Bus မမှီတော့တာကြောင့်ကျောင်းတက်ချိန်ကျော်သွားခဲ့တယ်။
ဆရာ့ကိုတော့ ဒီနေ့မလာနိုင်ကြောင်းဖုန်းဆက်ပြီး တောင်းပန်လိုက်ရတယ် ။"ရိပေါ် ကောဒီနေ့အတန်းချိန်မမှီလို့ မတက်ဖြစ်တော့ဘူး
အဲ့ဒါရိပေါ်မှာ လဲအဝတ်အစားတွေမရှိတော့ ကောတို့
Supermarket သွားကြရအောင် ""ကော ကျွန်တော့်အတွက်ဆို မဝယ်ပေးလဲရတယ် ကောအင်္ကျီတွေရှိနေတာရပဲ ကောဟာတွေယူဝတ်လဲရတယ်"
"ကောအင်္ကျီတွေက တစ်ပတ်နွမ်းတွေလေ
ရိပေါ် ကိုကော ဆရာက အထက်တန်းပြန်ဖြေဖို့ စာသင်ပေးမယ်တဲ့
ဆရာနဲ့တွေ့ရင် သပ်သပ်ရပ်ရပ် ဝတ်သွားတာကောင်းတယ်
နောက်ပြီး ကောက ရိပေါ်ထက်ပိုပိန်တော့ ကောအဝတ်တွေရိပေါ်ဝတ်ရင် ကြပ်နေတာကို ""ကျွန်တော်က ကောပိုက်ဆံကုန်မှာစိုးလို့ပြောတာပါ"
"ဒါက လိုလို့ သုံးတာလေရိပေါ်ရဲ့
အဝတ်အစားတွေပေါများနေပြီး နောက်ထပ် ထပ်ပြီးဝယ်ရင်သာ ဖြုန်းရာကြတာ အသုံးနဲ့အဖြုန်းကို ခွဲခြားသိရမယ်နော်ရိပေါ် ""ဟုတ် "
Supermarket မှာ ရိပေါ်အတွက်လိုအပ်တဲ့ အဝတ်အစားသုံးလေးစုံလောက်ဝယ်ပြီးပြန်လာခဲ့တယ်
အောက်ထပ်က ကော်ဖီဆိုင်ရောက်တော့ မှန်တွေရဲ့ဘေးမှာ နေရာယူထားတဲ့ Birthday 'cake ပေါ်က အရုပ်လေးတွေကိုငေးနေတဲ့ရိပေါ်ကြောင့်"ရိပေါ် ဘာလို့လဲ စားချင်လို့လား "
"ကျွန်တော်ငယ်ငယ်တုန်းက ပါးနဲ့မားက ဒီလိုမျိုး cake လေးနဲ့မွေးနေ့ပွဲလုပ်ပေးဖူးတယ် "ကောင်လေးက ငယ်ဘဝကိုပြန်လွမ်းနေတယ်ထင်ပါရဲ့
"ရိပေါ် မင်းမိဘတွေကိုသွားတွေ့ကြမလား "
"ကျန့်ကောလိုက်ပို့ပေးနိုင်မလား "
"အင်း ရတာပေါ့ ဒါပေမယ့် မင်းဦးလေး ရေးပေးလိုက်တဲ့လိပ်စာပါတဲ့အင်္ကျီနဲ့မှရှာလို့ရမှာ
မင်းပြတဲ့နေ့က ငါသေချာမကြည့်လိုက်မိဘူး ""အာ့ဆို အိမ်ပြန်ပြီး အဝတ်သွားယူမယ် ပြီးမှကျွန်တော့်အိမ်ကိုလိုက်ပို့ပေး ".
------------------------------------------------------------
"ရိပေါ် ဒီလောက် ဘဲတီးနေတာကိုအိမ်ထဲကတစ်ယောက်မှ ထွက်မလာကြဘူးနော် "
YOU ARE READING
My Wild Person
Fanfictionကျွန်တော်က Straight စစ်စစ်ကြီးလေဗျာ တောထဲမှာတွေ့လာတဲ့လူရိုင်းကောင်လေးကြောင့်ကွေးရတော့မှာလား?