My Wild Person (23)

2.9K 292 11
                                    

ကျန့်ကောနဲ့ ဟိုအမျိုးသမီးကိုလွတ်လွတ်လပ်လပ် စကားပြောလို့ရအောင် ဘာမှမဖြစ်သလိုပုံစံနဲ့သူတို့နားကထွက်လာခဲ့ပေမယ့်
စိတ်ထဲမှာတော့ကမ္ဘာပျက်နေပြီ
ကျန့်ကောကို မယုံတာမဟုတ်ပေမယ့် ကံကြမ္မာကိုမယုံရဲတာ
သူ့ကျန့်ကောက အားနာတတ်တယ်မလား
ဟိုအမျိုးသမီးကို သနားပြီး သူမဆီကို ကျန့်ကောပြန်သွားခဲ့မယ်ဆိုရင်တောင် သူကလက်လွှတ်ပေးမှာမဟုတ်
အခုကလဲ သူနဲ့ ဟိုအမျိုးသမီး နှစ်ယောက်ကြားကျန့်ကောစိတ်ရှုပ်နေမှာစိုးလို့ ခဏရှောင်ထွက်ပေးလိုက်တာ

"ရိပေါ် "စိတ်ညစ်ညစ်နဲ့ ဆရာဆီလဲမသွားဘဲ ကျောင်းစာကြည့်တိုက်မှာ ထိုင်ဆွေးနေတုန်း သူ့အသည်းအသက်လေးရဲ့ခေါ်သံကိုကြားလိုက်ရတာကြောင့် ပျက်နေတဲ့မျက်နှာကို အမြန်ပြင်ပြီး အပြုံးမျက်နှာလေးနဲ့လှည့်ကြည့်မိတော့

"အင့် "အားနဲ့ အတင်းပစ်ဝင်ပြီး သူ့ကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်တဲ့ကျန့်ကော

"ကော မြန်လိုက်တာ "

"အင်း ဟုတ်တယ် မင်းစောင့်နေရမှာစိုးလို့ "
"ဘာတွေပြောခဲ့လဲဆိုတာမမေးတော့ဘူးလား "သူ့ကို အသာအယာပြန်ဖက်ပြီး စကားမပြောပဲငြိမ်နေတဲ့ရိပေါ်ကြောင့်မေးလိုက်ခြင်း

"ကောကိုယုံတယ်လေ
ကျွန်တော်သိသင့်တဲ့ ကိစ္စဆိုကောကပြောပြမှာပဲကို "

"အင်း ကော သူ့ကို ကောမှာအမှန်တကယ်ချစ်ရမဲ့သူရှိကြောင်းပြောခဲ့တယ်
ရိပေါ်ကိုအေးဆေးရှင်းပြပေးမယ်
ခုက စာကြည့်တိုက်ထဲမှာဆိုတော့ စကားပြောရတာအားမရဘူး
အပြင်သွားရအောင် "

    *****************************

"အဲ့တော့ ကောကို လူတွေကမကောင်းမြင်ကြတော့မှာပေါ့ "

"အဲ့လိုလဲမဟုတ်ပါဘူး ရွယ်ရွယ်အတွက်ကျတော့ ကိုယ်တို့အကြောင်းမြန်မြန်သိသွားလေ သူ့အပေါ်ကောင်းတဲ့သူကိုအမြန်တွေ့နိုင်လေပေါ့
ဟုတ်ဘူးလား ကောင်းတဲ့ဘက်ကပဲတွေးတာပေါ့ "

"ကျွန်တော့်ကို အဲ့လောက်ထိချစ်ပေးလို့ အရမ်းကျေးဇူးတင်တာပဲ "

"ကျေးဇူးတင်ရင် ရိပေါ်က ကောချစ်တာထက် ကောကို ပိုချစ်ပေးပေါ့ "

My Wild Person Where stories live. Discover now