Chapter 3 (Unicode + Zawgyi)

173 22 0
                                    

Chapter 3
အခန်း(၅)

စာမေးပွဲက တစ်ဖြည်းဖြည်းနီးလာသည်။ တိတိကျကျပြောရလျှင် (၁၀)ရက်သာ လို တော့သည်။ကျောင်းချိန်ရောကျူရှင်ပါ မပျက်အောင် ကြိုးစားနေရသည်။ အပျော်အပါး၊ အလေ အလွင့်လျော့ရသည်။ နေ့လည်နေ့ခင်း အားသည့် အချိန်တွင် စာကြည့် စာကျက် လုပ်ရသည်။ ညဖက်တွင် ဂစ်တာတီး သီချင်းမဆိုနိုင်တော့ပဲ စာသာ တွင်တွင်လုပ်ရတော့သည်။
'ကိုညီ၊ ဘယ်ဘာသာကြည့်နေတာလဲ´
သြော် ညီလေး၊ ချစ်ရတဲ့ညီလေး၊ ကိုယ်သိပ်ချစ်ရတဲ့ညီလေး။ ကိုယ့်ကို သိပ်ချစ်ပါတယ် ဆိုတဲ့ညီလေး။
သုတခက လတ်ဆတ်လန်းဆန်းနေသည်။
'Eco ကြည့်နေတာ၊ ဒီတစ်ပုဒ်က test tutorial မေးထားတာဆိုတော့ အရေးကြီးမလားလို့။ဘာလို့လဲ´
'ဒီပုစ္ဆာကို မတွက်တတ်လို့။ ရှင်းပြခိုင်းချင်လို့။´
'အမ် ပေး ဘယ်ဟာတုန်း´
'ဒီတစ်ပုဒ်။ ANOVA table နဲ့တွက်ရတဲ့ဟာ။´
'OK ဒီမှာကြည့်´
အကြမ်းစာရွက်များပေါ်တွင်တွက်ပြလိုက်သည်။စာရှင်းပြချိန်တွင် 'အင်း´၊ 'အဲ´ လုပ်ပြီး နားထောင်နေသော သုတခကို ခိုးခိုးကြည့်ရသည်။ ကော့ညွှတ်နေသော မျက်တောင် လေးများက ပုတ်ခတ်ပုတ်ခတ်နှင့်။ ပါးစပ်ကို လဲ တွန့်လိုက် ကျိတ်လိုက် လုပ်နေတတ်သည်။ တစ်ခါတစ်ခါ သူ့ကို ငေးကြည့်နေတတ်သည်။
'နားလည်လား။´
'ဟင့်အင်း သိပ်နားမလည်ဘူး။´
'အေး ဘယ်နားလည်မလဲ။ ကိုယ့်ကိုပဲ ခိုးကြည့်နေတာကို။´
'ဟာ………….. မကြည့်ပါဘူး။´
ရဲတွက်ပါးသော ပါးလေးများ၏ မွှေးမြနေသော ရနံ့က သင်းပျံ့နေသည်။
'ဘာအခုမှ ရှက်နေတာလဲ၊ ကြည့်တယ်ဆိုကြည့်တယ်ပေါ့။´
'ဟာ မကြည့်ပါဘူး။ သူကမှ ရှင်းအောင် မရှင်းပြလို့မရတာကို သူ့ကို ခိုးကြည့်လို့လေး ဘာလေးနဲ့´
'ကြည့်ပါတယ်။ မင်းခိုးကြည့်တာ ကိုယ်မြင်တယ်။´
'မြင်တယ်ဆိုရင် သူလဲခိုးကြည့်လို့နေမှာပေါ့။ ခိုးကြည့်တဲ့သူပဲမြင်တာ။´
'ဟုတ်တယ် ကိုယ်ကခိုးကြည့်တယ်။ ဘာဖြစ်လဲ ကိုယ့်ချစ်သူလေးကို ခိုးကြည့်တာ ဘယ်သူဘာပြောမလဲ။´
'အာ… တိုးတိုးပြောစမ်းပါဗျ။ အရူးကြီးကျနေတာပဲ´
'ဟုတ်တယ်ရူးတယ်ဘာဖြစ်လဲ၊ မင်းကို ချစ်လို့ရူးတယ်။ ဘာဖြစ်လဲ´
'ကိုယ့်ဘာသာရူးတာ ကိစ္စမရှိဘူး။ ကျွန်တော်က အရူးလင်လုပ်ရမှာ မဖြစ်ပါဘူး။´
