chapter 1 (Unicode + Zawgyi)

1.2K 43 0
                                    

Chapter1
'စီးပွားရေးတက္ကသိုလ် မုံရွာ´
မုဒ်ဦး၀တွင် ခမ်းခမ်းနားနား ရေးထားသော စာလုံးများကို အသံထွက်ဖက်လိုက်ပြီး ညီခေတ်လင်း သက်ပြင်းချလိုက်သည်။
'ခြောက်ကပ်နေတာပဲ´ ဟု မှတ်ချက်ချလိုက်ပြီး ကျောင်း၀င်းမြေကို စတင် နင်းလိုက် သည်။ ကျောက်ကာလမ်းမကြီးဘေး ဆိုပေမယ့် ကျောက်ကာရွာထဲပဲ ရောက်တော့မယ်။ ကျောင်းသားကလည်း နည်းလိုက်တာ၊ ဒါကြီးကပဲ တက္ကသိုလ်ဖြစ်ရတယ်လို့။
ကျောင်းစဖွင့်ရက်မို့လားတော့ မသိ ကျောင်းသားကျောင်းသူ တကယ်ပင်နည်းလွန်း နေသည်။ ယောင်တောင်တောင် ကြောင်အအနှင့် လျှောက်လည်ရင်း ကင်တင်းထဲ၀င်ထိုင် လိုက်သည်။
'ထောပတ်သီးလက်ဖျော်ရလား။´
အအေးတစ်ခွက်မှာလိုက်ပြီးလေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ 'တော်တော်ပူတဲ့ မုံရွာပဲ´ ဟု စိတ်ထဲမှ ရေရွတ်လိုက်ပြီး စားပွဲထိုးလေးလာချပေးသော ငန်ကျိကျိရေခဲရေကို မော့သောက်ပစ်လိုက်သည်။ မနက်ဖြန်ကျလျှင် ဆိုင်ကယ်ယူလာရမည်။ ကျောင်းနှင့်နီးသော အဆောင်လဲရှာရဦးမည်။ သူငယ်ချင်းအသစ်လဲရှာရဦးမည်။ ဘာပဲပြောပြော နေသားကျ အောင် နေရဦးမည်မဟုတ်လား။
စာပွဲထိုးကောင်လေးလာချပေးသော  ဖျော်ရည်ကို ငုံသောက်ရင်း အတွေးများက ကစဉ့်ကလျားပြေးလွှာနေသည်။
'ထောပတ်သီးဖျော်ရည်တစ်ခွက်´
အသံလာရာကို စပ်စုစွာလှည့်ကြည့်တော့ ကောင်လေးတစ်ယောက်။ ကိုယ်နှင့်မျက် စောင်းထိုးခုံမှာလာထိုင်နေသည်။ ပထမနှစ်က လားမသိဘူး၊ မဟုတ်လောက်ဘူးသူ့ပုံစံလေးက ဒီကျောင်းနဲ့ရင်းနှီးနေပြီ။ ပိန်ပိန်သွယ်သွယ်၊ ဖွေးဖွေးကျစ်ကျစ်လေး၊ နှုတ်ခမ်းပါးပါးလေးက စိုရဲနေသည်။ မျက်ခုံးထူထူလေးနှင့် ပါးရိုးအကျ သွယ်သွယ်လေးကလဲလိုက်ဖက်လွန်းသည်။ ဆံပင်ဘုတ်သိုက်ပုံစံလေးက၊ တီရှပ်နှင့်ဂျင်းဘောင်းဘီကိုတွဲ၀တ်ထားသော သူ့ပုံစံကို ခေတ်မီစေသည်။
'ဟိတ် ဘယ်တုန်းကရောက်တာလဲ´
'သြော တီချယ်၊ မုန့်စားပါဦး၊ စနေနေ့ကတည်းကရောက်တာဗျ။ နေကောင်းလား တီချယ်´
