" ထယ် ရေ ကိုယ့်ကို နက်ခ်တိုင် ချီပေးပါဦး "
မနက်ခင်း Companyသွားဖို့ အလောတကြီး
ပြင်ဆင်နေရတဲ့ ဂျောင်ကု ....ချစ်ရတဲ့ လင်ယောင်္ကျားလေး ကတော့
အိပ်ယာပေါ်မှာ အိပ်ချင်မူးတူးနဲ့ စောင်ထဲအောင်းလို့ကောင်းနေတုန်း ။အိပ်ယာပေါ်ကနေ မြင်ရတဲ့ေဂျာင်ကုရဲ့
နောက်ကျောပြင်က ခန့်ညားလို့နေသည်။အိမ်ထောင်သက် 2နှစ်အတွင်း ဂျောင်ကုရဲ့
Bodyက အရင်ကထက် ပိုထွားပြီး တောင့်တင်း
လာတာ ထယ်ယောင်းအသိပင်။ဒီနေ့က meetingရှိသည်မို့ အစောကြီးထကာ
ပြင်ဆင်နေခြင်းပင် ဒါပေမယ့် ထုံးစံအတိုင်း
နက်ခ်တိုင်ချည်ပေးပါဦးဆိုကာ အိပ်ယာထဲက
လူကို အပြင်ခေါ်ထုတ်နေခြင်းပေ။နက်ခ်တိုင်လောက်ကတော့ ဂျောင်ကုတို့က
မျက်စိမှိတ်တောင်ချည်နိုင်သေးသည် ဒါပေမယ့်
အိပ်ယာထဲမှာ ည၀တ်အင်္ကျီပေါင်လယ်အရှည်လေးဘဲ ၀တ်ထားတဲ့ ထယ်ယောင်းရဲ့ မနက်ခင်းအလှကို သူမမြင်ချင်ဘဲ နေရော့မလား။" Jeon ကလည်း ကွကိုယ်ချည်ထားရဲ့သားနဲ့
ထယ် အိပ်ချင်သေးတယ် ဒီနေ့နားရက်ကို "" ထယ် ကလည်းကွာ ဒီနေ့ အရေးကြီး meetingရှိလို့ပါ ထယ်က နားရက််မလို့
Companyမှာ တစ်နေကုန်ကြီးတောင်မတွေ့ရမှာကို ဒါလေးတောင် လုပ်မပေးချင်ဖူးလား "အိမ်ထောင်ကျပြီး ကာလအတွင်း 24/7တွေ့နေရတာတောင် တစ်ခါတစ်လေ နားရက် မှာမတွေ့ရမှာကို ပိုပိုကဲကဲ လုပ်နေတဲ့ ဂျောင်ကု ပါလေ။
ထပြီး မလုပ်မပေးမချင်း ရုံးသွားမည်မဟုတ်တာကြောင့် အိပ်နေရာကနေ ကုန်းရုန်းထကာ
နက်ခ်တိုင် စီးပေးခြင်း လုပ်ငန်းစဉ်ကို စရတော့သည်။" ဂျွန် လက်က ငြိမ်ငြိမ်နေနော် "
ရှပ်အကျီအရှည်အောက်က ပေါင်တံလေးကို
မတိတထိ လက် နဲ့ ပွတ်ဆွဲနေတဲ့ ဂျောင်ကု....လက်က တဖြည်းဖြည်းနဲ့ အနောက်ဖက်ကနေ
အပေါ်ကို တက်လာတာမို့ နည်းနည်းလေး ပြန်စချင်စိတ်က ပေါ်ပေါက်လာသည်။
YOU ARE READING
𝙔𝙤𝙪𝙧 𝙈𝙮 𝘾𝙖𝙣𝙙𝙮 🍭 || 𝙏𝙖𝙚𝙠𝙤𝙤𝙠 ||
Romance[ Unicode ] "ထယ့်ရဲ့ နှုတ်ခမ်းက ကိုယ် အကြိုက်ဆုံး candyလေး " [ Zawgyi ] "ထယ့်ရဲ့ နှုတ်ခမ်းက ကိုယ် အကြိုက်ဆုံး candyလေး "