'အယ် ဒီကောင်လေး။ ငါ့ကိုစိန်ခေါ်တယ်။ တွေ့မယ်။ ငါ့အကြောင်းကောင်းကောင်း သိမယ်။ လာစမ်း´
သုတခကို ဖက်ချုပ်လိုက်ပြီး ပါးနှစ်ဖက်စလုံးကို ဘယ်ပြန်ညာပြန် မွှေးကြူပစ်လိုက် သည်။ ရယ်မောရင် ရုန်းကန်ရင်း၊ လုံးထွေးရင်း အသံများကျယ်သွားသည်။
'ဒုန်း…………………….´
တစ်ဖက်ခန်းမှ ဖရုဿဝါစာတစ်သီကြီးရွတ်သံကြားမှ သုတခက  သူ့နှုတ်ခမ်းဖျားပေါ် လက်ညှိုးလေး ဖြတ်ပြီး တိုးတိုး ဟုပြောသည်။ ဟုတ်ပါသည်။ အချိန်က မနက် ၁ နာရီပင် ရှိနေပြီမဟုတ်လား။
'ချစ်တယ်ညီလေးရယ်………….။´
'ကျွန်တော်လဲချစ်ပါတယ်ဗျာ။ ဒါပေမယ့်………´
'ဒါပေမယ့် ဘာလဲ။´
'ဘာမှမဟုတ်တော့ပါဘူး။´
သက်ပြင်းနှင့်ရောချလိုက်သော သုတခကို အားမရစွာ လှည့်ကြည့်လိုက်သည်။
'ညီလေးရယ်။ ဘာလို့ မင်းကိုယ့်အချစ်တွေကို မယုံကြည်ရတာလဲ၊ ကိုယ့်အချစ်က မင်းတွေ့ဖူးတဲ့ ခပ်ညံ့ညံ့ တက္ကသိုလ် အချစ်ဇာတ်လမ်းလိုမျိုးမဟုတ်ဘူး။ ကိုယ် ဘယ်လို ကျိန် ပြောရမှာလဲကွာ၊ မင်းကို ကိုယ်ချစ်တာ တစ်ဘ၀စာကိုချစ်တာပါ။ အထိအတွေ့ မှာ သာယာ တာမျိုးမဟုတ်ပါဘူး။ ခဏတာ ကျောရရုံကြံတာမျိုးလဲမဟုတ်ဘူးကွာ၊ မင်းရင်ဆိုင်ရဲရင် မင်းနဲ့ ဘ၀တစ်ခု တည်ဆောက်ချင်သူပါ…။´
'အစ်ကိုရယ်……………´
ရင်ခွင်ထဲ တိုးဝှေ့လာသော ခေါင်းလေးကို ကြင်နာစွာ ပွတ်သတ်လိုက်သည်။
'ညီလေး.…´
'ခင်ဗျာ…´
'ကျောင်းပိတ်ရင် မပြန်ပါနဲ့လား၊ ကိုယ်တို့ဒီမှာ အတူတူနေရအောင်လေ။ သူများတွေပြန်သွားရင် ကိုယ်တို့နှစ်ယောက်တည်း လွတ်လွတ်လပ်လပ်နေလို့ရမှာ။´
'ဟင်း………………..။ နေချင်တာပေါ့အစ်ကိုရယ်..။ ဒါပေမယ့် မဖြစ်ဘူး။ ဒီတစ်ခေါက် တော့ ပြန်ရမှာ။ အိမ်မှာအလှူလုပ်မှာဆိုတော့လေ။ ကျွန်တော်က အစ်ကို့ကိုတောင် ဖိတ်မလို့။´
'အဲလိုဆိုရင်တော့ ကိုယ်လဲ လိုက်ဖြစ်မှာမဟုတ်ဘူး၊ အစ်ကိုလဲ အိမ်မှာ ကိစ္စလေးတွေ တော့ရှိတယ်။ ညီနဲ့နေချင်လွန်းလို့သာ ပြောမိတာ။´
'နှစ်လထဲမှာအစ်ကိုရယ်။ ခဏလေးနဲ့ ပြီးသွားမှာပါ။ ကျောင်းဖွင့်မှပဲ စောစောလာကြ တာပေါ့။ နော်´
'အင်းပါ။ ဟုတ်ပါပြီ၊ ဒါပေမယ့်နော် ကြိုပြောထားမယ်။ ကျောင်းပြီးရင် အစ်ကိုနဲ့ အတူတူ နေရမယ်။ အစ်ကို မင်းကိုရှာကျွေးနိုင်ပါတယ်ကွာ။ ညီလေး နေရဲလား။´
