chapter 7(uni +zawgyi)

105 10 0
                                    

Chapter 7
အခန်း(၁၃)

'တို့ဆောက်တည်မယ် အိမ်လေးရယ် လေမုန်တိုင်းနဲ့ နှင်းတွေထဲ.......................
  ဘယ်လိုမှပြောင်းလဲမသွားမယ့်အချစ်တွေ..........................
  ကံကြမ္မာရဲ့လှည့်ကွက်များအလယ်မှာ..................
   မပြိုပါနဲ့အချစ်အိမ်လေး´
ကိုပေါက်တို့ခြံမှ လွင့်ပျံလာသော  ဟန်ထွန်း၏ အိမ်သီချင်းကို သူ့ခံစားချက်ကို ထိုးနှပ် နေသလိုပင်။  လက်သီးကို တင်းတင်းဆုတ်ရင်း ချွေးဒီးဒီးကျအောင် အံကြိတ်ထားလိုက်သည်။
'လူကြီးတစ်ယောက်လာခေါ်သွားတယ်။ ဘာမှတော့မမှာသွားဘူး။ ကိုသွေးဆိုလား။ ခေါ်သံတော့ကြားလိုက်တယ်။´ ဟုပြောသော ကိုပေါက်ကိုပင်ဒေါသပေါက်ကွဲပစ် ချင်မိသည်။ ဣိနြေ္ဒထိန်းပြီး ခြံထဲ၀င်လာသော်လည်း ရင်ထဲတွင် ငရဲအိုင်ပွက်သလို ဆူလောင်နေသည်။
'မင်းသူငယ်ချင်းက အရမ်းချစ်ဖို့ကောင်းတယ်နော်။ so cute.´
'သုတခက မင်းနဲ့နေရတာ ပျော်တယ်တဲ့လား။´
'သူတော်တော်လေးပင်ပန်းတယ်ထင်တယ်နော်။ ပိန်လဲပိန်သွားတယ်။ အသားတွေလဲ မည်းလို့´
ကိုသွေးတေဇ၏ စကားက နားထဲတွင်ထပ်ခါထပ်ခါပဲ့တင်နေသည်။ သွေးရူးသွေးတန်း ဖြင့် နားမနှစ်ဖက်ကို ပိတ်ပြီး အားရပါးရ အော်လိုက်သည်။ သို့သော် ရင်ထဲဒဏ်ရာ ပေါ့မသွား ပိုမိုပြင်းထန်လာသည်။ မငိုဘူးဟု အားတင်းထားရင်းက မျက်ရည်များဝဲကျလာသည်။
'ကိုသွေးက သဘောကောင်းတယ်နော်။´
'ကိုသွေးတို့စတိုးမှာ အလုပ်သွားတောင်းရင်ကောင်းမလား။´
'ကိုသွေးက အရမ်းချမ်းသာတယ်နော်။ သူသုံးတဲ့ပစ္စည်းတွေလဲမိုက်တယ်။´
သုတခ ကြည်နူးစွာပြောခဲ့သည့်စကားများ နားထဲပြည့်လျှံလာသည်။
ချစ်ရယ် ကိုယ့်ဘဝလေးက မလုံခြုံလို့ ထွက်သွားချင်နေတာလား။ ကိုသွေးနဲ့ယှဉ်လိုက် ရင် ကိုယ်ကအရာရာ နွမ်းပါးသူပါ။ကိုသွေးနားမှာချစ်ပျော်ရွှင်နေတယ်ဆိုတာမောင်သိပါတယ်။ မောင်လဲ အဲလိုထားပေးနိုင်တဲ့သူဖြစ်ချင်ပါတယ်။ ဖြစ်နိုင်အောင်လဲ မောင်ကြိုးစား နေပါတယ်။ ချစ်ရယ်..... မောင့်ကို မထားခဲ့ပါနဲ့လား။ ချစ်မရှိရင် မောင့်ဘ၀ရဲ့လုပ်ရပ်တွေ အားလုံးအဓိပ္ပါယ် မဲ့နေလိမ့်မယ်။
'တို့နှစ်ယောက်ရဲ့အိမ်လေးရယ်... ပျော်ရွှင်ခြင်းအပြည့်ရှိချင်ခဲ့..............
