My Wild Person (12)

4K 412 11
                                    

အရင်ကတောထဲမှာ ငှက်ကလေးတွေတေးဆိုသံနဲ့ သာယာတဲ့မနက်ခင်းတစ်ခုကိုအစပြုတယ်
ဒီမနက်မှာတော့ ငှက်ကလေးတွေတေးသီသံသာမက လူတစ်စုရဲ့ စကားသံများလဲ ပါဝင်လာလေရဲ့

"ရှောင်ကျန့် ဟိုကောင်လေးကို မြို့ကိုခေါ်လာဖို့ကိစ္စ ဆရာ့ကိုပြောကြည့်တာအဆင်ပြေရဲ့လား"

"အေးပြေပါတယ် ဆရာကလဲ တို့ကျောင်းကားပေါ်လူတစ်ယောက်ပိုတင်လို့ ဓာတ်ဆီပိုကုန်တာမှမဟုတ်တာတဲ့ ကောင်လေးတက်လမ်းလဲရှိသေးတော့ သူလဲရိပေါ်ကို တောထဲမှာမထားခဲ့ချင်ဘူးတဲ့ မြို့ရောက်ရင် စာသင်ပေးပြီး အထက်တန်းစာမေးပွဲတောင်ဖြေခိုင်းအုံးမယ်ဆိုပဲ "

"ကောင်းရောကွာ အစက ရိပေါ်ကို မျက်နှာတည်တည်ကြီးနဲ့ နေတာကြောင့် ငါတောင်ကြည့်မရဖြစ်ရသေး
ခုတော့ သူက အရမ်းအပေါက်ဆိုးတဲ့ ငါတို့ဆရာ နှလုံးသားကိုတောင်အရေဖျော်နိုင်ပါရောလား "

"ကျန့်ကော "

"အင်း ရိပေါ် ဘာဖြစ်လို့လဲ "

"ကျန့်ကောကိုကျွန်တော်မပြောရသေးတာတစ်ခုရှိတယ် အင့် ဒါကိုကြည့်ကြည့် " ရှောင်ကျန့် လဲ ရိပေါ်ပေးတဲ့အရာကိုကြည့်မိတော့ အဖြူရောင် ပေါ်မှာ အနီရောင်သွေးတွေနဲ့ လိပ်စာတစ်ခုရေးထားတဲ့ အင်္ကျီတစ်ထည်

"ရိပေါ် ဒါဘယ်ကရလာတာလဲ ကောတို့အဖွဲ့ထဲက အင်္ကျီလဲမဟုတ်ဘူး"

"ကျွန်တော် ဦးလေးနဲ့ ဟိုနေ့ကအမှတ်မထင်ပြန်တွေ့ခဲ့တယ် တွေ့တဲ့အချိန် နှောင်းလွန်းတာကြောင့် ဦးလေးက သူမသေခင် ဒီလိပ်စာအတိုင်းလိုက်သွားဖို့မှာခဲ့တာ အဲ့မှာ ကျွန်တော့်မိဘတွေရှိတယ်တဲ့ "

"အင်း ကောတို့မြို့ရောက်ရင် အဲ့ဒီ့ကိုလိုက်ပို့ပေးမယ်နော် ပေါ်တိဦးလေး ဆုံးသွားတာကိုလဲတကယ်စိတ်မကောင်းပါဘူး "

"ဟုတ် ကျွန်တော်လဲ ဦးလေးကိုကြည့်ပြီး သံဝေဂ ရနေတာ ဦးလေးမှာ အသက်ကြီးတဲ့အထိ တစ်ယောက်ထဲ အထီးကျန်စွာဖြတ်သန်းခဲ့ရတာ သူ့ဘဝလက်တွဲဖော်ကောင်းတစ်ယောက်နဲ့တောင်မဆုံနိုင်ခဲ့ဘူး ေနာက်ဘဝမှာတော့ မိသားစု ကောင်းကောင်းမှာမွေးဖွားပြီး ပြည့်စုံနဲ့ ဇနီးသည်တစ်ယောက်နဲ့ ပျော်ပျော်နေနိုင်ပါစေလို့ပဲ ဆုတောင်းနေမိတယ် "

My Wild Person Where stories live. Discover now