20.2K 2K 257
                                    

🍭 Unicode

* ring ring ring *

အိပ်ကောင်းနေချိန်မှ
ဖုန်းက မြည်နေသေးသည်။

ဟိုစမ်း ဒီစမ်းနဲ့ နောက်ဆုံးဖုန်းကိုင်လိုက်တော့

" ထယ်ထယ် သက်သာရဲ့လား "

Jin-ie hyungရဲ့အသံ

" Jin-ne လား ထယ်ထယ် သက်သာပါတယ်
ဘာလို့ဖုန်းဆက်တာလဲ ပြန်မလာသေးလို့လားဟင်"

" ဒီနေ့ တစ်ရက်လောက် ပြန်မလာနိုင်သေး
လို့ စတော်ဘယ်ရီတွေက အမှာတွေများနေလို့"

" ပြောတော့ မနက်ဆို ပြန်လာမှာဆို ဟင့်
ထယ်ထယ် ကို တစ်ယောက်တည်းထားခဲ့ပီး"

" Jin-ne မနက်ဖြန်ဆို တကယ်ပြန်လာမှာပါနော်
ဆေးလည်းသေချာသောက် စတော်ဘယ်ရီ
တွေလည်းယူခဲ့မယ်နော် "

" ပြီးတာဘဲ မြန်မြန် ပြန်လာခဲ့"

ဖုန်းချပြီး ကုတင်ပေါ်မှာ
ပြန်မှောက် အိပ်မယ်ကြံတုန်း

" ဟင် CEO ပြန်သွားပြီလား"

ကုတင်ပေါ်က ကုန်းထကာ
အိမ်အောက်ကို ဆင်းကြည့်တော့
ဧည့်ခန်းမှာ ဘယ်သူမှမရှိ။

ဆိုဖာပေါ်က စောင်လေးကလည်း
ပုံရက်သားလေး

၀မ်းနည်းစိတ်တို့က လှိုက်တက်လာသည်။

" JungKookieကပါ ထယ်ထယ် ကိုထားသွားပြီဟင့် "

" ထယ် နိုးပြီလား"

မီးဖိုချောင်ထဲကနေ အေပရွန်ကြီးနဲ့
ထွက်လာတဲ့ JungKook..

" JungKookie "

အိမ်ချင်မူးတူး ဆံပင်စုတ်ဖွားလေးနဲ့
လူကို ပြေးပီးလာဖက်တာများ
ကိုယ်တောင် နည်းနည်းယိုင်သွားသည်။

" Jungkookieပြန်သွားပြီထင်နေတာ"

ရင်ခွင်ထဲကို ခေါင်းတိုးပြီး အိပ်ချင်
မူးတူး အသံလေးနဲ့ ပြောနေပုံက
လူကို အသည်းယားအောင်လုပ်နေသလို

ခါးကိုတင်းနေအောင်ဖက်ပြီး
ရင်ဘက်နားကို တရှုံ့ရှုံ့နဲ့ အနံ့ခံနေသေးသည်။

" JungKookieက မွှေးနေတာဘဲ ဟီး"

ခေါင်းလေးမော့ကာ ဟီး ခနဲလာရီပြတော့
မို့တက်လာတဲ့ ပါးဖောင်းဖောင်းလေးကို
လက်ဖဝါးနဲ့ အသာအုပ်ကိုင်လိုက်တော့

𝙔𝙤𝙪𝙧 𝙈𝙮 𝘾𝙖𝙣𝙙𝙮 🍭 || 𝙏𝙖𝙚𝙠𝙤𝙤𝙠 ||Tempat cerita menjadi hidup. Temukan sekarang