အပိုင်း ၂၂

3K 346 23
                                    

[Unicode]

(ဒီအပိုဒ်က intro အပိုဒ်ပါ မေ့သွားပြီထင်လို့ ပြန်ထည့်ပေးတာပါ)

"ခရီးသည်များခင်ဗျာ။ရွှေမော်ဓောဘုရားရောက်ပါပြီခင်ဗျ။အရေးကြီးတဲ့ပစ္စည်းလေးတွေကိုယ်နဲ့မကွာယူသွားပေးနော်။ကျွန်တော်တို့နောက်နာရီဝက်နေရင်ပြန်ဆုံရအောင်ဗျာ။"

နှစ်လိုဖွယ်ချိုချိုသာသာလေးပြောတတ်တဲ့သူ့ကိုခရီးသည်များကအတော်သဘောကျကြသည်။ဘယ်စပယ်ယာကများသူ့လောက်စိတ်ရှည်မလဲလေ။

"နာရီဝက်တည်းလားသားရယ်။အမေတို့ကလမ်းလျှောက်တာလည်းနှေးကနှေးနဲ့။ဘုရားရှိခိုးတာလည်းရှိဦးမှာ။"
ခရီးသည်တစ်ယောက်ရဲ့အထွန့်တက်သံကိုအပြုံးလေးနဲ့တုံ့ပြန်ရင်း

"နာရီဝက်ဆိုတာဒီတိုင်းသိပ်မကြာရအောင်ပါအမေရဲ့။သားတော့အမေ့ကိုမထားခဲ့ရက်ပါဘူး"
ခရီးသည်များအလျှိုလျှိုကားပေါ်ကဆင်းသွားပြီးနောက်၊စတီယာရင်ပေါ်မေးထောက်ပြီးစိုက်ကြည့်နေတဲ့သူငယ်ချင်းမဘက်လှည့်ကြည့်မိတယ်။

"မီမီ..."

"ဒီနေ့တော့မရဘူး။ခဏမှေးချင်တယ်။နင်ပဲသွားလိုက်တော့"

"နေမကောင်းလို့လား။အဆင်မပြေလို့လား။ငါဘာလုပ်ပေးရမလဲ။ဆေးရော.."

ပြောလည်းပြော၊လက်ကနဖူးပေါ်စမ်းကြည့်တော့ကိုယ်ပူရှိန်လည်းမရှိပါ။

"ကြယ်ကြယ်ရာ..ဖျားနေလို့မဟုတ်ဘူး။အိပ်ရေးသိပ်မဝသလိုဖြစ်နေလို့။ပြီးတော့၂ခါ၃ခါရောက်ဖူးပြီးသားဆိုတော့အထွေအထူးလုပ်ပြီးဘုရားကိုမျက်နှာမလုပ်ချင်ဘူး‌လေ။နင်တစ်ယောက်တည်းသွားလိုက်‌လို့ရတယ်မလား။"

"အင်း"

"အခွင့်အရေးကိုလက်မလွတ်စေနဲ့။ဒီနှစ်ကုန်လို့မှသူ့ကိုမတွေ့ရင်။နင်ငါနဲ့ပဲလက်ထပ်ရမှာနော်။"

"ငါသွားတော့မယ်..."

"အင်း"

ထွက်လာပြီးမှစိတ်မချသလိုလှည့်ကြည့်မိတော့မီမီကအိပ်နေပြီ။ဒီသူငယ်ချင်းမကတော့ကြုံတဲ့နေရာအိပ်တာပဲ။

ရွှေမော်ဓောစေတီရဲ့ရင်ပြင်ပေါ်မှာလွင့်နေတဲ့ဆည်းလည်းသံလွင်လွင်လေးကပူလောင်နေတဲ့ရင်ကိုအေးမြစေပြန်သည်။၁၀နှစ်ရှိပြီ။လူတစ်ယောက်ကိုဘယ်လောက်ကြာအောင်ချစ်နိုင်သလဲလို့မေးရင်ကျွန်တောင်မဖြေတတ်။ဒါပေမယ့်လူတစ်ယောက်ကို၁ဝနှစ်လောက်အထိဘာလို့ရှာဖွေနေခဲ့လဲဆိုရင်တော့ကျွန်တော့မှာအဖြေရှိပါသည်။ဘုရားရှိခိုးပြီးနောက်စေတီတော်ကိုလက်ယာရစ်၃ကြိမ်ဖူးမျှော်သည်။

သူ့ကိုဗဟိုပြုသော ရပ်ဝန်း... (Uni, Zawgyi)- CompletedDonde viven las historias. Descúbrelo ahora