chapter 5 ( Unicode + Zawgyi)

129 13 0
                                    

Chapter 5

အခန်း(၉)

ကျောင်းနှင့်ကျူရှင်၊ အိမ်နှင့်စျေး လုံးချာလည်လိုက်နေသော ဘ၀၏ မောပန်းမှုများက ပင်ပန်းမှုမမည်ပဲ သာယာပျော်ရွှင်နိုင်ပါသည်။ တံမြိတ်စက်မှ ကျလာသော မိုးရေလေးများကို လက်လှမ်းခံပြီး ဆော့ကစားနေသာ သုတခကိုကြည့်ပြီး သူကြည်ကြည်နူးနူးပြုံးလိုက်သည်။
'ဟူး။ ဒီအတိုင်းဆိုရင် ညနေအပြင်ထွက်လို့ဖြစ်ပါတော့မလား။´
ဒီနေ့က အပြင်ထွက်ထမင်းစားရန်ပြင်ဆင်ထားခြင်းဖြစ်သည်။ ဖက်လက်စ စာအုပ်ကို ဘေးချလိုက်ပြီး သုတခကို လှမ်းခေါ်လိုက်သည်။ လျှပ်စစ်မီးမရှိသော သူတို့၏ အိမ်လေးတွင် LED မီးအလင်းကသာလွမ်းမိုးနေသည်။
'ချစ် လာကွာ။ မောင်ချမ်းနေတယ်။ ချစ်ကိုဖက်ထားချင်တယ်။ လာပါ။´
ဆောင့်ကြီးအောင့်ကြီး ခြေလှမ်းလာသော သုတခကိုဆီးကြိုပွေ့ဖက်ထားပေးလိုက် သည်။
'ချစ်ရယ်…။ မိုးရွာလို့အပြင်မထွက်ရလဲ ဘာဖြစ်လဲ။ အိမ်မှာပဲ နေကြတာပေါ့။´
'အင်းပေါ့´
နှုတ်ခမ်းကို ကြိတ်ပြီး စိတ်လျှော့လိုက်သော သုတခကိုကြည့်ပြီးသူ သက်ပြင်းချလိုက် သည်။
'မောင် အရမ်းပင်ပန်းနေပြီလားဟင်။´
'ဟင့်အင်းမပင်ပန်းပါဘူး။ ပင်ပန်းလဲ ချစ်မျက်နှာမြင်ရရင်ကို အပန်းပြေပါတယ်´
'ဟွန်း အပိုတွေ။ ဒါနဲ့ မနေ့က ဖြေတဲ့ test tutorial မေးခွန်းယူထားသေးလား။´
'အင်း ယူထားတယ် ဘာလို့လဲ၊´
'ချစ်မယူထားမိလို့။ အဖြေရော ရှိလား။´
'ဟင့်အင်း Discussion မှမလုပ်ရသေးတာ´
'အင်း ဟုတ်တော့ဟုတ်ပါတယ်။ဘာလိုလိုနဲ့စာမေးပွဲတောင်နီးလာပြီနော်´
'ချစ် ဒီတစ်ခေါက်ကျောင်းပိတ်ရင် မပြန်ပါနဲ့လား။ ကိုယ်တို့ဒီမှာနေကြအောင်လေ။ ဘယ်လိုလဲ´
'အင်း နေရအောင်လေ။ အိမ်ကို supply ထိတယ်ဆိုပြီးနေခဲ့လိုက်မယ်။ ဖြစ်ပါတယ်။ မောင်လဲမပြန်နဲ့ပေါ့။´
'အင်းလေ အတူတူနေချင်ပါတယ်ဆို။
အသံများက တိတ်ဆိတ်သွားသည်။ ရင်ဘတ်ထဲခိုလှုံနေသော သုတခကိုကြည့်ပြီး လေးလေးနက်နက်စဉ်းစားနေမိသည်။
