21.4K 2.2K 230
                                    


🍭 Unicode

" သေချင်လို့လား "

စူးစိုက်ကြည့်ကာ ပြောလိုက်တော့
ထိုအုပ်စုရဲ့ မျက်နှာမှာ သွေးမရှိတော့သလို

JungKookအရပ်မောင်းနဲ့
ခန္ဓာကိုယ်က သူတို့ထက် ၂ဆလောက်ရှိသည်။

တစ်ချက်ထိုးခံလိုက်ရရင် မသက်သာ။

ထိုအခါမှ အပြစ်လုပ်လိုက်မှန်းသိတော့

" တောင်းပန်ပါတယ် ခင်ဗျ အစ်ကို့ကောင်လေး
မှန်း မသိလို့ပါ"

ခါးကျိုးမတက် အရိုသေးပေးကာ
တစ်ယောက် ကို တစ်ယောက် လက်တို့ကာ
ထိုနေရာမှ ပြာပြာသလဲ ထွက်သွားကြသည်။

တကယ်ဆို JungKookအရမ်းဒေါသထွက်
ကာ ရစရာမရှိအောင် ဆွဲထိုးပစ်မှာ
အမှန်ပင် ဒါပေမယ့်

အခုမှ အထက်တန်းကျောင်းသားအရွယ်
ကောင်လေးတွေ ဖြစ်တာကြောင့် ညှာလိုက်
တာလည်း ပါသည်။

ပီးတော့ သူ့ရဲ့ ဒေါသထွက်နေတဲ့ ပုံစံကို
ထယ် သာမြင်သွားရင် လန့်ပီးကြောက်သွား
မှာစိုးသည်။

" ထယ် အဆင်ပြေရဲ့လား "

လက်ကောက်၀တ်လေးကို
အသာကိုင်ကာ မေးလိုက်တော့
ရင်ခွင်ထဲကနေ ခေါင်းမော့ကြည့်တဲ့ ထယ်

လက်ချောင်းသွယ်သွယ်တို့က
အခုချိန်ထိ မိမိ အကျီစတွေကို
ဆုပ်ကိုင်ထားဆဲ

" ကျေးဇူးတင်ပါတယ် "

" ကိုယ်ကလည်း တောင်းပန်ပါတယ်
ထယ့် ကို တစ်ယောက်တည်း ထားခဲ့မိတာ"

ရွှေညိုရောင် ဆံပင်တို့ကို
အသာဖွကာ ဆိုလိုက်တော့ ခါးကိုလာဖက်ကာ
ရင်ခွင်ထဲ တိုး‌၀င်လာတဲ့ ကောင်လေးကြောင့်

တောင့်တောင့်ကြီးဖြစ်ကာ ခါးတောင်မတ်သွား
သည်။

" ဟို အစ်ကို တို့ ရုပ်ရှင်စတော့မယ်ရှင့်"

ကောင်တာက ကောင်မလေးက
ပြုံးစိစိနဲ့ ပြောမှ နှစ်ယောက်သား
လူချင်းခွာကာ မုန့်ထုတ်တွေယူပီး
ရုပ်ရှင်ရုံထဲ ၀င်ခဲ့လိုက်သည်။

" ဟင် ထိုင်ခုံက စုံတွဲ တန်းလား?"

" ဟို ကျန်တာတွေက ၀ယ်လို့မရလို့ အဲ့တာ"

𝙔𝙤𝙪𝙧 𝙈𝙮 𝘾𝙖𝙣𝙙𝙮 🍭 || 𝙏𝙖𝙚𝙠𝙤𝙤𝙠 ||Donde viven las historias. Descúbrelo ahora