ဆရာမတစ်ဦးနှင့်မတ်တက်ရပ်ကာ ပြောနေသော စကားသံများကို အတိုင်းသားကျ ရသည်။
'ကောင်းပါ့ရှင် ကောင်းပါ့။ ဘာမေဂျာရလဲ´
'စာရင်းအင်း၊ တီချယ်တို့ ဆီလာတာလေ´
ဟင်။ စာရင်းအင်းဆိုတော့ ငါနဲ့မေဂျာတူပေါ့။ ဒုတိယနှစ် ငါတို့ဆက်ရှင်ထဲက ပဲနေမှာ၊ ကောင်လေးရယ်၊ မင်းနဲ့ခင်လို့ရမလား၊ ကိုယ်မင်းကို ခင်ချင်တယ်ကွာ။
'သြော် ကောင်းတာပေါ့ စာကျက်ပျင်းတဲ့မင်းနဲ့ဆို ကွက်တိပဲ၊ အေးအေး´
'တီချယ်မုန့်စားဦးလေ၊ ဘာလာ၀ယ်တာလဲ´
'မစားတော့ဘူးကွယ်၊ ညနေစျေးအတွက် မှာစရာရှိလို့´
'သြော် ဟုတ်ကဲ့ခင်ဗျ။´
'ကဲ သွားလိုက်ဦးမယ် နောက်မှတွေ့မယ်နော်´
'ဟုတ်ကဲ့တီချယ်ဟုတ်´
ညီခေတ်လင်းက သတိလက်လွတ်စွာဖြင့် ထိုကောင်လေး စားပွဲမှာ ပြန်ထိုင်ပြီး အအေး ကို ပြန်သောက်နေသည့်အထိ သူ့လှုပ်ရှားမှုအားလုံးကို ငေးမောနေမိသည်။ ကောင်လေးက ကျောပိုး အိတ်ထဲမှ ၀တ္ထု စာအုပ်တစ်အုပ်ကို ထုတ်ပြီး စိမ်ပြေနပြေထိုင်ဖတ်နေသည်။ သွား မိတ်ဆက်လိုက်ရင်ကောင်းမလားဟု တွေးမိသော်လည်း ၀င်ရောမှန်းသိသာလွန်းမှာ စိုးရိမ် သဖြင့် မသွားချင်ပြန်။ ကိုယ်က စပြီး မိတ်မဖွဲ့တတ်တဲ့အကျင့်က ကျန်နေသေးသည်မဟုတ် လား။ တော်ပြီကွာ၊ တစ်တန်းတည်းဆိုတော့ နောက်မှ သိရမှာပဲ၊ သူစာဖတ်ပြီးတဲ့အထိ စောင့်နေလို့ကော ဘာထူးမှာမို့လို့လဲ။ သွားတော့မယ်။
'ရှင်းမယ်ဗျ။´
စားပွဲထိုးကိုခေါ်လိုက်သည့်အသံကြောင့် ဆက်ကနဲ့ မော့ကြည့်လိုက်သည်။ သူ့ကိုယ် တစ်ချိန်လုံး ကြည့်နေသော ညီခေတ်လင်း၏ အကြည့်များနှင့်ကွတ်တိ။ ဒိန်းကနဲ့ ရင်ထဲတစ် ချက်ဆောင့်တက်သွားသည်။ ခိုးကြည့်နေတာ လူမိသွားလို့လား၊ ဒါမှမဟုတ်၊ ညှို့စိမ်းနေတဲ့ သူ့မျက်၀န်းလေးကြောင့်လား။ အတွေးများမဆုံးခင်မှာ လတ်ဆက်သော အပြုံးတစ်ခုကို ရရှိ လိုက်ပြန်သည်။ ယောင်တောင်ပေါင်တောင်နှင့်ပြန်ပြုံုးပြလိုက်ပြီး ဘေးနားရောက်လာသော စားပွဲထိုးလေးကို ပိုက်ဆံပေးလိုက်သည်။ ကောင်လေးကလဲ လက်မှနာရီကို တစ်ချက်ပင့် ကြည့် လိုက်ပြီး
'ကောင်းကျော်ရေ... ငါလဲရှင်းမယ်´
