19.2K 2.1K 223
                                    

🍭Unicode🍭

စစ်ဆေးစရာ ဖိုင်တွေ ကုန်သွားသည်
အထိ မြင်ချင်လွန်းလှသည့် မျက်နှာလေးကို
မမြင်ရသေး...

အိမ်ကနေ ကားနဲ့ အတူတူလာတာဆိုပေမယ့်
Companyကို ရောက်တာနဲ့
Taehyungက လှစ်ခနဲ ပျောက်သွားသည်။

ခါတိုင်း မိမိအနားမှာ အမြဲ အရိပ်တကြည့်ကြည့်
နဲ့ ကြည့်နေရတဲ့ ကောင်လေးမရှိတော့
စိတ်ထဲ မနေသာ မထိုင်သာ

တီ***

" ဟယ်လို ထယ်!!"

" အာ Jungkookieကလည်း အော်လိုက်တာ"

" တစ်နေကုန် ဘယ်ရောက်နေတာလဲကွာ"

" ဟို ဒီနေ့ ဟိုဆော့ဂီ နားရက်လေ အဲ့တာ
ထယ့်ကို မုန့်လိုက်ကျွေးမယ်ဆိုလို့.."

" ဘာ!!! အခု ချက်ချင်း နှစ်ယောက်လုံး
Companyကို ပြန်လာခဲ့ "

လေသံမာမာ နဲ့ပြောပြီး ဖုန်းကို အရင်ချလိုက်သည်။

ရောက်လာရင်တော့ နည်းနည်းပါးပါး ထယ်ယောင်းကို ဆူပစ်ဦးမည်။

20minute later....

* ဒေါက် ဒေါက်

" ၀င်လာခဲ့ "

ခုံပေါ်မှာ ခြေချိတ်ထိုင်ကာ စူးစူးရဲရဲ
ကြည့်နေတဲ့ CEOကြောင့် ခေါင်းကို
နှစ်ယောက်သား အော်တို ငုံ့လိုက််မိသည်။

" ဂျောင်ဟိုဆော့ "

" ဟုတ်"

" ရုံးချိန်ရှိတဲ့သူကို အပြင်ခေါ်သွားတာ ဖြစ်သင့်လား ဟမ်"

" ဟို ထယ်က လိုက်ချင်.."

" တော် နောက်ခါ ငါ့ခွင့်ပြုချက် မပါဘဲ
ထယ့်ကို အပြင်ခေါ်မသွားရဖူး ကြားလား"

" ဟုတ်..ဟုတ်"

" Jung-Jungkookie ဟိုဆော့ဂီကို မဆူပါနဲ့
ထယ်က လိုက်ချင်လို့.."

" တိတ်တိတ်နေ ထယ် ကိုယ် စိတ်စိုးနေတာနော်"

" ....."

" နောက်ခါ ဆင်ခြင်ပါ ဟိုဆော့ သွားတော့"

ဟိုဆော့မှာ သူတို့နှစ်ယောက် မျက်နှာ
တစ်လှည့်စီကြည့်ကာ တုန်တုန်ယင်ယင်နဲ့
ထွက်သွားသည်။

" ဟူးး"

လေပူတစ်ချက် မှုတ်ထုတ်လိုက်ကာ
လည်ပင်းက နတ်ခ်ကတိုင်ကို အနည်းငယ်‌
ဖြေလျော့လိုက်ပြီး စားပွဲရှေ့မှာ
ရပ်နေတဲ့ ကောင်လေးကို ကြည့်လိုက်တော့...

𝙔𝙤𝙪𝙧 𝙈𝙮 𝘾𝙖𝙣𝙙𝙮 🍭 || 𝙏𝙖𝙚𝙠𝙤𝙤𝙠 ||Donde viven las historias. Descúbrelo ahora