[Unicode]
ဆေးရုံကဆင်းလာပြီးနောက် အိမ်ထဲဝင်ဖို့ တွန့်ဆုတ်နေမိသည်။ ဒီနေရာတွေမှာ သူ့အငွေ့အသက်တွေ ကျန်ရှိနေဆဲပင်။တစ်လနီးပါး ကျောင်းပျက်ရသော်လည်း ကြယ်ရောင့် accident ကို တစ်ကျောင်းလုံး လူသိရှင်ကြားဖြစ်သွားသည်မို့ ဆေးမှတ်တမ်းကြောင့်ရော နားလည်မှုဖြင့် လက်ခံခဲ့သည်။
ကြယ်ရောင့်ဆီမှာ နှလုံးသားဒဏ်ရာအပြင် ထူးထူးဆန်းဆန်းခံစားချက်တစ်ခု ထပ်ရလာသည်။ကြယ်ရောင့်မိဘတွေက ကြယ်ရောင် gay ဖြစ်ကြောင်း သိသွားရခြင်းပင်။ မိဘတွေဆက်ဆံပုံက လုံးဝမပြောင်းလဲသွားပေမယ့် ကြယ်ရောင့်ဘက်က ရှိုးတိုးရှန်းတန်းဖြစ်ရသည်။မီမီကတော့နှုတ်လုံတာမို့ လုံးဝပြောမှာမဟုတ်။ဘယ်လိုသိသလဲ ၊ဘယ်ကသိသလဲ မမေးချင်တော့ပါ။ ကြယ်ရောင် ကိုယ်တိုင်က တစ်သီးတစ်သန့် ခပ်ခွာခွာနေတတ်လာသည်။
ကြယ်ရောင်ကနဂိုညာသန်ကိုမှ ဘယ်လက်နဲ့ ရေတောင်ဖြောင့်ဖြောင့်မခပ်တတ်တဲ့သူမျိုး။ညာဘက်လက်က အစင်းလိုက်အမာရွတ်ရှည်ကြီးကို ကန့်လန့်ဖြတ်ထားတဲ့ အမာရွတ်သေးသေးလေး၉ခု ကိုကြည့်ရင်း အကြိမ်ကြိမ်သက်ပြင်းချရသည်။ဘာက်လက်နဲ့ စာအရေးကျင့်သော်လည်း တိုးတက်မလာ။၉တန်း၊၁၀တန်းက အရေးကြီးသည့်နှစ်မို့ နောက်ဆုံး စာမေးပွဲဖြေတဲ့အခါ စာရေးပေးတဲ့ကျောင်းသားတစ်ယောက်ခေါ်ပေးသည်။ရေးစရာ တွက်စရာဆို မီမီကဒိုင်ခံရေးပေးသည်။မီမီက ကြယ်ရောင့်အတွက် ဂိုက်ဆရာမလည်းဖြစ်ရသည်။
ဂစ်တာတီးတတ်ချင်တဲ့ ကြယ်ရောင်က အခန်းထောင့်ကဂစ်တာအနီကို ခဏခဏစိုက်ကြည့်ပြီး မျက်နှာလွှဲသွားတတ်တာမို့ မီမီက ၁၀တန်းမတက်ခင် ဂစ်တာကိုအပြေးသင်သည်။
"နင်ဘာလုပ်ချင်တယ်၊နင်ဘာဖြစ်ချင်တယ်ဆိုတာ ငါ့ကိုအကုန်ပြော ကြယ်ကြယ်။ နင်နဲ့ငါက နှစ်ကိုယ်တစ်စိတ်ဖြစ်နေရမယ်။ နင်လုပ်ချင်တာမှန်သမျှ ငါရအောင် လုပ်ပေးမှာ"
မီမီက တကယ်လည်း ကြယ်ရောင်လုပ်ချင်တာမှန်သမျှ သူမ လုပ်တတ်အောင်ကြိုးစားသည်။ ဂစ်တာတီးတတ်တာအစ၊ ဟင်းချက်တာပါမကျန် ကားမောင်းတာအဆုံး အကုန်တတ်အောင်သင်သည်။ကြယ်ရောင်လုပ်ချင်ပြီး မလုပ်နိုင်တဲ့အရာမှန်သမျှ မီမီက တတ်အောင် မရမကသင်သည်။
ESTÁS LEYENDO
သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- Completed
Romance"ဆင်းရဲသည်ဖြစ်စေ....။ချမ်းသာသည်ဖြစ်စေ...။အမြင့်မှာပဲရှိရှိ...။အနိမ့်ကိုပဲကျကျ...။ အဲ့ဒီလူဟာ မင်းဖြစ်နေရင် လက်မလွှတ်ဘဲ အတူရင်ဆိုင်မှာပါ"