My Wild Person (13)

4K 420 4
                                    

အသွား တုန်းက ကိုယ့် ပါကိုယ်ကျောင်းကိုလာရပေမယ့် အပြန်ကိုတော့ ရှောင်ကျန့်တို့ကျောင်းသားတွေကို  ဆရာက ကားနဲ့ကိုယ်တိုင်လိုက်ပို့ပေးသည်။
ဆရာက ဘယ်လောက်ပဲ အပေါက်ဆိုးတယ်ပြောပြော သူ့တပည့်တွေအပေါ်မှာတော့ စေတနာမေတ္တာအပြည့်ရှိတယ်။ ခုလဲကြည့်  ခရီးက မိဘတွေကိုပြောခဲ့တဲ့ရက်ထက်ကြာသွားတာကြောင့် ေကျာင်းသားမိဘတွေကို ကိုယ်တိုင်တောင်းပန်နေတော့တယ် ။

ရှောင်ကျန့်ကိုတော့ နောက်ဆုံးမှအိမ်ပြန်လိုက်ပို့​ပေးတယ်။ ဘာလို့ဆို မိဘတွေကို ဒီကျောင်းသားလေးပျောက်သွားလို့ ရှာနေရတာပါဆိုပြီး သက်သေနှင့်တကွ  ​ေကျာင်းသားမိဘတွေကိုရှင်းပြနေတဲ့ ဆရာ့ကြောင့်

"ဒေါ်လေးရေ ကျွန်တော်ပြန်လာပြီ "

"အေးအေး မင်းဆရာရှင်းပြလို့ အကုန်သိပြီးသွားပြီ တော်တော် ကမြင်းကြောထတာပဲ မသေကောင်းမပျောက်ကောင်း နင်သေရင် ငါတို့ ဘယ်လို ရပ်တည်ရမလဲ နင် ငယ်ငယ်ကထဲကစောင့်ရှောက်လာတဲ့ ငါ့အပေါ်ကျေးဇူးကျေအောင်ဆပ် "ဒေါ်လေးရယ်ကျွန်တော့်ကိုစိတ်ပူတာမဟုတ်ပဲ ဒေါ်လေးတို့ ကျွန်တော်မရှိရင် ဒုက္ခရောက်မှာစိုးလို့ကြောင့်တဲ့လား

"ဟို ကောင်ငါပြောတာကြားလား
ဒါနဲ့မင်းနောက်ကဘယ်သူလဲ " ရှောင်ကျန့်နောက်မှာရပ်နေတဲ့ရိပေါ်ကို တွေ့တာကြောင့်မေးလိုက်ခြင်း

"သူကတောထဲမှာကျွန်တော်ကို ကယ်ခဲ့တဲ့အသက်သခင်ကျေးဇူးရှင် "

"နင့်ကျေးဇူးရှင်ကလဲဟယ် အကြွေးရှင်ရုပ်နဲ့ သူက ဘာလို့ဒီကိုပါလာတာလဲ "

"ကျွန်တော်နဲ့အတူတူနေဖို့ "

"ဘာ ..ဘာ..ပြောတယ်ရှောင်ကျန့် ငါတို့မိသားစုတောင်နင့်တစ်ယောက်လုပ်စာနဲ့ဖြစ်သလိုစားနေရတာ နောက်လူအတွက်အပို ကုန်မခံနိုင်ဘူး ရှုပ်ရှုပ်ရှက်ရှက်တွေငါမကြိုက်ဘူးနော်ရှောင်ကျန့် "

"အာ့လိုဆိုတိုင်း ကျွန်တော့်ကျေးဇူးရှင်ကိုတော့ဒီအတိုင်းပစ်မထားနိုင်ပါဘူး ကျွန်တော်အချိန်ပိုင်းပိုလုပ်ပြီးရှာမယ် အာ့လိုမှ အိမ်အတွက်မလောက်သေးရင် ကျွန်တော် စားမဲ့အစားအစာသူ့ကိုကျွေးပြီး ကျွန်တော်အငတ်နေလိုက်မယ် အဲ့ဒါဆိုရပြီလား "

My Wild Person Место, где живут истории. Откройте их для себя