  မပြိုပါနဲ့ချစ်အိမ်လေး......................
  ကြမ်းတမ်းလွန်းတဲ့ ဒီမုန်တိုင်းတွေထဲ အတူရင်ဆိုင်ရဲရင့်မယ်.......................
  မပြိုပါနဲ့ချစ်အိမ်လေး
  မပြိုပါနဲ့ချစ်အိမ်လေး ´
'တော်ပါတော့။ တော်ပါတော့ မနှိပ်စက်ပါနဲ့တော့။ သီချင်းပိတ်ပေးပါတော့။´
အာခေါင်ခြစ်အောင် ခြံထဲ အော်ဟစ်နေမိသည်။ အိပ်ရာပေါ်တွင် လူးလှိမ့်ပြီး ငိုကြွေးနေ မိသည်။ ခြံရှေ့မှကြားရသော ဆိုင်ကယ်ရပ်သံကြောင့် မျက်ရည်များကို ကြမ်းတမ်းစွာသုတ်ပစ် လိုက်ပြီး လှဲနေလိုက်သည်။ ခြံထဲ၀င်လာသော ချစ်၏ ခြံသံများ၊ အိမ်ထဲ၀င်လာသောခြံသံများ က ပေါက်ကွဲအမှတ်ကို ထိရန် အတော်လေးနီးစပ်နေမှန်းသိလိုက်သည်။
'မောင်.. နေမကောင်းဘူးလား။´
နဖူးကို စိတ်ပူကြင်နာစွာ လာစမ်းသော ချစ်၏ လက်ကို ဆွဲဖမ်းလိုက်သည်။
'ကောင်းပါတယ်။ ဘယ်သွားနေတာလဲ။ ဟင် ဘာဖြစ်လာတာလဲ မျက်နှာရဲနေတာပဲ။´
မို့အစ်နေသော မျက်လုံးများကြောင့် စိုးရိမ်ပူပန်စွာမေးလိုက်သည်။
'ဟုတ်တယ်။ မြို့ထဲခဏသွားတာလေ။ နေအရမ်းပူတာပဲ။  ဒီမှာ မောင်သိပ်ကြိုက်တဲ့ ရေခဲမုန့်၀ယ်လာတယ်။´
နေအရမ်းပူတယ်။ တစ်နေ့လုံးမိုးအုံ့နေတယ်လေ။ မင်းတောင်ဒီမနက်က ပြောသွား သေးတယ်မဟုတ်လား။ ဆောင်းရာသီကြီးမှာ မိုးရွာရင်ဒုက္ခပဲဆိုပြီးတော့လေ။ အခုမင်းပြော တော့ နေအရမ်းပူတယ်တဲ့လား။ မင်းမိုးမမြင် လေမမြင်ပျော်ခဲ့တာလား။
'မောင်ပြန်လာတာတောင်မစောင့်ဘူး။ ဘာသွားလုပ်တာလဲအချစ်ရယ်။ ဘယ်သူနဲ့ သွားတာလဲ။´
ဆက်ကနဲ့ တုန်သောကာ လက်ကို ပြန်ရုတ်လိုက်သော ချစ်ကို ကြည့်ပြီးဒေါသများ တလူလူ ပြန်ထွက်လာသည်။ မလုံမလဲကြည့်နေသော မျက်၀န်များကို အလိုလိုရွံရှာနေမိသည်။
'အဲ..အင်း...ဒီလိုပါပဲ။..နည်းနည်းကိစ္စရှိလို့။...ဟိုလေ အောင်စာရင်းတွေ ထွက်တော့ မယ် သိလား။´
ထစ်ထစ်ငေ့ါငေ့ါနှင့် ပြောနေကာ စကားလမ်းကြောင်းလွဲလိုက်သော ချစ်ကို အားမရစွာ ထပ်မေးလိုက်သည်။