'နေရဲလားဆိုတော့………….။ နေတော့နေချင်တာပေါ့အစ်ကိုရယ်။ အစ်ကို ကျွန်တော့်ကို ချစ်နေသရွေ့အစ်ကို ကျွန်တော့်ကို မထားသွားသရွေ့ ညီ အစ်ကို့ဘေးနားမှာ အမြဲတမ်းရှိနေမယ်။´
'ညီကလဲ ဘာတွေပြောနေတာလဲ။ အစ်ကို ညီ့ကို ဘယ်တော့မှ မုန်းမသွား။ ထားမသွားဘူး၊ ချန်မသွားဘူး။ စိတ်ချ၊ ညီသာ ကိုယ့်ဘေးနားမှာရှိနေပေးမယ်ဆိုရင် ဘယ်တော့မှ ခွဲမသွားဘူးစိတ်ချ။ ကိုယ် ကျိန်ဆို ကျိန်ပါ့မယ် ညီလေးရယ်…။´
တွန်းခနဲ့ ရင်ခွင်ထဲက ရုန်းထွက်လိုက်သော သုတခ၏ မျက်၀န်းများက လဲ့ကြည်တောက်ပနေသည်။
'အဲလောက်မလိုပါဘူးဗျာ။ ဒါမျိုးက အပြောစောလို့မရသလို၊ သက်သေပြလို့လဲ မရပါဘူး။ မိုးလင်းလာတဲ့ နေ့သစ်တိုင်း နေ့သစ်တိုင်းက သက်သေဖြစ်လာမှာပါ။´
သုတခ၏အချစ်ကို ရလိုက်သော်လည်း သုတခယုံကြည်မှုကို အခုထိ သူရအောင် မကြိုးစား နိုင်သေး။ အမြဲတမ်းစိုးရိမ်၊ အားငယ်တတ်သော သုတခကို သူ ဘယ်လိုပဲ ပြောပြော၊ ဘယ်လောက် ပဲပြောပြော မရ။ စိုးရိမ်မြဲ စိုးရိမ်ဆဲပင်ဖြစ်သည်။
'ဟင်း………….။´
ဒီတစ်ညအဖို့ သက်ပြင်းချရင်း သက်ပြင်းချရင်းနှင့်ပင် မိုးလင်းသွားလိမ့်မည်။
'အိပ်တော့မလားဟင်၊ ကျွန်တော်သွားတော့မယ်။´
'ဒီမှာ အိပ်ပါလား။´
တစ်ယောက်ကတင်မှာ နှစ်ယောက်အတူတူအိပ်ခြင်းက ဒါပထမဆုံးအကြိမ် မဟုတ်သဖြင့် သုတခက သည်းသည်းထန်ထန်မငြင်းပဲ၊ ပြုံးသာ ပြုံးပြလိုက်သည်။
'မအိပ်ချင်သေးဘူး အစ်ကိုရဲ့။ ညအလင်းဆိုင်မှာ မုန့်သွားစားရင်ကောင်းမလားလို့ စဉ်းစားနေတာ။´
'အမ် အစ်ကို့ကို ခေါ်လည်းမခေါ်ဘူး။´
'မခေါ်ဆို သွားမှမသွားရသေးတာ။ လိုက်မလားလို့ အဖော်စပ်မလို့ စကားဦးသန်းပြနေတာ။´
'စကားဦးလဲ သန်းမပြနဲ့၊ စကားပလ္လင်လဲ ခံမနေနဲ့၊ သွားမယ်။ အစ်ကိုလဲလိုက်မယ်။´
'Ok ဒါတွေဒါတွေကြောင့် အစ်ကိုကြီးကို ချစ်ရတာ။´
ပြုံးချို ရွှင်ပြနေသော သုတခကို ရွတ်ကနဲ့ နမ်းလိုက်သည်။
'ဘာလဲ တစ်ယောက်တစ်စီးသွားမလုိ့လား။ ကျွန်တော့်ဆိုင်ကယ်နဲ့သွားမယ်လေ။´
ဆိုင်ကယ်သော့ယူလိုက်သော သူ့လက်များတွန့်သွားသည်။
'ဟုတ်ပါပြီး ကောင်းပါပြီ။ ဆီတော့ရှိပါတယ်နော်။´
'ရှိပါ့ဗျာ။ အပြည့်အပြည့်။ ဆီမရှိလဲ ဆီးထည့်မောင်းမှာပေါ့။´
'ဆီးထည့်မောင်းလို့ရရင် ကောင်းတာပေါ့။´