ချစ်ရယ်… ချစ်ဘ၀ကိုလုံခြုံအောင် မောင်ဘယ်လိုထားပေးရမှာလဲ။ ချစ်ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ၊ သူများအောက်မကျအောင်၊ သူများနဲ့ တန်းတူဖြစ်အောင် မောင်ကြိုးစားနေပါတယ်။ ဆက်ပြီးကြိုးစားသွားပါ့မယ်။ ချစ်သာ ကိုယ့်ဘေးနားမှ ရှိနေပေးပါ နော်။
'ဘာတွေတွေးပြီးသက်ပြင်းတွေ ခဏခဏချနေရတာလဲ။´
'ဒီလိုပါပဲ၊ မောင်တို့နှစ်ယောက်ရဲ့ရှေ့ရေး။ ဘာလုပ်ကြမယ်။ ဘာစားကြမယ်။ ဘယ်လိုဖြတ်သန်းမလဲပေါ့။´
'ဟင်း………။ ဟုတ်တော့ဟုတ်တယ်နော်။ ဒီပန်းခြံလေးနဲ့ကလဲ သိပ်မဖြစ်ဘူး။ ခုလောလောဆယ်က မိဘတွေက ပို့ပေးတယ်ဆိုပေမယ့်။ နောက်ပိုင်းကျရင်တော့ ဘယ်လိုဖြစ်လာမလဲမသိဘူး။´
လေးလေးနက်နက်တွေးနေသော သုတခကို ကြည့်ပြီးတော်တော်လေးခံစားမိသည်။ ခု လောလောဆယ်တွင် မိဘအိမ်ကကျောင်းစရိတ်၊ကျူရှင်စရိတ်နှင့် စားစရိတ်များထောက်ပံ့နေ သော်လည်း နောင်တစ်ချိန်အတွက်က အာမခံချက်မရှိ။ ပန်းရောင်းရငွေကလဲ ဘာမှမဆိုသာ။
'ချစ် တို့ အဝေးသင်ပြောင်းလိုက်ရင်ကောင်းမလားဟင်။´
'ဟာ မဖြစ်ဘူး။ လုံး၀မဖြစ်ဘူး။´
'ဘာလို့လဲမောင်ရဲ့ မိဘတွေမသိအောင်ပြောင်းမှာပဲဟာ။´
'မိဘတွေသိတာမသိတာမဟုတ်ဘူး။ ချစ်ရောကိုယ်ရော ကျောင်းပြီးလို့ အဝေးသင်နဲ့ ဆိုရင်အလုပ်ရဖို့သိပ်မလွယ်ဘူး။ အဲဒီအခါကျမှပိုခက်နေမယ်။ မဖြစ်ပါဘူး။´
'ဟင်း………. ဟုတ်တယ်နော်။ ဒါဆိုဘယ်လိုလုပ်ရမလဲမသိဘူး။´
'ဒီတစ်ခေါက်အိမ်ပြန်ရင် အလုပ်တွေ ကြိုးစားပြီးလုပ်မှဖြစ်မယ်။ ထမင်းစားကျောက် လေး ဖြစ်ဖြစ် ရအောင်ရှာမှရမယ်။´
'ဟင် ခုနပြောတော့ မပြန်ဘူးဆို။´
'အင်း အဲဟုတ်သားပဲ။ ရုတ်တရက်ဆိုတော့မေ့သွားတာပါ။´
အသံများတိတ်ဆိတ်သွားပြန်သည်။ အပြင်မှာက မိုးစဲသွားသော်လည်း ဦးနှောက်ထဲ တွင်အတွေးမိုးများ သည်းနေဆဲပင်။
ချစ်ရယ်…။ ယောက်ျားနှစ်ယောက်ပေါင်းသင်းဖို့ဆိုတာ စိတ်ကူးယဉ်ဆန်သလောက် လုံး၀မလွယ်ဘူးနော်။ ပတ်၀န်းကျင်၊ အသိုင်းအဝုိင်း၊ အဖွဲ့အစည်းတွေကြားမှာ ရပ်တည်ရခက် လိုက်တာ။ အိမ်ထောင်တစ်ခုမှာ လင်ရောမယားပါ စီးပွားရှာရင် မောင်တစ်ထမ်း မယ်တစ်ရွက် လို့ဆိုကြပေမယ့် တကယ့် ယောက်ျားနှစ်ယောက်အတွက် စကားလုံးတွေရှိမှမရှိတာ။