'ဘယ်သူနဲ့သွားတာမို့လို့ အဲလောက်တုန်လှုပ်နေရတာလဲ။ ဟင် ပြောလေ။´
'မောင်..။ မောင်ဘာတွေဖြစ်နေတာလဲဟင်။ ချစ်ဘာလုပ်မိလို့လဲ။´
'ဘာလုပ်မိလဲ။ ဟုတ်လား။ ခုဘယ်သူနဲ့ဘယ်သွားပြီး ဘယ်ကပြန်လာတာလဲလို့ မေးနေတာလေ။´
'ချစ်ကို မအော်ပါနဲ့။ ချစ်အမှန်အတိုင်းပြောပါ့မယ်။ ချစ်.. ကိုသွေးနဲ့ ကိစ္စတစ်ခုရှိလို့ လိုက်သွားတာ။´
'ဘာ။ ကိုသွေးနဲ့ကိစ္စတစ်ခုရှိလို့ဟုတ်လား။´
'အဲ မဟုတ်ဘူး စကားမှားလို့။ အဲလိုမဟုတ်ဘူး။´
'ဒါဆိုဘယ်လိုလဲ။´
'ကိုသွေးနဲ့သွားတာတော့ဟုတ်တယ်။ ဒါပေမယ့်..´
'တော်တော့။ မင်းဘာမှဆက်မပြောနဲ့။ ငါအတန်တန်တားတဲ့ကြားက မင်းအဲဒီလူ နောက်ကိုလိုက်သွားရသလား။´
'မောင် အဲလိုမပြောပါနဲ့။ ချစ်လိုက်သွားတာက..´
'မပြောနဲ့။ မင်းမပြောနဲ့။ မင်းလိမ်ဖို့ညာဖို့ မင်းကြိုတင်ပြင်ဆင်ထားပြီးပြီ။ မင်းဘာမှမပြောနဲ့။´
ဟုတ်တယ်။ မင်းမပြောလိုက်နဲ့။ မင်းရဲ့ ကလိမ်စေ့တွေ ထပ်မကြားချင်ဘူး။
နာနာကျင်ကျင်ငိုနေသော သုတခကို ရက်ရက်စက်စက်မျက်နှာလွှဲလိုက်မိသည်။
'မောင်ရယ်။ ချစ်ကို အဲလိုမထင်လိုက်ပါနဲ့။ ချစ်တောင်းပန်ပါတယ်။ ချစ်မှားပါတယ်။ မောင်က ကိုသွေးနဲ့ မခေါ်နဲ့လို့ အတန်တန်ပြောတဲ့ကြားက ဖြစ်အောင် လိုက်သွားတာ ချစ်မှားပါတယ်။ မောင့်ကို ဒီလိုအတွေးမျိုးဖြစ်လာစေအောင် ပြုမူနေထိုင်တာ ချစ်မှားပါတယ်။ ဒါပေမယ့် မောင်ထင်သလိုမဟုတ်ဘူး။ မောင်ထင်တာမှားနေတယ်။´
'ဘာ ငါမှားတယ် ဟုတ်လား။ အေးဟုတ်တယ်။ ငါမှားတယ်။ မင်းကို ယုံကြည်မိတာ ကိုက ငါမှားတာ။ မင်းနဲ့ဘ၀တစ်ခုတည်ထောင်ဖို့စဉ်းစားတဲ့ငါကိုယ်က မှားတာ။ ဟုတ်ပါတယ် ငါ့ရဲ့အမှားတွေပါ။ ငါ မှားသွားတာပါ။´
'မောင် အဲလိုမပြောနဲ့။ ချစ်ကိုအဲလိုမထင်ပါနဲ့။ ချစ်တောင်းပန်ပါတယ်။ ချစ်ကို အဲလိုမပြောပါနဲ့၊ ချစ်ရှိခိုးပြီးတောင်းပန်ပါတယ်မောင်ရယ်။ ချစ်ကို မနှိပ်စက်ပါနဲ့။´
လက်အုပ်လေးချီပြီး တောင်းပန်နေသာ ချစ်က သူ့ရင်ထဲနာကျင်စေပါသည်။ သို့သော် သွေးတေဇအကြောင်းကိုလဲ သူသိသည်။ ဘယ်လိုယုံကြည်ရမှာလဲ။
