Chapter 6 ( Unicode + Zawgyi)

132 13 0
                                    

Chapter 6
အခန်း(၁၁)

လူမရှိသော စာသင်ခန်းကိုကြည့်ပြီး စိတ်ရှုပ်စွာ မျက်မှောင်ကျုံ့လိုက်သည်။
Tutorial မရှိလို့များလား။ ဒါဆို ချစ်က အိမ်ပြန်သွားပြီထင်တယ်။ အဲလိုမှန်းသိရင် ဘဏ်ကို နှစ်ယောက်အတူတူသွားပါတယ်။
'ဟေ့ကောင်လေး Tutorial မရှိဘူး။ ကြာသပတေးနေ့ discussion ချိန်ကျမှ test tutorial ဖြေမယ်။´
အခန်းထဲမှ ထွက်လာသော တီချယ်နွယ်နွယ်က အကြောင်းရင်းကိုပြောပြသည်။
ဒါဆို ပြန်မယ်။ ညနေ ပထမဆုံးအချိန်က ဘာမှမရှိဘူးမဟုတ်လား။ computer ချိန်ကြီးလေ။Computer, language lap ကဲ့သို့သောအချိန်များကို ဘယ်ကျောင်းသားမှ မတတ်ကြဘူး။
'မနက်ဖြန်နေ့လည်ကျရင် ဆရာကန်တော့ပွဲအတွက် အစည်း အဝေးရှိတယ်။EC တွေ အားလုံးတဲ့။ ဟိုကောင်လေးရော သုတခကို ပါပြောခဲ့လိုက်။´
'ဟုတ်ကဲ့ခင်ဗျ´
'အော် ဟုတ်ကဲ့တီချယ်။ ဘယ်သွားမလို့လဲ လိုက်ပို့ပေးမယ်လေ။´
'အေး ဌာနကိုသွားမလို့။ ကျေးဇူးပဲကွယ်။´
'ရပါတယ်တီချယ်´
ဆိုင်ကယ်ကို ဖြည်းညင်းစွာထွက်လိုက်သည်။
'စာတွေရပြီလား။ စာမေးပွဲ နီးနေပြီနော်။´
'ဟုတ်ကဲ့တီချယ်။ စာတော့သိပ်ရတယ်တော့လဲမဟုတ်ပါဘူး။´
အတန်းချိန်မှန်သော သူတို့နှစ်ယောက်ကို ဆရာ၊ ဆရာမတိုင်းနီးနီးက သိကြသည်။
'အေးစာကြည့်ကြ အလေတွေလျှော့တော့။ အေး ဒီနားပဲရပ်လိုက်တော့။ကျေးဇူးပဲ နော်။´
'ဟုတ်ကဲ့တီချယ်။ တီချယ် ကျွန်တော်သွားပြီ´
'အေးအေး ဖြည်းဖြည်းမောင်းနော်။´
တီချယ်စကားက နောက်မှဝဲကျန်ခဲ့သည်။ စိတ်က အိမ်ကိုရောက်နှင့်နေပြီ။
ချစ် မောင့်ကို ထမင်းစားစောင့်နေမလား။ ဒါမှမဟုတ် တစ်ယောက်တည်း ပန်းပင်များ ပေါင်းသင်နေမလား။ စိတ်ပူမိသည်။ တီချယ်ပြောသလို စာမေးပွဲက နီးလွန်းနေပြီ။ ဆရာကန် တော့ ပွဲပြီးလျှင် စာပဲ ဇောက်ချလုပ်ရတော့မယ်။ အင်းကျောင်းပိတ်ရင် အလုပ်လုပ်ရဦးမယ်။ ဘယ်မှာဘာလုပ်ရင်ကောင်းမလဲမသိဘူး။ အိမ်မှဆို ကျောက်လေးဆေးလိုက် ရှာလိုက် လုပ်လို့ ရသေးတယ်။အိမ်တော့မပြန်တော့ပါဘူး။ ချစ်နဲ့အတူနေဖို့ဆုံးဖြတ်ခဲ့တာပဲကို။ ဘာမှမလုပ်ဖြစ် လဲ ပန်းပဲစိုက်ဖြစ်မယ်ထင်ပါတယ်။ ချစ်ပြောသလို သစ်ခွတွေလဲ စိုက်မှဖြစ်မယ်။ ဘွဲ့ယူချိန်မှာ စျေးကောင်းရလိမ့်မယ်။ အဲလိုဆိုရင်တော့ သိပ်မဆိုးလောက်ဘူး။ မပျင်းမရိလုပ်ရမှာပဲ။ ဒါကို ကဘ၀ပဲလေ။
'အေး မပေးဘူး ဘာလုပ်ချင်လဲ။ ဘာဖြစ်ချင်လဲ။ ပြော…´
နားစည်ထဲရောက်လာသော မချော၏ အသံကျယ်ကျယ်ကြောင့် အတွေးများ ပျောက်လွင့်သွားရသည်။ အော်ဟစ်ဆူညံသံများ။ ငြင်းခုံဆဲဆိုသံများကြောင့် မချောတို့ခြံ ဖက်ကို လှည့်ကြည့်မိသည်။
ဘုရားရေ။ ချစ် ။ ဘယ်လိုဖြစ်ရတာလဲ။ မချောနဲ့ရန်ဖြစ်နေတာလား။ ဟမ်။ ကိုပေါက်ရော။ နှစ်ယောက်စလုံးနဲ့လား။ ဘာတွေဖြစ်ကုန်တာလဲ။
'မပေးလို့ရမလား။ ယူထားတုန်းက ယူထားပြီးတော့။ ဒီလောက်သည်းခံနေတာကို ကျေးဇူးတင်။´
'အောင်မလေး…သည်ခံပေးတာ ကျေးဇူးတင် ဟုတ်လား..အေးပါ အေး’
'ချစ်……… ဘယ်လိုဖြစ်နေတာလဲ´
'မောင်..အဲ ကိုညီ။ ဒီမှာ ပန်းဖိုးတောင်းနေတာ။ မပေးတဲ့အပြင် လူကိုရန်တွေ့နေလို့။´
ကျွတ်။ ချစ်ကလဲကွာ ဘာလို့ပြဿနာကို မီးထွန်းရှာနေရတာလဲ။ နည်းနည်းဖြစ်ဖြစ် သည်းခံမှပေါ့။
'ဟဲ့ဟဲ့ ငါ့ခြံရှေ့မှာ ယောက်ျားချင်း လာပြီးမယောပရည်လုပ်မနေနဲပ မသတီဘူး။ သွားကြငါ့ခြံရှေ့က သွားကြ။ ရွံ့တယ်။ ငါ့ခြံနာတယ်။´
'မသွားတော့ဘာလုပ်ချင်လဲ။ ပန်းဖိုးမရရင်လုံး၀မသွားဘူး။ မရရတဲ့နည်းနဲ့ယူမှာပဲ။´
'ဟေ့ကောင် လုပ်လေ။ မင်းက ဘာလုပ်ချင်လဲ။ တိုင်ချင်တဲ့နေရာမှာတိုင်လို့ရ တယ်။ တိုင်လေ။ ဘယ်သူအရှက်ကွဲမလဲကြည့်ကြတာပေါ့။ ဇရှိရင်လုပ်စမ်းပါ။..အေ…ိုး…၊ #@%&(@!&:*+$#´
ကိုပေါက်ကလဲ ဒေါသကြီးနေစွာ၀င်ပြောသည်။
'ဟေ့လူမဆိုင်တာမပြောနဲ့။ ကျွန်တော်တို့နှစ်ယောက်။´
'ချစ်တော်တော့ လာပြန်မယ်။´
