"ကော ........"သေနတ်သံ ကြားတဲ့နေရာကို လှည့်ကြည့်မိတော့ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်ရိပေါ်မှာ ရူးမတတ်
"ကော ဘာမှ မဖြစ်ဖူး အားတင်းထားနော်
ကျွန်တော့်မိဘတွေနဲ့ ပြန်ဆုံနေရပြီလေ
အတူတူ ပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့
ကတိပေးထားတယ်မလား
ကော ဘာမှဖြစ်လို့မရဘူးနော်"
သူ့ကျန့်ကောက တော့ သူပြောနေတဲ့စကားတွေကို သတိမေ့နေတာကြောင့် မကြားနိုင်
Drama တွေထဲမှာဆို ဒဏ်ရာရတဲ့သူက သူချစ်တဲ့သူတွေနဲ့စကားတွေအကြာကြီး ပြော ဒါမှ မဟုတ် သူ့ချစ်သူမျက်နှာလေးကို တစ်စိမ့်စိမ့်ကြည့်ပြီးမှ သတိမေ့သွားတတ်ကြတာ
ခုတော့ ကျန့်ကောနဲ့ စကားပြောဖို့နေနေသာသာ အကြည့်လေးနဲ့တောင် မနှုတ်ဆက်လိုက်ရ"ကော ကောရေ့ ထပါအုံးဗျာ
ကျွန်တော် ကောမရှိရင်မနေတတ်လို့ပါ
5min နေလို့မှ ကောပြန်သတိမရရင် ကျွန်တော်ကောနောက်ကိုလိုက်ခဲ့တော့မယ်""သား သားလေး သေချာကြည့်ပါအုံး
သူက သေနတ်မှန်တာ သေချာလို့လား
ခန္တာကိုယ်ပေါ်မှာ ဒဏ်ရာနဲ့တူတာမတွေ့ အဲ့အစားအပ်တစ်ချောင်းကိုပဲ ရှာတွေ့တယ်""ပါးကလဲ ဒီမှာကြည့်ပါလား သွေးတွေပေနေတာကို"
Boss လက်ထဲက သေနတ်ကို သေချာကြည့်မိတော့
"ဟင် ဒါမေ့ဆေးသေနတ်ပဲ ""မေ့ဆေး သေနတ်နဲ့ပစ်လို့မေ့သွားတာ သားအကိုဘာမှမဖြစ်ဘူး"
"Sorry pr ဝမ်သူဌေး ရယ်
ကျွန်တော်တို့ ပြည်သူ့ရဲတွေက သေနတ်ပစ်ခွင့်မရှိလို့
အရမ်းထိန်းချုပ်ရခက်တဲ့ လူတွေဆို မေ့ဆေးနဲ့ပစ်ပြီး ဖမ်းရတာမို့
ကျွန်တော့် ပေါ့ရော့မှုကြောင့် ဒီလူ့လက်ထဲ မေ့ဆေးသေနတ်ရောက်သွားတာ"မျက်စေ့တစ်ဖက်မှိတ်ပြပြီး ဆိုလာတဲ့စခန်းမှူးဆိုသောလူရဲ့စကားသံကြောင့် ဝမ်သူဌေးအခြေအနေလအရပ်ရပ်ကိုနားလည်လိုက်ပြီ"ရပါတယ်ဗျာ စခန်းမှုူးကျေးဇူးကြောင့် သေနတ်အစစ်နဲ့ အပစ်မခံရတာ
ကျေးဇူးတင်ပါတယ်
ဒါနဲ့ အသံက ဘာလို့ကြားနေရတာလဲ "Boss တို့အဖွဲ့ဝင်တွေ ကြားမှာစိုးတာကြောင့် မေးကြည့်မိတော့"😀အဲ့ဒါက လူရှိန်အောင် အသံထည့်ထားတာ
ရင်ဘတ်က လဲ ပစ်ရင် သွေးထွက်တာပီပြင်အောင် တစ်ခါထဲ သေနတ်ထဲကို သွေးအတုတွေထည့်ထားတာ
တကယ်တော့ ကျွန်တော်တို့ က ဒီနားကိုရုပ်ရှင်ရိုက်ဖို့လာကြတာ
ဒီက အစ်မကြီးက အကူအညီတောင်းတာကြောင့်ရော လူတွေကို ဒုက္ခပေးတဲ့ မူးယစ်ဆေး ေရာင်းဝယ်နေတဲ့သူတွေကိုရော ပညာပေးချင်လို့ ကူညီတဲ့အနေနဲ့လိုက်လာခဲ့တာ"ဝမ်သူဌေးကို တိုးတိုးလေးအနားကပ်ကာ အကြောင်းစုံကို ရှင်းပြပြီး
![](https://img.wattpad.com/cover/235495987-288-k529998.jpg)
KAMU SEDANG MEMBACA
My Wild Person
Fiksi Penggemarကျွန်တော်က Straight စစ်စစ်ကြီးလေဗျာ တောထဲမှာတွေ့လာတဲ့လူရိုင်းကောင်လေးကြောင့်ကွေးရတော့မှာလား?