'မင်းငယ်ပါသေးတယ် ညီခေတ်လင်းရာ..။ မင်းမယုံရင်စောင့်ကြည့်လိုက် သုတခ ဆိုတဲ့ကောင်လေးက ငါ့ရင်ခွင်ထဲကို လုံးနေအောင်ပြေးလာမှာပါ။´
ကိုသွေး၏ အဆီပြန်နေသော မျက်နှာနှင့် အပြုံးများကဆိုးဝါးစွာ ခြောက်လှန့်နေသည်။ အချိန်အခါမဟုတ် ရွာသည့်မိုးကလဲ ငြိုးလွန်းနေသည်။
'တော်ပြီ။ ဘာမှဆက်မပြောနဲ့တော့။ မင်းပျော်တဲ့သူဆီမှာ မင်းသွားတော့။´
'မောင်.................´
နာနာကျင်ကျင်အော်ဟစ်နေသော ချစ်ကို ဥပက္ခာ ပြုနိုင်ရန် ကြိုးစားလိုက်သည်။
'မောင် ချစ်ကို မနှင်ပါနဲ့။ အခြားမောင်လိုချင်တဲ့အပြစ်ပေးပါ၊ ချစ်ခံယူပါ့မယ်။ ချစ်ကို မနှင်ပါနဲ့မောင်ရယ်။ ချစ်တောင်းပန်ပါတယ်။´
'ဟင့်အင်း။ မပြောနဲ့တော့ သုတခ။ ငါ ကိုသွေးအကြောင်းကို ကောင်းကောင်း သိတယ်။ မင်းတို့နှစ်ယောက် ဘယ်လိုပဲကျိန်ကျိန် ငါမယုံဘူး။ ဒီကြားထဲမှာ ငါကြားတာတွေ များကြီးရှိတယ်။ ကျောင်းဖွင့်တုန်းက ကိုသွေးပြောခဲ့ဖူးတဲ့စကားတွေ၊ ဘေးလူတွေပြောဖူးခဲ့တဲ့ စကားတွေ ငါအားလုံးကို လျှစ်လျှိုရှုပြီး မင်းအပေါ်ချစ်ခဲ့တာပါကွာ။ ခုတော့ မင်းက..ဟာကွာ.. မင်းထွက်သွား ငါ့ရှေ့ကနေထွက်သွား မင်းပျော်တဲ့သူဆီမှာသွား´
'ဟင့်အင်းမောင် ချစ်မသွားဘူး.။ ချစ်ကို မနှင်ပါနဲ့ ချစ်မသွားဘူး။ ဘာလို့လဲဆိုတော့ ဒီခြံလေးက..´
စကားရပ်တန့်သွားသော သုတခကို မျက်လုံးစိမ်းများနှင့်လှည့်ကြည့်လိုက်သည်။
'ပြောလေ..။ ဆက်ပြောလေ။ ဘာလဲဒါ မင်းနာမည်ပေါက်တဲ့ခြံလို့ပြောချင်တာလား။ ရတယ်။ အဲဒါဆိုရင်ငါထွက်သွားပေမယ်။ဟုတ်တယ်။ငါမှာတော့မင်းကိုချစ်လိုက်ရတာ။ခုတော့ မင်းက ငါ့ကိုနှင်တယ်ပေါ့လား။ အေး အဲဒါဆိုငါထွက်သွားပေမယ်။ မင်းနေခဲ့။ မင်းပျော်ပျော် ကြီးနေခဲ့။´
စိတ်ဆိုးမာန်ဆိုးနှင့် အိမ်ပြင်ကိုထွက်သွားလိုက်သည်။ လက်ထဲမှာက ဗလာ။
ငါတန်ဖိုးထားခဲ့တဲ့ ချစ်သူကို ငါစွန့်လွတ်ရမှာတော့ ငါဘာတွေကို ယူလာရဦးမှာလဲ။
