောင့် စက်ဘီး ဒေါက်ပြန်ထောက်ပြီး မီမီနဲ့အတူ နေဝန်းတို့ကားပေါ်ပြေးတက်သည်။
"သားငယ်လေး ဒါလေးပါးစပ်က စားသွားဦး"
မေကြီးက ပေါင်မုန့်တွေကို ပါးစပ်ထဲအတင်း ထိုးထည့်ပေးလိုက်သေးသည်။ကားစထွက်တဲ့အချိန် ဘေးနားက နေဝန်းက ကြယ်ရောင့်လွယ်အိတ်ကို ယူပြီး စစ်ပေးသည်။
"ထင်း…ခဲဖျက်ပါမလာဘူး"
"ဟာ ပြဿနာပဲ"
ခေါင်းကုတ်နေတုန်း မီမီက သူ့လွယ်အိတ်ထဲနှိုက်သည်။
"ငါ့ခဲဖျက် တစ်ဝက်ယူလိုက် ဖဲ့လိုက်မယ်"
ခဲဖျက်တုံးအကြီးကြီးကို အလယ်ကပိုင်းဖို့လုပ်နေတဲ့ မီမီ့ကို နေဝန်းက တားသည်။
"မီမီ ထားလိုက် ။ ငါအပိုယူလာတယ်"
ပြောရင်းဆိုရင်း နေဝန်းက ခဲဖျက်အသစ် နှစ်တုံး ထုတ်ပေးသည်။
"မင်းမှာ ဘာလို့ အဲ့လောက် ခဲဖျက်တွေများနေတာလဲ "
"မင်းတို့နှစ်ယောက်အတွက်ရော အပိုယူလာတာ ။ မင်းတစ်ခုခုကျန်ခဲ့မယ်ဆိုတာ သေချာလို့ ။ ခဲတံလည်းပါတယ်။ ဘယ်သူလိုသေးလဲ "
"မလိုတော့ဘူး ရပြီ "
"ထင်း…ညကတစ်ပုဒ်ရပြီလား ။ "
"အေး"
ဒီဇင်ဘာ ကျောင်းပိတ်ရက်မတိုင်မီ ဒုတိယနှစ်ဝက် ဖြေရသောကြောင့် ကြယ်ရောင်တို့ စာကိုဖိကျက်ရသည် ။ ဒီနေ့က နောက်ဆုံးဘာသာ ဖြေမယ့်နေ့ ။
စာဖြေခန်းရှေ့ရောက်တဲ့အထိ ကြယ်ရောင်စိတ်လှုပ်ရှားနေသည်။ ဖေကြီးက အဆင့်၁၀အတွင်းဝင်လျှင် ပြိုင်ဘီးဝယ်ပေးမယ်ဟု ကတိပေးထားသည်။
နေဝန်းက ခဲတံ၊ပေတံ၊ခဲဖျက် သေချာစစ်၍ သားရေကွင်းဖြင့်စီးကာ လက်ထဲထည့်ပေးသည်။
ESTÁS LEYENDO
သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- Completed
Romance"ဆင်းရဲသည်ဖြစ်စေ....။ချမ်းသာသည်ဖြစ်စေ...။အမြင့်မှာပဲရှိရှိ...။အနိမ့်ကိုပဲကျကျ...။ အဲ့ဒီလူဟာ မင်းဖြစ်နေရင် လက်မလွှတ်ဘဲ အတူရင်ဆိုင်မှာပါ"