သုတခ၏လက်ကို ဇွတ်ဆွဲခေါ်ပြီး ဆိုင်ကယ်ပေါ်တင်လာခဲ့သည်။ မချော၏အော်ဟစ် သံများ၊ သုတခ၏ ချေပသံများ၊ ကိုပေါက်၏ ကျုံးဝါးသံများ၊ ကလေးငိုသံများက ဆူညံလွန်းနေ သည်။
'တော်ပါတော့ချစ်ရာ။ ဘာတွေလျှောက် လုပ်နေတာလဲ။´
'လျှောက်လုပ်တာမဟုတ်ဘူး။ ဒါရသင့်ရထိုက်တဲ့အကြွေးသွားတောင်းတာ။ ´
'ချစ်ရာ။ သူတို့လဲ အဆင်မပြေလို့နေမှာပေါ့။´
'ဘာအဆင်မပြေတာလဲ။ မပြေဘူးဆိုလဲပြောပေါ့။ ခုဟာက သူတို့ကပဲ လာရင့် နေတာ။နောက်ပြီး သူ့ယောက်ျား နှစ်လုံးပေါက်တာပဲ။ ထိုးတာပဲ။ မပေးချင်လို့ သက်သက် ညစ်တာ။´
'ညစ်တာမှန်းသိသိကြီးနဲ့ ချစ်က သွားတောင်းတာကိုး။ ချစ်က ဘယ်လိုသွားတောင်း လဲမှမသိတာ။´
'ဘာလဲ မောင်က ချစ်ကိုစိတ်ဆိုးနေတာလား၊ သူတို့ဖက်က နာနေတာလား။ ချစ်သွား တောင်းတာ အေးအေးဆေးဆေးလေးတောင်းတာပါ။ သူတို့စမှ ရိုင်းတာ။ မောင်ပဲစဉ်းစား ကြည့်လေ။ ဒီစောက်ခြောက်မကလဲ သူ့ပိုက်ဆံနှစ်ပဲတစ်ပြားကို လိမ်သွားမှာ စိုးရိမ်နေလား မသိဘူး။ သေရင်တောင်ကျွတ်ပါ့မလားတဲ့။ အဲဒါနဲ့ချစ်လဲလဲစိတ်တိုပြီး  အေး ကျွန်တော်က သောတပန်တည်ပြီးသာမို့လို့စိတ်ပူစရာမလိုဘူး။ ခင်ဗျားတို့သာ အကြွေးမပေး ရင် နောင်ဘ၀ ကျမှ ကျွန်ဖြစ်မယ်လို့ပြောထည့်လိုက်တာ။ အဲဒါကို  ရိုင်းလိုက်တာတဲ့။ ဒါဘယ် သူရိုင်းတာလဲ။ အလကား သူ့လင် အလောင်းအစားလုပ်တာကိုကျတော့။´
'ကဲပါ တော်ပါတော့မောင်က ချစ်ကို အပြစ်တင်တာမဟုတ်ပါဘူး။မောင်လဲ မပေးချင် လို့ မပေးတာမှန်း အစောကြီးကတည်းက သိတာပဲ၊ သိလိုသွား မတောင်း တာပေါ့။ လှူတဲ့လို့ သဘောထားလိုက်ပါချစ်ရာ။´
'မထားနိုင်ပါဘူး။ ယာဂုအိုးကွဲမှ ရွှေစည်းခုံလှူပါတယ်ဆိုလုိ့ ကုသိုလ်ရမှာလဲမဟုတ် ဘူး၊ တစ်နည်းနည်းနဲ့ရအောင်လုပ်ရမှာပဲ´
'ချစ်တော်တော့ကွာ။ ဖြစ်ပြီးသားကိစ္စတွေကို ပြောမနေနဲ့တော့။ တစ်သိန်းတောင် မပြည့်တဲ့ငွေလေးအတွက်နဲ့ ဘာမှထပ်မပြောပါနဲ့တော့။´