'မဟုတ်ဘူး။ မဟုတ်ဘူးမောင်။ မောင် ချစ်ကို တစ်ယောက်တည်းမထားခဲ့ပါနဲ့။ မောင်မရှိရင် ချစ်မနေတတ်ဘူး။´
တံမြိတ်စက်နားအရောက်တွင် နောက်မှ ဆွဲထားသော လက်များကို တွန်းဖယ်လိုက် သည်။
ထားသွားရတော့မယ်။ ဒီခြံလေးကို ကျောခိုင်းရတော့မယ်တဲ့လား။ ငါတို့ပျော်ခဲ့တာတွေ မင်းမှတ်မိသေးလား။ ဘ၀တစ်ကွေ့မှာတစ်ခါဖြစ်ဖြစ် မင်းသတိရတယ်ဆိုရင် ငါကျေနပ်ပါတယ် ကွာ။ မင်းပျော်ရွှင်နိုင်ပါစေလို့ ငါဘယ်လိုဆုတောင်ပေးနိုင်မှာလဲ။
'မောင်။ ထွက်မသွားပါနဲ့မောင်ရယ်။ ချစ်တောင်းပန်ပါတယ်။ ချစ်ဘ၀မှာ မောင်ပဲရှိတာပါ။ ချစ်ကို ထားမသွားပါနဲ့နော် မောင် နော်။´
မျက်ရည်များက မိုးစက်များနှင့်ရောထွေး ပျောက်ကွယ်သွားသည်။
မှတ်မိသေးပါတယ်လေ။ မင်းကိုချစ်ရေးဆိုတဲ့နေ့တုန်းကလဲ။ မိုးတွေရွာခဲ့တာ။ အဲဒီတုန်းကလဲ မင်းငိုသေးတယ်လေ။ ဒါပေမယ့် အဲဒီနေ့တုန်းက ကျတဲ့မျက်ရည်က ဒီလိုမှမဟုတ်တာ။ မင်းဟန်မဆောင်ပါနဲ့လား။
တစ်ယောက်နှင့်တစ်ယောက် မိုးရွာထဲ တွန်းထုတ်ရင်း၊ ဆွဲငင်ရင်း လုံးထွေးရင်း၊ ပြိုလဲ ရင်းနှင့်ပင် ခြံတံခါးဝရောက်လာသည်။ ခြံတံခါး၀တွင် ရပ်နေသော ဆိုင်ကယ်တစ်စီးကို ရုတ်တ ရက်လှမ်းမြင်လိုက်ချိန်တွင် သရဲခြောက်ခံရသူတစ်ဦးပမာ လိပ်ပြာလွင့်စင်သွားသည်။ နောက်မှ ဆွဲထားသော လက်တစ်စုံ၏ အားလျော့လစ်ဟာမှုကို ခံစားလိုက်ရသည်။
'ချို..´
'ဟင်..´
သုတခကိုတစ်လှည့် ချိုကိုတစ်လှည့် ကြည့်လိုက်သည်။ သွေးဆုပ်ဖြူရော်သွားသော သုတခ၏ မျက်နှာက သဘာ၀လွန်ခြောက်ခြားဖွယ်ဖြစ်ရပ်တစ်ခုကို တွေ့မြင်ရသူတစ်ယောက် လို ပျက်စီးနေသည်။
'မောင်...ချစ်နားလည်ပါပြီ။ မောင်သွားလို့ရပြီ။ ကိုသွေးပြောတာတွေ မှန်...တယ်...´
အရုပ်ကြိုးပျက်ပမာ မြေကြီးပေါ်လဲကျသွားသော သုတခကိုမြင်လိုက်ရချိန်တွင် သူ့နှလုံးသားတစ်ခုလုံးပါ ပြုတ်ကျ ကွဲကျေသွားမှန်းသိလိုက်ရသည်။

မျက်ရည်ကင်းမဲ့ဇုန်Where stories live. Discover now