55.7K 3.3K 276
                                    

Unicode 🍬

" ထယ် လေးရေ ထတော့ ‌ရုံးနောက်ကျလိမ့်မယ်"

" ဟုတ် လာပီ"

အောက်ထပ်ကနေ တဂျော်ဂျော်အော်နေသော
Jin Hyung ကြောင့် အိပ်နေရာကထလိုက်သည်။

ပန်းရောင် ညအိပ်၀တ်စုံနဲ့ ဆံပင်ရွှေညိုရောင်
တို့က ပွယောင်းယောင်းဖြစ်နေသည်။

ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်နှင့်
အညိုရောင် မကျတကျ အသားရည်ကို
ပိုင်ဆိုင်ထားတဲ့ Kim Taehyungဆိုတဲ့ လူသားကို အသက် ၂၃နှစ် ဆိုရင် ယုံကြမည်မဟုတ်။

အငယ်ဆုံးလေးဖြစ်တာနဲ့ အညီ
Jin Hyungရဲ့ ဖူးဖူးမှုတ် အလိုလိုက်ပုံတို့ကြောင့်
ခုချိန်ထိ Taehyungက ကလေးတစ်ယောက်လိုပင်။

ဖေဖေ နဲ့ မေမေ ဆုံးပီးကတည်းက
အကိုဖြစ်သူ Jinကပင် Taehyungကို လိုလေသေးမရှိအောင် စောင့်ရှောက်ပေးထားတာဖြစ်သည်။

ဒီနေ့ ပထမဆုံးရုံးတက်ရမည့်နေ့ဖြစ်သည်။

အနက်ရောင် suiteကို သေချာ၀တ်လိုက်ပီး
အောက်ထပ်ကို ဆင်းလာလိုက်သည်။

" Jin-ie ရေ Taeဘယ်လိုနေလဲ"

Suiteအပြည့်၀တ်ထားတဲ့ ပုံစံကို ပြချင်လို့
လက်နှစ်ဖက်ကို ကားကာ ကိုယ်ကို ဘယ်ညာ လှည့်ပြနေသေးသည်။

"Aigoo ဘယ်လိုနေနေ ငါတို့ ထယ်လေးက ကြည့်ကောင်းပီး ချစ်ဖို့ကောင်းနေရော "

" ဟုတ်တယ် ထယ် လေးက ချစ်ဖို့အကောင်းဆုံး"

နွားနို့ခွက်ကို ကိုင်ကာ အခန်းထဲက
ထွက်လာသော Namjoon ကလည်းထောက်ခံသည်။

Namjoonက Taehyung၏ အစ်ကိုဖြစ်သူ
Jinနဲ့ လက်ထပ်ထားသူ တစ်နည်းအားဖြင့်
Taehyungရဲ့ ယောက်ဖဖြစ်သည်။

သုံးယောက် လုံးရဲ့ မျိုးရိုးနာမည်က Kimဖြစ်သောကြောင့် Kim familyလို့လည်း ခေါ်ကြသေးသည်။

" ထယ် ရုံးမှာ စီနီယာတွေကို လေးလေးစားစားဆက်ဆံနော် အမှားလည်း အများကြီးမလုပ်နဲ့ သိလား "

" အင်းပါ Jin-ie ကလည်း ထယ် သိပါတယ် "

Jinတစ်ယောက် စိတ်မချဖြစ်ကာ အမှာတမ်းကို တစ်သီကြီး ခြွေနေလေသည်။

𝙔𝙤𝙪𝙧 𝙈𝙮 𝘾𝙖𝙣𝙙𝙮 🍭 || 𝙏𝙖𝙚𝙠𝙤𝙤𝙠 ||Where stories live. Discover now