Chapter 8 ( uni + zawgyi)

87 9 0
                                    

Chapter 8
အခန်း(၁၅)

ဘယ်လောက်ပဲ မိုးသက်မုန်တိုင်းများများ နောက်ဆုံးကျတော့လဲ တိမ်မိုးသားကင်းပြီး လေပြေအေးနုတိုက်ခတ်တဲ့ မိုးလေဝါသ ရရှိရတယ်မဟုတ်လား။
နွေးထွေးတောက်ပသော ရောင်ချည်ဦးများက မနက်ခင်းတိုင်းအတွက် ပြည့်စုံလုံ လောက်ပါသည်။ သူ့ရင်ခွင်ထဲစိတ်ချလက်ချ အိပ်ပျော်နေသောသုတခက မနက်ခင်းနေလုံး ကြီးထက် ပိုပြီး၀င်းပနေသည်။
သက်တောင့်သက်သာအိပ်ပါချစ်သူ။ စိတ်ချလက်ချအိပ်ပါ။ မနက်ခင်းအသစ်တိုင်းမှာ ထွက်ပေါ်လာတဲ့နေလုံးကြီးရဲ့ခွန်အားမျိုးနဲ့ နိုးထနိုင်ပါစေ။ မနက်ခင်းမှာတိုက်ခတ်တဲ့လေအေး သန့်လို ကြည်လင်မှုမျိုးနဲ့ နိုးထနိုင်ပါစေ။ မနက်ခင်းမှာ ပွင့်လန်းလာမယ့် ပန်းလေးတစ်ပွင့်လို လန်းဆန်းမှုမျိုးနဲ့ နိုးထနိုင်ပါစေ။
သုတခ၏ ချွေးစို့နေသော နားထင်လေးကို မွေးကြူနမ်းရှိုက်ပြီးအိပ်ရာမှထလိုက်သည်။ ကိုယ်လက်သန့်စင်ပြီး နံနက်စာကို အနီးဆုံးလဖက်ရည်ဆိုင်မှ ကော်ပြန့်ကြော် သွား၀ယ်လိုက် သည်။
ချစ်ရယ်.....။ ဒီရက်ပိုင်းအတွင်း မောင်ချစ်ကိုနှိပ်စက်တာများသွားတယ်နော်။မောင် တောင်းပန်ပါတယ်ချစ်ရယ်။ ချစ်ကိုဆုံးရှုံးရမှာ ကြောက်လွန်းလို့ပါ။
'ဟိတ် ဘာတွေ စဉ်းစားနေတာတုန်း။ စောစောစီးစီးငိုင်နေပါ့လား´
'ဟာ ချစ်နိုးပြီလား။ ဘာမှမစဉ်းစားပါဘူး။ ဒီမှာ ကော်ပြန့်လိပ်သွား၀ယ်တာလေ။´
'ဟာ မိုက်တယ်။ ချစ်ကိုတောင် နှိုးမသွားဘူး။´
'သြော် ဟုတ်တယ် တမင်မနိုးခဲ့တာ။ ချစ်အိပ်ရေး၀ပါစေဆိုပြီးတော့လေ။´
'ဟုတ်ကဲ့ ကျေးဇူးပဲ။´
'ဘယ်နှယ့်ကျေးဇူးပဲလဲ။ ချစ်သူအချင်းချင်းကို´
'ချစ်သူအချင်းချင်းဆိုပေမယ့် မောင်က ချစ်ကို ဂရုစိုက်တယ်လေ။ ခုလဲကြည့်လေ ချစ်အိပ်ရေး၀ပါစေဆိုပြီး တစ်ယောက်တည်းမုန့်သွား၀ယ်တယ်။ ပြီးတော့ ခုတစ်ယောက်တည်း ပွဲတွေ ပြင် လို့။ ကော်ဖီတွေဖျော်လို့။´
'သြော် ဒါက တစ်လှည့်စီပေါ့။ ညတုန်းက ချစ်က မောင့်အလိုလိုက်ပြီး အရမ်းအိပ်ချင်ရက်နဲ့.´
'ဟာ....။ တော်ပြီ စောစောစီးစီး ဒီအကြောင်းတွေလာပြောနေတယ်။ ဘာမှန်းကိုမသိဘူး။´
'မရှက်စမ်းပါနဲ့။ လင်မယားတွေပဲဟာ။´
'လင်မယားမဟုတ်ဘူး။ လင်ခင်ပွန်းတွေ။ ဟိဟိ။ သြော် တော်ပါတော့ ငါတောင် ယောင်ကုန်ပြီ။ စားမယ်။ တော်တော့။´
'ဟုတ်ပါပြီ လာပါ ထိုင်ပါ။´