ဟုလှမ်းပြောလိုက်သည်။ ပိုက်ဆံပေးပြီးကောင်လေးက ထွက်သွားသည်။ သူ့ကိုတောင် ခေါင်းလေးဆတ်ပြသွားသည်။
ဟား။ အတော်ပဲ သူဘယ်သွားမလဲမသိဘူး။ ဒါပေမယ့်နောက်ကနေ လိုက်မေးလို့ရ တယ်လေ။ စကားစရှိနေပြီပဲဟာ။
ပြန်အမ်းသော ပိုက်ဆံကို ယူလိုက်ပြီး ကောင်လေး၏နောက်ကို ခပ်သုတ်သုတ်လေး လိုက်သွားလိုက်သည်။
' ရွတ်.. ရွတ်...ညီလေး ခဏလောက်.. ´
'ခင်ဗျာ။´
နောက်လှည့်ပြီး အံ့အံ့သြသြကြည့်နေသော သူ့ပုံစံလေးက အူယားစရာကောင်းလှ သည်။
'ဟိုလေ.. Stats. ဌာနက ဘယ်နားမှာလဲဟင်၊ စာအုပ်သွား၀ယ်ချင်လို့´
'ခင်ဗျာ၊ ဒီအဆောင်လေ။´
အဆောင်တစ်ခုကို လက်ညိုးထိုးပြကာ အံ့သြပြီးရင်းအံ့သြနေသော သူ့မျက်နှာလေးက ဆိတ်ဆွဲပစ်ချင်စရာကောင်းသည်။
'သြော်... ဟုတ် အစ်ကိုက ခုနှစ်မှ မုံရွာကိုပြောင်းလာတာ ဆိုတော့ ဘာမှမသိလို့ပါ။´
ဟူး။ ဒါကိုပဲ ၀န်ခံနေရတယ်။
'သြော်။ စာအုပ်သွား၀ယ်မလို့လား။´
'ဟုတ်တယ်။ စာအုပ်သွား၀ယ်မလို့၊ ငါ့ညီလဲ stats ကပဲမဟုတ်လား။´
အင်း စပ်စုတယ်လို့များထင်နေမလားမသိ။
'ဟုတ်တယ်အစ်ကို၊ကျွန်တော်လဲစာအုပ်၀ယ်ရဦးမယ်။သွားရအောင်လေ။´
တကယ်တော့ လမ်းလျှောက်ရင်းစကားပြောနေခြင်းဖြစ်၍ သွားရအောင်ဟု လောဆော် နေစရာမလိုပါ။ ဌာနရောက်တော့ ကောင်လေးကနှုတ်သွက်စွာ ဆရာ၊ ဆရာများကို နှုတ်ဆက် နေသည်။
'ဟေး သုတမဟုတ်လား။ ရောက်တာကြာပြီလား။´
'ဘယ်တုန်းကရောက်တာတုန်း´
'ဘာမေဂျာရတုန်း´
ဆရာများ၊ ဆရာမများကလဲ ရင်းနှီးစွာ မေးကြမြန်းကြသဖြင့် ဌာနအတွင်းဆူညံနေ သည်။ မျက်နှာစိမ်းဆရာ၊ ဆရာမများကြားတွင် သူမျက်နှာငယ်မိသလိုလိုပင်။
'တတိယနှစ်လား´
ကျူတာဆရာမလေးတစ်ယောက်၏ မေးခွန်းကြောင့်ရှိန်းခနဲဖြစ်သွားသည်။
'မဟုတ်ဘူးတီချယ်၊ ဒုတိယနှစ်´
'သြော်၊ ထင်သားပဲ ပြီးခဲ့တဲ့နှစ်က မင်းကိုမတွေ့ဖူးသလိုပဲလို့၊ အသစ်လား´
'ဟုတ်ကဲ့ခင်ဗျ၊ ရန်ကုန်ကနေပြောင်းလာတာပါ။´
'သြော်၊ ဒါနဲ့ နာမည်က..´
'ညီခေတ်လင်း´
'ညီခေတ်လင်း၊ အင်းရပြီ၊ ဟေးးးး ဟိုကောင်လေး၊ သုတ စာအုပ်လာ၀ယ်တာလား၊´
'ဟုတ်တီချယ်၊ တီချယ်ပိုလှလာတယ်။´