'မောင် မပြောလို့ရမလားမောင်ရဲ့။ ဒါချစ်တို့ရဲ့ချွေးနဲစာလေးပါမောင်။ ချစ်တို့က ချမ်းသာနေလား။ သူတို့မိသားစုထက် ပိုပြီးပြည့်စုံနေလား။ ဟမ်။ ခုချစ်တို့နှစ်ယောက်ရဲ့ ဘဏ်စာအုပ်ထဲက ပိုက်ဆံတွေက ချစ်တို့ရှာထားတာတွေလား။ မဟုတ်ဘူးမောင်ရဲ့ မဟုတ်ဘူး။´
မျက်ရည်ကျကာ ငိုရှိုက်နေသော ချစ်သူကို ပွေ့ဖက်နှစ်သိမ့်လိုက်သည်။
'ချစ်ရယ်..ဒါပေမယ့်..´
'ဒါပေမယ့်ဘူးမောင်ရဲ့။ ချစ်ရော မောင်ရော ကြက်ဥတစ်လုံးကို တစ်ယောက်တစ် ၀က် ဆီခွဲစားပြီးနေခဲ့ရတာ။ အခြားကျောင်းသားတွေဆိုင်ကောင်းကောင်းမှာဘီယာသောက် နေတဲ့အချိန်မှာ ချစ်တို့နှစ်ယောက် နောက်နေ့ရောင်းမယ့် ပန်းတွေ စည်းနေကြ တယ်။ သူများ တွေ ကျောင်းဆင်းလို့အကြော်ဆိုင်ထိုင်ကြတဲ့အချိန်မှာချစ်တို့နှစ်ယောက်ပန်းပင်ရေလောင်း နေရတယ်။ တစ်ယောက်ယောက် စိတ်ဓာတ်ကျမှာစိုးလို့ ညောင်းလိုက်တာလို့တောင်မညည်း ရဲ ကြဘူး။ ပင်ပန်းလိုက်တာလို့ ပြောမထွက်ကြဘူး။ အဲဒီပင်ပန်းတာကို ဖြေ ဖျောက် ဖို့အတွက် ကာရာအိုကေသွားဆိုကြလား။ ကေတီဗွီသွားကြလား။ ဒီလိုလေး ကုပ်ခြစ် ပြီးစုဆောင်းနေရ တာ ပါ။ ဒီလိုကြိုးစားပန်းစားနဲ့ ဘ၀တည်ဆောက်နေကြတဲ့သူတွေဆီကမှ ခေါင်းပုံဖြတ်ကြ ရတယ်လို့ လောကကြီးကလဲမတရားလိုက်တာဗျာ။´
ရင်ခွင်ထဲမှာ ကလေးလေးတစ်ယောက်လို ငိုကြွေးနေသောချစ်သူလေးကို ကြင်နာစွာ ပွတ်သက်ချော့သိပ်ပေးလိုက်သည်။
'ချစ်ရယ်.. မောင်သိပါတယ်။ ဒါပေမယ့်ဘယ်တတ်နိုင်မလဲ။ ချစ်ရ… မြေနိမ့်ရာလှံစိုက် ကြတာလူ့သဘာ၀မဟုတ်လား။ မောင်တို့ ကြံ့ကြံခိုင်မှဖြစ်မှာပေါ့။ ဒီလိုပြဿနာ အသေးအမွှား လေးတွေကို မောင်တို့ ဂရုစိုက်နိုင်ရင် မောင်တို့ရှေ့ကို ဘယ်လိုရောက်နိုင်မလဲ။´
ချစ်ရယ် ချစ်ပြောတာမှန်ပါတယ်။ မောင်တို့နှစ်ယောက်ကို ခွဲခြားဆက်ဆံကြတာ။ ဖိနှိပ်ဆက်ဆံကြတာ။ အနိုင်ကျင့်ဆက်ဆံကြတယ်။ မတူသလို ဆက်ဆံကြတယ်။
‘သူတို့က မတရားလာအနိုင်ကျင့်နေတာကြီးကို....’