စာပွဲဝုိင်းလေးမှာ၀င်ထိုင်လိုက်ပြီး သတိတရနှင့်မောင့်ကို လှမ်းပြောလိုက်သည်။
'မောင်ဒါနဲ့ အောင်စာရင်းထွက်ပြီတဲ့သိလား။´
'ဟင့်အင်း မသိဘူး။ ဒါပြီးရင်သွားကြည့်ရအောင်လေ။ အောင်မှာပဲမဟုတ်လား။ ချစ်ဆို ဂုဏ်ထူးတန်းတောင် ပါမလားပဲ။´
'မပါလောက်ပါဘူး မောင်ရာ။ ဒါပေမယ့် ကြည့်ရမှာပေါ့။ နောက်ပြီး အခန်းထဲက လူတွေထဲက အဆက်အသွယ်ရှိသမျှကိုဖုန်းလိုက်ဆက်ရမယ်။´
'PCO ကတော့ ၀မ်းသာလိုက်မယ့်ဖြစ်ခြင်း´
'ဟာ မောင်ကလဲမရွဲ့ပါနဲ့။ သူတို့လဲ အောင်စာရင်းသိချင်မှာပေါ့။ နီးတဲ့လူတွေကတော့ ထားလိုက်ပါတော့။´
'အင်းပါမောင်က စတာပါ။ supply ထိတဲ့သူတွေဆိုရင် အစောကြီးအကြောင်းကြား မှရမှာ။´
'ဒါပေါ့ဗျ။ ပြီးတော့ ဘွဲ့ယူတွေလဲလာတော့မယ်ထင်တယ်နော်။ သစ်ခွတွေလဲဖူးနေပြီ။ ဘွဲ့ယူနဲ့ကွက်တိပွင့်ရင်ကောင်းမှာ။´
'ဟုတ်တယ် မောင်လဲအဲဒါပဲတွေးနေတာ။ ပြီးတော့ ခုတတိယနှစ်ကျရင်လေ မောင်တို့ကျောင်းအတူတူအပ်မယ်နော်။ ဒါမှခုံနံပါတ်က ရှေ့နောက်ကျမှာ။´
'အင်း ဟုတ်တယ်။ ဒါဆို စာတမ်းလည်းတစ်စောင်တည်းလုပ်လို့ရမယ်။ နောက်ပြီး ဘွဲ့ယူတဲ့အခါကျရင်လဲ ကပ်လျှက်ကျမှာ။´
'အင်းချစ်က ဂုဏ်ထူးတန်း၀င်ရင်ကော။´
'ဟင့်အင်းအဲဒါဆိုလဲမတတ်ဘူးပေါ့။´
'ဟာ အဲလိုတော့ မလုပ်ရပါဘူး။ ချစ်ပညာရေးဆုံးခန်းတိုင်စေရမယ်။ မောင် လုပ်ကျွေးနိုင်ပါတယ်ချစ်ရာ။´
'အောင်မလေး။ ဆောက်ဖြစ်မှ ကျောင်းဒကာရယ် ပါတော်။ Honors ပဲအရင်၀င် ပါရစေဦး။ အဲလိုပြောကြေးဆို မောင်လဲ Honorsနိုင်တာပဲဟာ။´
'မောင်ကတော့ မ၀င်ပါဘူး။ သိပါတယ်။ second semester မှာ သိပ်အားမရ တဲ့ဘာသာရှိတယ်။´
'အင်းပါ။ ထားခဲ့ထားခဲ့လိုက်။ ချစ်ဆေးလိုက်မယ်။´
ကော်ဖီပန်းကန်ကိုင်ရင်း ထလိုက်သောကြောင့် ချစ်က ကဗျာကယာလှမ်းတားသည်။ သို့သော် ပြုံးပြီးခေါင်းခါပြလိုက်သည်။
'ချစ်ပန်းကန်ပဲ ချစ်ဆေးလိုက် ပြီးရင်ကျောင်းသွားမယ်။ အောင်စာရင်းကြည့်ပြီးရင် မြို့ထဲလျှောက်ဒိုးမယ်။ OK?´
'OK!´
အ၀တ်အစားများပြင်ဆင်ပြီး ဆိုင်ကယ်တစ်စီးနှင့်ထွက်လာလိုက်သည်။ ပထမဦး ဆုံးကျောင်းကိုသွားပြီး အောင်စာရင်းသွားကြည့်ကြသည်။ နှစ်ယောက်စလုံး အလွတ်အောင် ကြသည်။ သို့သော် ဂုဏ်ထူးတန်းမပါ။ အောင်သူ၊ ကျသူ၊ နောက်ဆက်တွဲ ပါ၀င်သူများကို မှတ်ထားလိုက်ပြီး မြို့ထဲ လည် ပတ်ကြသည်။ ရွှေတောင်ဦးဘုရားသွားဖူးကြသည်။ ချင်းတွင်း မြစ်ကမ်းနဖူးအထိဆင်းပြီး ဆော့ ကစားခဲ့ကြသည်။ တစ်နေကုန်နီးနီး မြို့ထဲလျှောက်နေပြီးမှ နွမ်းလျှပျော်ရွှင်စွာ၊ အိမ်ကို ပြန်လာ ကြသည်။ ချစ်က အိမ်ပြန်လမ်းတွင် သူ့မိဘတွေဆီ စာမေး ပွဲအောင်ကြောင်း ဖုန်းဆက်ပြောပြ လိုက်သည်။ ရေကူးကန်လမ်းကြားထဲကွေ့လိုက်သည်နှင့် ချစ်က သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းဆိုလိုက်သည်။ လူသူနည်းပါးလေလေ၊ ချစ်၏ သီချင်းသံကကျယ်လာလေလေဖြစ်နေသည်။ ပေါ့ပါးလွင့်မျှောမှုများကို အတားအဆီးမရှိ ဆန့်ထုတ် ဖြန့်ကျဲပစ်လိုက်သည်။
'ချစ်..ခဏလေး။ ရှူး´
နားထဲသဲ့သဲ့ကြားလိုက်မိသော ငိုသံကြောင့် သီချင်းသံများကို ရပ်တန့်ပစ်ရန် ပြောလိုက်သည်။
'ဟင် ဘာဖြစ်လို့လဲမောင်´
ဆိုင်ကယ်အရှိန်ကိုလျှော့ပြီး ဇဝေဇ၀ါဖြင့် မေးသော ချစ် နားနားသို့ကပ်ပြီး ပြောလိုက်သည်။
'ငိုသံကြားလိုက်သလားလို့။´
'အင်း ဟုတ်တယ်နော်။ အဲ မချောတို့များလားမသိဘူး။´
'ဟုတ်တယ်။ မချောတို့ခြံကလာတာထင်တယ်။ ဘာဖြစ်တာလဲမသိဘူး သွားကြည့်ရအောင်။´
'ဟုတ်၊ လင်မယားချင်းများရန်ဖြစ်တာလားမသိဘူး။´
မချောတို့ခြံရှေ့တွင် ဆိုင်ကယ်ကို ရပ်လိုက်သည်။ အိမ်ငယ်လေးထဲမှ ငိုကြွေးသံများက ပူလောင်စွာ လျှံထွက်နေသည်။
'မချောရေ..။ မချော။ကိုပေါက်´
'အောင်ကောင်း။ သားသားရေ´
ခြံတံခါးကိုတွန်းဖွင့်ရင်း အိမ်ရှင်တို့၏နာမည်ကို ခေါ်နေမိသည်။
'မောင်လေး။ ကိုညီ၊ လုပ်ပါဦး သုတရယ် ငါ့ကိုကယ်ပါဦးဟယ်။ မင်းတို့အစ်ကိုကြီး... မင်းတို့အစ်ကိုကြီး...´
အူယားဖားယားပြေးလားသော မချောကို မြင်လိုက်ရသည်။
'မချောပြောပြောစိတ်အေးအေးထား။ ပြောပါမချော ကိုပေါက်ဘာဖြစ်တာလဲဟင်။ ဘာဖြစ်တာလဲ။´
'သားသား မငိုနဲ့၊ သားသား ဘာဖြစ်ကြတာလဲဟင်။´
မချောကို တဆာဆာမေးနေချိန်တွင် ချစ်က ကိုပေါက်နှင့်မချော၏ သားလေးကို ချော့မြူနေသည်။
'မင်းတို့အစ်ကို ကို... ဖမ်းသွားတယ်။ ဖမ်းသွားကြတယ်။ လုပ်ပါဦး ကယ်ပါဦးဟယ်။´
'ဘာ။´
'ဟမ်။ ဘယ်လိုဖြစ်တာလဲ။ မချောစိတ်ကိုလျှော့ချလိုက် စိတ်အေးအေးထားပြီးပြောပါ ဘယ်လိုဖြစ်တာလဲ။´
'ကိုပေါက်က..ဒီနေ့၊ဒီနေ့ နှစ်လုံးဇယားတွက်နေတုန်းမှာ ရဲတွေမိသွားလို့တဲ့။ ခု ရဲစခန်း မှာ။ လုပ်ပါဦး။ နင်တို့အစ်ကိုကို မကယ်နိုင်ကြဘူးလားဟယ်. ကိုပေါက်..ရှင်ကျွန်မတို့ကိုထားခဲ့ တာလား။´
