ပေကျင်းတက္ကသိုလ် Zoology ဌာန
"လူစုံပြီဆို ကားစထွက်ကြရအောင်"
"ခဏစောင့်ပါအုံး ဆရာ ကျန့်ကျန့်မလာသေးလို့"
မလာသေးတဲ့သူကိုစောင့်ရတာ ကျန်းချန်လည်ပင်းကြီးညောင်ရေအိုးလောက်ရှိတော့မယ်ကျန်းချန်ကလူတစ်မျိုး ဘာမဆိုအစစအရာရာစေ့စပ်သေချာအောင်အလုပ်လုပ်တယ် ဒါ့ကြောင့်လဲဆရာကသူ့ကိုအတန်းခေါင်းဆောင်ခန့်ထားခြင်း
နာရီကြည့်တော့ 6:15Am ကျန်းချန်အရင်နေ့တွေထဲက လေ့လာရေးခရီးသွားဖို့ကို sat 6:00Am အရောက်ဆိုပြီးမှာထားပြီးသား ခုတော့
"မသာကောင်ငကျန့် မလိုက်ဖူးဆိုမလိုက်ဖူး မပြောဘူး ငါ့ကိုဒက္ခများအောင်" ကျန်းချန်စူပုတ်ပုတ်နဲ့မေတ္တာပို့နေတုန်း....ပခုံးကိုလာဖက်တဲ့လက်တစ်စုံ
"Sorry ကျန်းချန်ရာ ငါအိပ်ရာထနောက်ကျသွားလို့"မျက်နှာငယ်လေးနဲ့ပြောပြန်တော့လဲကျန်းချန်မှာအလျော့ပေးရစမြဲပါ
ကျန့်ကျန့်အကြောင်းကိုလဲအတွင်းသိအစင်းသိပေမို့"ထုံးစံအတိုင်းအချိန်ပိုင်းအလုပ်ကြောင့်ပဲလား"
"အေးကွ အစကငါလဲ လေ့လာရေးရှိလို့ Sat မအားဘူးပြောထားပြီးသား
မေ့မေ့ကနေမကောင်းတော့ သူ့အစားငါဆင်းပေးရတာကွ""အေး ပါကွာ နောက်ကျနေပြီ ကားပေါ်တက်ရအောင်"ကားပေါ်မှာလွတ်တဲ့နေရာဝင်ထိုင်ကြတော့ ကျန်းချန်နဲ့ကျန့်ကျန့်နေရာမတူ
ကျန်းချန် ပြတင်းပေါက်ဖက်ငေးရင်းအတွေးတို့က ကျန့်ကျန့်အကြောင်း
ကျန်းချန်နဲ့ကျန့် က ငယ်ငယ်ထဲကအချစ်ဆုံးသူငယ်ချင်းတွေ မိဘချင်းကလဲစီးပွားဖက်တွေဆိုတော့ ငယ်ဘဝကအရမ်းပျော်စရာကောင်းခဲ့တာ
ဘဝဆိုတာတစ်သတ်မတ်ထဲတည်မြဲနေတဲ့အရာမဟုတ်ခဲ့တော့ ကျန့်ကျန့် 10 နှစ်သားလောက်မှာသူ့ပါးနဲ့မား ကား accident ဖြစ်ပြီးဆုံးသွားတယ် သူ့အဒေါ်က ပစ္စည်းဥစ္စာတွေကိုလက်ဝါးကြီးအုပ် လောင်းကစားမှာဝါဿနာထုံတော့ စည်းပွားပျက်သွားခဲ့ရတယ် အာ့ချိန်က စလို့ ကျန့်ကျန့်က ကလေးသဘာဝပျော်စရာတွေကိုစွန့်လွှတ်ပြီး ကြုံရာကျဘမ်း အလုပ်လုပ်လုပ်ခါကျောင်းတက်ရတာ ခုအရွယ်ထိဆိုပါတော့
YOU ARE READING
My Wild Person
Fanfictionကျွန်တော်က Straight စစ်စစ်ကြီးလေဗျာ တောထဲမှာတွေ့လာတဲ့လူရိုင်းကောင်လေးကြောင့်ကွေးရတော့မှာလား?