မနက်ခင်း သူရိန်နေမင်းကြီးထွက်ပေါ်လာခြင်းနှင့်အတူ ငှက်ကလေးများရဲ့ တေးသံသာသာများကြောင့် ဗလတောင့်တောင့်နဲ့ယောကျာ်းပီသသော ကောင်လေးရဲ့ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ နှုတ်ခမ်းအောက်က မှည့်နက်ပိုင်ရှင်ကောင်လေးတစ်ယောက် နိူးလာလေရဲ့
အာ့ကောင်လေးကိုရင်ခွင်ထဲထည့်ထားတဲ့ ရင်ခွင်ပိုင်ရှင်လေးကတော့ အိမ်မက်ကမ္ဘာကြီးထဲမှာသာယာလို့ကောင်းတုန်း
"ရိပေါ် ရိပေါ် ထတော့လေ မိုးလင်းနေပြီ"
"အင်း ကျန့်ကော ရာ ခဏ" ကောင်လေးကရင်ခွင်ထဲက ကောင်လေးကို လွှတ်မပေးပဲထက်တိုးဖက်ကာဆိုလာလေရဲ့
ရှောင်ကျန့်လဲ ကောင်ငယ်လေးအိပ်နေတာကို မနှောက်ယှက်ချင်ပေမယ့် သူတို့လုပ်ရမဲ့ကိစ္စတွေကရှိသေးတယ်မလား
တောထဲကိုရောက်လာတဲ့လူစိမ်းတွေအကြောင်းစုံစမ်းရအုံးမယ်လေ
"ရိပေါ် ထတော့ကွာ " ပြောပြီး ရှောင်ကျန့်တစ်ယောက်ရင်ခွင်ထဲမှအတင်းရုန်းနေတာကြောင့်ရိပေါ်လဲဆက်အိပ်လို့မရတော့
ညက ရှောင်ကျန့်ကို တစ်ယောက်ထဲထာစခဲ့ရမှာစိတ်မချတာကြောင့် ဟိုလူစိမ်းတွေရဲ့အခြေအနေကိုသူ မစုံစမ်းရသေး
"ထပြီ ဗျာ ထပြီ " ကြာကန်မှာ မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးတော့ ရိပေါ်တို့နှစ်ယောက် ရှောင်ကျန့်အဖွဲ့ရှာပုံတော်ဖွင့်ကြရတယ်ဆိုပါတော့
"ရိပေါ် ဟိုမှာ ဘာကြီးလဲ "ရှောင်ကျန့်ပြတဲ့နေရာကိုကြည့်လိုက်တော့ ဆင်တစ်ကောင်
ဆင်တစ်ကောင်လို့ပြောရမှာထက် သေနေတဲ့ဆင်တစ်ကောင်လို့ပြောရမှာက ပိုမှန်ပေမည်။
"ဆင်စွယ်တွေကိုနှာမောင်းအရင်းကနေ ဖြတ်ထားတာကြောင့် သွေးများကပေပွလျှက် " ဆင်ကြီးရဲ့ခန္ဓာကိုယ်မှာ သွေးတွေထွက်နေသေးတာကြောင့် မကြာသေးခင်အချိန်ကမှ ဖြစ်သွားခဲ့တာပဲ
" ဒါ ဟိုလူတွေလက်ချက်ပဲနေမှာ လူမဆန်လိုက်ကြတာကွာ သူတို့တွေက တောပြုန်းအောင် လုပ်တာအားမရလို့ တိရစ္ဆာန်တွေကိုပါ မျိုးတုန်းအောင် လုပ်ဖို့ကြံရွယ်နေကြပြီ"
"ဥတုရာသီ တောကိုမှီ၏ " ဆိုတဲ့စကားကိုသူတို့တွေမကြားဖူးကြတာလား "တစ်ဦးတစ်ယောက်ထဲကောင်းစားဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို သူတို့ထင်သလို လုပ်နေကြတာပဲ
ရှောင်ကျန့်က ဒေါသထွက်ခါ စကားတွေအများကြီးပြောနေပေမဲ့ ရိပေါ်ကတော့ လက်သီးကိုတင်းတင်းဆုတ် ထားတယ်
"အာ့လူတွေအားလုံးကို သတ်ပစ်ချင်နေပြီ"
"စိတ်ကိုလျော့ထားရိပေါ် ဥပဒေဆိုတာရှိတယ်ကွ အချိန်တန်ရင်သူတို့ပြစ်ဒဏ်သူတို့ပြန်ခံရလိမ့်မယ်"
"အာ့မတိုင်ခင်မှာ သူတို့လက်ချက်ကြောင့် တိရစ္ဆာန်ဘယ်နှစ်ကောင် အပင်တွေဘယ်လောက်များများ ပျက်စီးဆုံးရှုံးပေးေနရအုံးမလဲ ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပြီ ဒီလူတွေကို နောက်တစ်ခါမလုပ်ရဲအောင်ပညာ ကောင်းကောင်းပေးရမယ်"
"တာဝန်ရှိသူတွေကိုအသိပေးရအောင်လဲ ကျွန်တော်တို့မှ နေရာမသိတာ ကျန့်ကော အဖော်တွေကိုတောင်တွေ့အောင်ရှာနိုင်သေးတာမဟုတ်"
"အင်း အဲ့ဒါဆို ကောလဲမင်းကိုကူညီပေးမယ်"
"အင်း အာ့ဆို ခုတော့ ခရီးဆက်ကြအုံးစို့ ဟိုလူတွေမတွေ့အောင်လဲသတိထားနေရမယ်"
...................................................,.....................
ကွိကွိကွိ
YOU ARE READING
My Wild Person
Fanfictionကျွန်တော်က Straight စစ်စစ်ကြီးလေဗျာ တောထဲမှာတွေ့လာတဲ့လူရိုင်းကောင်လေးကြောင့်ကွေးရတော့မှာလား?