21.2K 2.3K 200
                                    

Unicode 🍬

" Min Yoongi "

"အခုချိန်ထိ ငါ့ကို နာမည်ခေါ်နေတုန်း"

"ကျွန်တော် တစ်ယောက်တည်းနေပါရစေ "

" မင်း ထယ်ယောင်း အပေါ်ခံစားချက်တွေရှိနေတာလား "

" အခုချိန်ထိ သူများအကြောင်းတွေ စိတ်၀င်စားနေတုန်းဘဲကိုး ဒါပေမယ့် ထယ်ယောင်းကိုတော့
လုယူဖို့.."

" ဝိုး ဝိုး JungKookငါအဲ့လောက်ထိ မလုပ်ပါဖူး
ငါ့မှာလည်း ငါချစ်တဲ့သူနဲ့ပါ "

" Yoongi~~"

စကားပြောနေတုန်း ရုတ်တရပ်

ဆံပင် ပန်းရောင်ဆိုးထားပီး
ပုပုသေးသေး နဲ့ Yoongiနီးပါး
အသားရည် ဖြူ‌တဲ့ကောင်လေးက

Yoongiနာမည်ခေါ်ကာ ပေါင်ပေါ်ကို
တက်ထိုင်ပြီး Jungkookရီပြသည်။

" Park Jiminပါ "

JungKookလည်းတစ်ချက်ရီပြကာ
သောက်စရာရှိတာ ဆက်သောက်နေလိုက်သည်။

" ဟိုဘက်မှာ သူငယ်ချင်းတွေနဲ့ ခဏနေလိုက်ဦး
ကိုယ် ခဏစကားပြောလိုက်ဦးမယ်"

" ဟုတ် "

Yoongi ပါးကို တစ်ချက်နမ်းပီး
ကောက်တေး ခွက်ကို ကိုင်ကာ
လှုပ်တုတ် လှုပ်တုတ် နဲ့ အခြားဝိုင်းဘက်
လျှောက်သွားတဲ့ Jimin.

" ထယ်ယောင်း ကို တကယ် ခံစားချက်ရှိနေတာလား "

" ဟုတ်တယ် ဖွင့်ပြောချင်မိပေမယ့် မဖြစ်ဖူး"

" မဖြစ်သေးတာဘဲ ဖြစ်မှာပါ
အကူညီ လိုတဲ့ အခါ မင်း စိတ်ညစ်တဲ့အခါ
ငါ့ကို ခေါ်လိုက် တစ်ခွက်‌ဖြစ်ဖြစ် ငါသောက်ပေးမယ် "

Yoongiက သူ့ရဲ့ ဖုန်းနံပတ်ကို
စာရွက်နဲ့ ချရေးကာ JungKookအိတ်ထောင်
ထဲထည့်ပေးကာ ပုခုံးကို
တစ်ချက်ပုတ်ပီး ထွက်သွားသည်။

Yoongiသိတာပေါ့ JungKook လိုလူက
သူလုယူမယ့် ၀န်ထမ်းကောင်လေးတစ်ယောက်ကို အထိမခံ ဖြစ်နေတာ။

စုံစမ်းကြည့်တော့ JungKookက
ထိုကောင်လေးကို ပုံမှန်ထက်ကို ဂရုစိုက်နေ
တာမို့ သူသိလိုက်ပါသည်။

* ကိုယ့် ညီအကြောင်း ကိုယ်မသိရင် ငါတုံးရာကျမှာပေါ့ JungKookရယ် *

𝙔𝙤𝙪𝙧 𝙈𝙮 𝘾𝙖𝙣𝙙𝙮 🍭 || 𝙏𝙖𝙚𝙠𝙤𝙤𝙠 ||Where stories live. Discover now