မျက်ရည်များနှင့်စောဒက တက်သော ချစ်သူ၏ နှုတ်ခမ်းလေးကို အရင်နမ်းလိုက်ပြီးမှ ရင်ထဲရှိစကားများကို ပြောပြလိုက်သည်။
‘ဘာပဲဖြစ်လာဖြစ်လာမောင်တို့သည်းခံတတ်ဖို့လိုတယ်။ဘာလို့လဲဆိုတော့ပြဿနာ တစ်ခုခုဖြစ်လာလို့အိမ်ကသိသွားရင်မောင်တို့နှစ်ယောက်ပဲဝေးရမှာလေ။ခုချိန်မှာမောင် တို့နှစ်ယောက်စလုံး မိသားစုကို ခြေစုံကန်လို့မရသေးဘူး။ ပညာရေးကလဲ တစ်ပိုင်းတစ်ပျက်။ ချစ်ပြောသလိုပဲ pass book ထဲက ပိုက်ဆံတွေဆိုလဲအိမ်ကပေးတဲ့ပိုက်ဆံတွေ။ တစ်ယောက် စာကို နှစ်ယောက်ပေါင်းပြီး ချွေတာစားနေရတာ။ မောင်တို့အခြေမခိုင်သေးဘူး။ ပြဿနာ တက်လို့မဖြစ်ဘူး။ အိမ်ကသိသွားလို့မဖြစ်ဘူး။ မောင်တို့ခါးစည်းခံရမှာ။ ချစ်ရယ်...... မောင် သိတာပေါ့ မောင်တို့ကို နှိမ်ကြတာ။ စျေးထဲမှာဆိုလဲ မောင်တို့ပန်းက စျေးအနှိမ်ခံရ တယ်။ စု ကြေးလုပ်တော့လဲမောင်တို့အလှည့်ကျမှအညစ်ခံရတယ်။ တလောကခြံ၀န်းထရံကို မူးမူး ရမ်း ရမ်းနဲ့ဖျက်စီးသွားကြတယ်။ ဒါပေမယ့် မောင်သည်းခံနေရတယ်လေမောင့်လုပ်ရပ် တစ် ခုခုက မောင်တို့နှစ်ယောက်ဝေးမယ့်အခြေအနေကိုဖြစ်ပေါ်စေတယ်ဆိုရင်ဘယ်လိုလုပ်မလဲ။ အဲဒီစိတ် နဲ့ အရာရာကို မောင်သည်းခံ၊ စတေးခံ နေရတာပါ။ ချစ်လဲ အဲဒီသတိလေးထားပေးပါ။ စိတ် လိုက်မာန်ပါလုပ်လိုက်တာမျိုး။ စိတ်လွတ်ကိုယ်လွတ်လုပ်လိုက်တာမျိုးမလုပ်ပါနဲ့ အချစ်ရယ် ကိုယ်တောင်းပန်ပါတယ်။’
ချစ်သူနှစ်ယောက်ပါးချင်းအပ်က ထိုင်ငိုနေမိသည်။ ခြံတံခါးနားတွင် ကပ်ထားသော ‘မျက်ရည်ကင်းမဲ့ဇုန်’ ဆိုသည့် ဆိုင်းဘုတ်လေးက လှောင်နေလေမလား...။
‘ကဲ ချစ်၊ မငိုပါနဲ့တော့ ထမင်းစားရအောင်နော်။’
ချစ်သူ၏ ပါးပြင်နွေးနွေးပေါ်မှ မျက်ရည်များကို သူ့ပါးပြင်ဖြင့် ပွတ်သတ် ဖယ်ရှားပေး လိုက်သည်။
ဒီခြံလေးထဲမှာပဲ
ပတ်၀န်းကျင်ကို အတူတူရင်ဆိုခဲ့ကြတာ
လောကဓံကို အတူတူအံတုခဲ့ကြတာ
ပြဿနာတွေကို အတူတူဖြေရှင်းခဲ့ကြတာ
ဒီခြံလေးထဲမှာ အောင်မြင်မှုတွေ များကြီးရှိတယ်

မျက်ရည်ကင်းမဲ့ဇုန်Where stories live. Discover now