'ဟင်း…………… ချစ်သာ တကယ့်မိန်းကလေးအစစ်ဖြစ်လိုက်ပါတော့ကွာ…´
'ဘုရားရေ………..။ မောင်ဘာပြောလိုက်တာလဲ။´
ရင်ခွင်ထဲမှ တိုးထွက်ပြီး သွေးလန့်စွာပြောလိုက်သော သုတခကို နှစ်သိမ့်ရန်ကြိုး စားလိုက်သည်။
'အ..အဲ မောင်ပြောတာကတကယ်လို့ ချစ်သာမိန်းမဆိုရင်ဒီလောက်မခက်ခဲဘူးလို့ ပြောတာ။ဟိုလေကွာမောင်မပြောတတ်ဘူး ဒါပေမယ့် ချစ်သဘော ပေါက်တယ် မဟုတ်လား။´
'ဟုတ် ချစ်သိပါတယ်။´
အတန်ငယ်တိတ်ဆိတ်သွားပြီးမှထွက်လာသော စကားကို သူခေါင်းညိတ်လက်ခံလိုက် သည်။ သုတခကို ရင်ထဲပြန်ဆွဲသွင်းလိုက်ပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။
ချစ်ရယ်….. မောင်ပြောချင်တာက မောင်တို့ဘ၀ ပိုပြီးချောမွေ့နိုင်လိမ့်မယ်လို့ ထင်လို့ပါ။
ရင်ဘတ်နေရာမှ စိုထိုင်းပူနွေးမှုကို ခံစားလိုက်ရသည်။
'ချစ်.. ဟင် ချစ်ငိုနေတာလား။´
'ဟင့်အင်း မဟုတ်ပါဘူး။ မောင်ဖက်ထားတာ တအားမွန်းလို့ချွေးပြန်သွားတာပါ။ မိုးတောင်တိတ်သွားပြီပဲ။ အိမ်သာခဏသွားလိုက်ဦးမယ်။´
ရင်ခွင်ထဲမှ သုတခ ရုန်းထွက်သွားတော့ ရင်ဘတ်တစ်ခုလုံးလစ်ဟာသွားသည်။
ချစ်ရယ်။ ဒီလို ခဏလေးခွဲထွက်သွားတာတောင် မောင်ရင်ပူတကယ်ကွာ။ သိပ်ချစ်တယ်။ ဒီစကားကိုပဲ ခဏခဏပြောချင်တယ်။ ထွက်မသွားပါနဲ့ ထားမသွားပါနဲ့လို့ ခဏခဏပြောချင်တယ်။ အားမငယ်ပါနဲ့ ၀မ်းမနည်းပါနဲ့လို့ ခဏခဏပြောချင်တယ်။ အားတင်းထားပါ။ ရဲရင့်ပေးပါလို့ ခဏခဏပြောချင်တယ်။  ယုံကြည်ပေးပါ။ အားကိုးစမ်းပါလို့ ခဏခဏပြောချင်တယ်။ ချစ်ရှောင်ပြေးသွားမှာကို စိုးရိမ်တယ်။ ချစ်ထားသွားမှာကို တွေး ကြောက် တယ်။ ချစ်အားငယ်မှာကို ပူပန်တယ်။ ချစ်ရယ်…  ချစ်ကို မောင်ချစ်တာ။ ဆေးကို စွဲနေသလိုမျိုးကို စွဲလမ်းရူးသွပ်နေသူပါ။
အတွေးများနှင့် နက်နဲစွာပျော်၀င်ရာမှ ရုတ်တရက် သုတခကို သတိရမိသည်။ အိမ်သာသွားမည်ဟုပြောသွားသော်လည်း ကြာသင့်သည်ထက် ပိုကြာနေပြီ။ အလင်းအိမ် လေးကို ဆွဲယူပြီး အိမ်သာဖက်ကို ခပ်သွက်သွက် သွားကြည့်လိုက်သည်။