တအီအီ တရွတ်ရွတ်နှင့်ငိုနေသော သားအမိနှစ်ယောက်ကိုကြည့်ပြီး ဘာလုပ်ရမည် ကို အပြေးအလွှားစဉ်းစားကြည့်လိုက်သည်။
'အဲဒါဆို စခန်းလိုက်သွားမှ ဖြစ်မှာပေါ့။ ဘယ်စခန်းမှာလဲ။ အမှတ်(၁) လား (၂)လား။ မချောရော စခန်းကို ရောက်ပြီးပြီလား။ဘယ်လိုသိတာလဲ။ ´
'ဟင့်အင်းမရောက်သေးဘူး။ ကိုပေါက်နဲ့ ကျောက်ကာက သူ့သူငယ်ချင်း ဖိုးဆိုးနဲ့ နှစ်ယောက် ဖိုးဆိုးမိန်းမလာပြောတာ။ လုပ်ပါဦး ကယ်ပါဦးဟယ်။ ငါဘာလုပ်ရမှာလဲ။ နင်တို့အစ်ကိုကို ကြည့်မနေကြပါနဲ့။´
သုတခက အောင်ကောင်းကိုချော့ပြီးသူပါမျက်ရည်ဝဲနေသည်။
'ချစ်၊ အဲလိုမနေနဲ့ လာရဲစခန်းသွားမယ်။ အာမခံနဲ့သွားထုတ်ကြတာပေါ့။ အစ်မ ဘာမှအားမငယ်နဲ့ ကျွန်တော်တို့ရှိတယ်။ ဘာမှမပူပါနဲ့ လွတ်မှာပါ။ အာမခံနဲ့ဆို လွတ်မှ။ ကဲထ၊ အဲခဏလေး ဆိုင်ကယ်နောက်တစ်စီးသွားယူလိုက်ဦးမယ်။ ချစ်က သားသားနဲ့ တစ်စီးစီးလိုက်၊ မချောကို ကျွန်တော်တင်သွားမယ်။ ခဏလေး။လာချစ်၊ ဆိုင်ကယ်သွားယူကြရအောင်။´
'သားသား ဘာမှမကြောက်နဲ့နော် သားဖေဖေလွတ်လာမှ ဘာမမှမကြောက်နဲ့´
ကလေးက တကယ်သိတာလား။ ဒါမှမဟုတ် သူ့အမေငိုလို့လိုက်ငိုနေတာလားမသိ။
မည်သို့ပင်ဆိုစေကာမူ ဆိုင်ကယ်တစ်စီးသွားယူပြီး ရဲစခန်းကို လိုက်သွားကြသည်။ အမှတ်(၂) ရဲစခန်းကိုရောက်ချိန်တွင် မချောက အနည်းငယ်တည်ငြိမ်နေပြီဖြစ်သည်။ ကူညီချင် ဇောနှင့်သာ လိုက်လာခဲ့သော်လည်း ဘယ်ကနေ ဘယ်လိုစကူညီရမှန်းမသိဖြစ်သွားသည်။ ရဲစခန်းထဲတွင် အမျိုးသမီးတစ်ဦး(ဖိုးဆိုး၏မိန်းမ)က ရောက်နှင့်နေပြီ။ စခန်းမှူးများ၊ ရဲသားများ နှင့် အဖြစ်အပျက်များကိုရှင်းလင်းရင်း၊ လုပ်ထုံးလုပ်နည်းများကို မေးမြန်ရင်း နေ၀င်သွားကြ သည်။ပြဿနာ အရှုပ်အထွေး ပေါင်းများစွာနှင့် ပြောဆိုရှင်းလင်းပြီး နှုံးချိစွာ အိမ်ပြန်လာခဲ့ကြ သည်။ ကိုပေါက်ကအာမခံမရသည့်တရားရုံးမှဆုံးဖြတ်မည်ဟု သိရသည်။
'အစ်မ ဘာမှအားမငယ်ပါနဲ့။ ကျွန်တော်တို့နှစ်ယောက်ကို တကယ့်မောင်လေးအရင်း တွေလိုအားကိုးလို့ရပါတယ်။ တရားရုံး ဘာညာ သွားဖို့လဲ ကျွန်တော်တို့ကူညီပေးမယ်။ လိုအပ် တာရှိရင်အားမနာနဲ့သိလား။ သိပ်လဲအားမငယ်ပါနဲ့။´
မချောကို ချော့သိပ်မှုတစ်လှေကြီးနှင့်ထားခဲ့ပြီး ပင်ပန်းစွာအိမ်ပြန်အနားယူကြသည်။

မျက်ရည်ကင်းမဲ့ဇုန်Hikayelerin yaşadığı yer. Şimdi keşfedin