အဆောင်ပေါ်ကနေ စကားတပြောပြောနှင့်ဆင်းလိုက်သည်။ စာကြည့်နေကြတဲ့သူနဲ့၊ အိပ်နေကြတဲ့သူတွေ၊ ပြီးတော့ ဖဲဝုိင်းကလဲကောင်းနေဆဲ။ မိန်းကလေးအဆောင်ရှေ့မှာ ဂစ်တာသွားတီးတဲ့တစ်ချို့ကလဲ ပြန်မလာကြသေး။
'ရော့အစ်ကိုမောင်း´
ဆိုင်ကယ်သော့ကို ယူလိုက်ပြီး ဆိုင်ကယ်ပေါ်တက်လိုက်သည်။ အဆောင်မှုးကို မုန့်သွားစားမလို့ဟု တစ်ခွန်းတည်းပြောခဲ့သည်။
'စာတွေရပြီလား။´
ပြောစကားကို ကြားနိုင်ရန် ရှေ့တိုးလာသော သုတခ၏ ရင်ဘတ် ကျောပြင်တစ်ခု လုံးကို ထိကပ်နေသည်။
'ရတဲ့ဟာတော့ရတယ်။ မရတဲ့ဟာတော့ မရဘူး။ ဒါပေမယ့် အောင်မှတ်တော့ ရတန်ကောင်းပါရဲ့။´
နားနားကပ်ပြောသော သုတခ၏ လေသံက နွေးထွေးလှသည်။ တဟူးဟူးတိုက်သော လေနှင့် ကပ်ပါလာသော တမာနံ့မွှေးမွှေးက လူကိုလန်းဆန်းစေပြန်သည်။
'ဂုဏ်ထူးတန်းပါမလား။´
'အာ…. အောင်မှတ်တောင်မှ ရတန်ကောင်းပါရဲ့ဆိုနေ ဘယ်နှယ့် ဂုဏ်ထူးတန်း ရမှာတုန်း၊ supply မထိရင်ပဲ ၀မ်းသာနေရမှာ။´
ခါးကို တင်းတင်းကျပ်ကျပ်ဖက်ထားသဖြင့် သုတခရယ်လျှင် တစ်သိမ့်သိမ့်တုန်နေ သည်။
'အိပ်မက်လေးထဲ…. လာမှလားကွယ်…. လာနိုင်ပါတယ်၊ ပြန်လည်ထွက်မသွားနဲ့……
ဒီရင်မှာအမြဲတမ်း… နေပါတော့ကွယ်….ဒီရင်ဟာ မင်းအတွက်… အလုံခြုံဆုံးပဲ…´
ထူးအိမ်သင်၏ 'ခွင့်မပြု´သီချင်းကို ညည်းဆိုလိုက်သည်။
'အိုး….အချစ်ရယ်… နိုး နိုး၊ မုန်းမသွားနဲ့နိုး နိုး၊ ခွဲမသွားနဲ့ နိုး နိုး၊ ခွင့်မပြုနိုင်ဘူး…။
ကိုယ်မငိုချင်လို့ပါနိုး နိုး………………… မုန်းမသွားနဲ့နိုး နိုး၊ ခွဲမသွားနဲ့ နိုး နိုး၊  ခွင့်မလွှတ်နိုင်ဘူး ကိုယ်မငိုချင်ဘူးကွယ်………..။´
တစ်ချို့အပိုဒ်များကို သုတခကပါ လိုက်ဆိုသည်။ အသံများက တဖြည်းဖြည်း ကျယ်လာသည်။ သီချင်းတစ်ပုဒ်ပြီးတော့ အခြားသီချင်းတစ်ပုဒ်ကို ဆက်ဆိုကြသည်။
ငြိမ်သက် တိတ်ဆိတ်နေတဲ့ ကျောက္ကာလမ်းမကြီးရယ်။ တရွေ့ရွေ့ပြေးနေတဲ့ ဆိုင်ကယ်လေးတစ်စီးရယ်၊ ကိုယ်တို့နှစ်ယောက်ရယ်။ ပြီးတော့လမင်းကြီးမရှိပေမယ့် လင်းလက်နေတဲ့ ကြယ်လေးတွေရယ်။ တိုက်လေနဲ့ ပါလာတဲ့တမာနံ့သင်းသင်းလေ။
အိုး……………… ကိုယ့်ဘ၀မှာ ဒါဟာ လောကနိဗ္ဗာန် ပါပဲချစ်သူရယ်…။

မျက်ရည်ကင်းမဲ့ဇုန်Donde viven las historias. Descúbrelo ahora