'အေးပါ အေးပါ၊ နင်ပဲအပြောကောင်း၊ နင့်ကို king ရွေးမယ်သိလား။´
စကားသံများ၊ ရယ်မောသံများအားလုံးကို ကျောခိုင်းပြီး ဆင်းလာနှင့်လိုက်သည်။ ကောင်လေး(သုတ)ကတော့ ကျန်ခဲ့လိမ့်မည်။
သုတ တဲ့ နာမည်က။ ကဲပါ ထားပါ၊ စာသင်ခန်းသွားရှာရဦးမယ်၊ စာသင်ခန်းက ဘယ်မှာလဲမသိဘူး။
'ဟာ အစ်ကို ဘာလို့ကျွန်တော့်ကိုမစောင့်တာလဲဗျ။ ကျွန်တော်က အစ်ကို့ကိုလိုက်ရှာ နေတာ။´
လိုက်ရှာတယ်၊ မင်းငါ့ကိုလိုက်ရှာနေတယ်လား။ အေးပါကွာ၊ ကျေးဇူးတင်ပါတယ်။
'ငါ့ညီက ဆရာမတွေနဲ့စကားပြောနေတော့၊ ကြာမယ်ထင်လို့ မစောင့်တော့တာကွ၊ ဒါနဲ့ စာသင်ခန်းက ဘယ်မှာလဲဟင်။ ကိုယ်လုံး၀ကိုမသိလို့ပါ။´
'ဒုတိယနှစ်တွေက အဆောင်(၅)မှာ ဟိုးနောက်ဆုံး၊ နောက်ဆုံးအဆောင်၊ သွားရ အောင်လေ။´
'အင်းသွားမယ်လေ။´
'လူတော့မရှိလောက်ဘူး၊ ဒါပေမယ့် ကြည်ရုံသက်သက်ပေါ့။´
'ဟုတ်ပါပြီဗျာ။ ဒါနဲ့ ညီ့နာမည်က သုတထင်တယ်နော်။ခုနလေးကခေါ်နေတာကြား လိုက်လို့။´
'ဟုတ်ကဲ့၊ သုတခပါ၊´
'အင်း.. အင်း အစ်ကို့နာမည်က ညီခေတ်လင်း´
'ဝါး လန်းလှချည်လား။´
'မလန်းပါဘူးဗျာ။ ဟင်း နေပူတယ်နော်။´
'ဟုတ်တယ်နေအရမ်းပူတယ်။ မနက်ဖြန်တော့ဆိုင်ကယ်ယူလာမှဖြစ်မယ်။´
'ဒါနဲ့ သုတက ဘယ်အဆောင်နေတာလဲ။´
'ရွှေမိုးညိုတဲ့ ကျောင်းအနောက်ဖက်မှာ။ ဘာလို့လဲ ကိုညီခေတ်လင်းကရော အဆောင်မှာ မနေဘူးလား။´
'အင်း မနေသေးဘူး၊ နေမှာ ကျောင်းနဲ့နီးတဲ့အဆောင်လိုက်ရှာနေတာ၊ အဆောင်ကြေးကရော။´
'တစ်သောင်း၊ တစ်လချင်းပေးလို့ရတယ်။ အဆောင်ကသန့်ပါတယ်။ ရေ၊မီး အဆင်ပြေတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းကနေလာတာလေ။အဆောင်မှူးကလဲသဘော ကောင်းတယ်။´
'သြော်။´
ဘာမှမထွေအထူးမပြောတော့ပဲ ငြိမ်သက်ပစ်လိုက်သည်။ တစ်ချက်တစ်ချက်လွင့် လာသော ရေမွှေးနဲ့ စူးစူးလေးက ချွေးနဲ့တစ်ချို့နှင့်ရောလို့။
ဘာကြောင့်မှန်းမသိ။ ဒီကောင်လေးနှင့် လမ်းအတူတူလျှောက်ရတာ ညီခေတ်လင်း ရင်ထဲ အလိုလိုပျော်နေသည်။

မျက်ရည်ကင်းမဲ့ဇုန်Where stories live. Discover now