'ချစ်ရေ………… ချစ်…………..´
ခဏမတွေ့တာနဲ့ကို စိတ်ပူတယ် ချစ်ရယ်။ ချစ်ဘယ်ရောက်နေလဲ။ ချစ် ပြောသွားတဲ့နေရာမှာ ဘာလို့မရှိရတာလဲ။
'ချစ်………………´
ခုံတန်းလေးပေါ်တွင် ကျုံ့ကျုံ့လေး ထိုင်နေသာ သုတခကို ကျောပြင်ဖက်မှ သိုင်းဖက် လိုက်သည်။
'ချစ်ရယ်….. ဘာလို့၀င်မလာသေးတာလဲ။ ဟင် ချစ်ငိုနေတယ်။ ဘာလို့လဲဟင်။´
'မောင်….´
ရင်ခွင်ထဲ တိုး၀င်ပြီး အားရပါးရငိုကြွေးနေသော သုတခ၏ ကျောပြင်ကို ပွတ်သပ်ချော့ မြူ လိုက်သည်။
'မောင်… မောင်က မိန်းမလိုချင်တာလားဟင်။ ချစ်ကို မိန်းမဖြစ်စေချင်တာလားဟင်။ ချစ်ကလေ..မောင့်ကိုချစ်တာ မိန်းကလေးတစ်ယောက်က ချစ်သလိုမျိုးမဟုတ်ဘူး။ ယောက်ျား လေးတစ်ယောက်က… သူနဲ့လိင်တူ ယောက်ျားလေးတစ်ယောက်ကို နင့်နင့်နဲနဲ ချစ်သလို မျိုးကိုချစ်တာ။ တကယ်လို့မောင်ပြောသလိုမျိုး နဲ့ ပြောကြေးဆိုရင်။ မောင်ဟာ မိန်းကလေး တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် မောင်ဟာ ဘယ်လောက်ချောချော။ ဘယ်လောက်လှလှ ကျွန်တော်ချစ်မိမှာမဟုတ်ဘူး။ ချစ်နိုင်မှာမဟုတ်ဘူး။ ကျွန်တော် မောင့်ကိုချစ်ရတဲ့ အဓိက အကြောင်းရင်းက မောင်ဟာ ယောက်ျားလေးဖြစ်နေလို့ပါ။ ဒါပေမယ့် ကျွန်တော်ချစ်သလို ကျွန်တော်ထင်သလိုမဟုတ်ခဲ့ဘူး။ မောင်က…….. မောင်က……………….ရပါတယ်။´
'ချစ်.. မဟုတ်ဘူး။ ချစ်ပြောတာ တစ်ခုမှမဟုတ်ဘူး။´
'ဟင့်အင်း စကားတွေ ဖြတ်မပြောနဲ့။ ကျွန်တော်ပြောပါရစေ။ မောင် ဖတ်ဖူးလား မသိ ဘူး။ ဆရာမနုနုရည်(အင်း၀)ရဲ့ ပြုံး၍လည်းကန်တော့ခံတော်မူပါ ရယ်၍ လည်းကန်တော့ခံ တော်မူပါ စာအုပ်ကို၊ အဲဒီစာအုပ်မှာ ဒေစီဂျိန်းကပြောတာလေ။ မင်းမင်းက ပန်းညိုကို ယူမယ် ဆိုတော့ နတ်ကတော်ကြီးက ပြောလိုက်တာ။ 'နင်အခုမိန်းမယူမယ်မဟုတ်လား။ ငါတို့မိန်းမ လျာဆိုတာ ဒီလိုအဖြစ်မျိုးဘယ်နေ့များဖြစ်ပါ့မလဲဆိုတာကို တထိတ်ထိတ်နဲ့ စောင့်နေရတဲ့ ဘ၀ပါ´ ဆိုတာလေ။ ကျွန်တော်အရမ်းကြိုက်တယ်။ ဒီလောကထဲမှာကျင်လည် နေတဲ့သူတွေ မှာ ကြည်နူးစရာဇာတ်သိမ်းရှိသလား။ လိုက်မေးကြည့်လိုက်ပါ။ ထားခဲ့နိုင်တဲ့သူကအချိန်တန် ရင်ထားသွားခဲ့ကြတဲ့သူတွေကြီးပါပဲ။ ခုလဲ မောင်က ကျွန်တော်ယောက်ျားဖြစ်နေလို့ ရင်ဆိုင်ရ မှာ ခက်ခဲနေတယ်မဟုတ်လား ထားခဲ့လိုက်ပါ။ ကျွန်တော်ပြောခဲ့သလိုပဲ။ ကျွန်တော် တစ်ချက် စောဒကတက်မိရင် ကျွန်တော့်ကိုကျွန်တော် ကျိန်စာတိုက်ပစ်လိုက်မယ်။´
'ချစ်ရယ်….။ မောင်မှားသွားတယ်။ မောင်အဲဒီသဘောနဲ့ပြောခဲ့တာမဟုတ်ဘူး။ မောင် ရင်မဆိုင်ရဲလို့ သတ္တိနည်းလို့ အဲဒီစကားပြောတာမဟုတ်ဘူး။ မောင် ချစ်ကိုချစ်တာက မိန်းမ တစ်ယောက်ကိုချစ်သလိုမျိုးမဟုတ်ဘူး။ မောင်သိပါတယ်။ ဟုတ်တယ် တစ်ချိန်တုန်းက မောင် ဟာမိန်းမ တစ်ယောက်ကို ချစ်ကြည့်ဖို့ကြိုးစားခဲ့ဖူးတယ်။ အထိအတွေ့၊ အယုအယ၊ အကြင်နာ တွေအများကြီး ဖန်တီးခဲ့တယ်။ ပေးခဲ့တယ်၊ရလဲရခဲ့တယ်။ဒါပေမယ့်လုံး၀အချစ်ဖြစ်မလာဘူး။ ချစ်ပြောသလိုပဲ။ သူဟာမိန်းမတစ်ယောက်ဖြစ်နေလို့ကိုမချစ်နိုင်ခဲ့တာ။ ချစ် ကျေးဇူးပြုပြီးတော့ မောင့်ကိုထင်မလွဲပါနဲ့။ ချစ်ကိုမောင်ဘယ်တော့မှခွဲ မသွားဘူး။ မောင့်ကိုခွင့်လွှတ်ပါ။ မောင် ဒီစကား ကိုပြောမိတဲ့အတွက် မောင့်ကိုမောင်ဒဏ်ခတ်ပါ့မယ်။ ချစ်ကျေနပ်ပါနော်။´
နာကျင်အောင့်သက်သော ရင်ဘတ်က စို့နစ်မှုများအားလုံး မျက်ရည်အဖြစ်ဖြင့် ပါးပြင် ပေါ်သို့ဆင်းကျလာသည်။ သို့သော် တဖျောက်ဖျောက်ကြွေကျလာသော မိုးရည်များနှင့်ရောပါ သွားလိမ့်မည်။ ခေါင်းတဆက်ဆက်ညိတ်နေသော သုတခကိုကြည့်ပြီမှ ပိုပြီးနာကျင်လာသည်။
'ချစ်ရယ် မငိုပါနဲ့ ဒီခြံလေးက ကိုယ်တို့ရဲ့ ငိုသံတွေရှိမနေသင့်ဘူး။ ဒါ ကိုယ်တို့အတွက် ငိုသံတားမြစ်နယ်မြေလေး ဖြစ်ပါစေလား။´
ချစ်ရယ် မောင်မှားသွားတယ်။မောင်မှားပါတယ်။ မောင့်အပြစ်တွေကို အခုရွာနေ တဲ့မိုးနဲ့ ဆေးကြောပစ်လိုက်မယ်။ ချစ် မောင့်ကိုခွင့်လွတ်ပေးပါ။

မျက်ရည်ကင်းမဲ့ဇုန်Donde viven las historias. Descúbrelo ahora