24.2K 2.5K 299
                                    

🍭 Unicode

တုန်တက်သွားသော ကိုယ်လုံးလေး

" CEO ဘာကို "

" ဟား ဟား"

ရှေ့က ကောင်လေးကြောင့်
အသံထွက်သည် အထိပင် ရီမိလိုက်သည်။

မျက်နှာလေးကို ကြည့်လိုက်တော့
ရဲတောက်နေပီ ဖြစ်သည်။

ဘယ်လောက်တောင် ရှက်နေရှာလဲမသိ။

" CEOကို နမ်းသွားတာကို တာ၀န်ယူရမှာပေါ့"

" ဟို အဲ့တာက ရုတ်တရပ်ဖြစ်သွားတာလေ"

ဟော တွေ့လား စကားပြောရင်
အဲ့ အပေါ်နှုတ်ခမ်းလေးက ချွန်ချွန်ထွက်လာတာ

" မရပါဖူး ကိုယ် ထယ့်ကို ကူညီတာ နှစ်ခါတောင်ရှိပီကို "

" ဟွန့် လူညစ်ကြီး"

" ဟင် ဘာပြောတာ ဘာကြီး ဘာကြီး"

" ဟီး ဘာမှမဟုတ်ပါဖူး CEOရဲ့"

လေးထောင့်ဆန်ဆန် အပြုံးလေးကို
ထပ်တွေလိုက်တော့ မသိမသာရင်ခုန်မိနေသလို

" အဲ့တော့ ကျေးဇူးပြန်ဆပ်တဲ့အနေ နဲ့ကော
CEO အဖြစ်နဲ့ကော ကိုယ် တောင်းဆိုတာကို
လိုက်လျောရမယ်"

" ဘာကြီးလဲ "

" ကိုယ့်နားမှာနေပီး ကိုယ်ခိုင်းတာလုပ်ပေးရမယ်"

" ဟင် ဘယ်လိုကြီးလဲ"

" အလုပ်ချိန်အတွင်းမှာ ကိုယ်နားမှာနေပီး
စာရင်းတွေကော ပီးတော့ အခြားကိုယ် ခိုင်း
‌တာတွေပါ လုပ်ပေးရမယ် "

" အတွင်းရေးမှုးလား အဲ့တာ ဟိုဆော့ဂီ ရှိတယ်လေ"

" ဟို ဆော့ ဂီ?"

ရုတ်တရပ်ကောင်လေးက ဟိုဆော့ကို
ရင်းရင်းနှီးနှီးခေါ်လိုက်တာမို့
မျက်ခုံးတစ်ဖက်က အော်တို မြင့်သွားသည်။

" ဟိုဆော့ နဲ့မတူဖူး ထယ်က ကိုယ့်နားမှာ
အလုပ်ချိန်အတွင်း ဘေးမှာနေပေးရုံဘဲ ဘယ်လိုလဲ"

" အာ့ဆို ထယ့်အတွက်က ဘာရမှာလဲ"

" လစာလည်း ပေးမယ့်အပြင် Candyမျိုးစုံကိုလည်း ကိုက ၀ယ်ကျွေးနိုင်တယ်"

Candyဆိုတဲ့ အသံကြားတာနဲ့
မျက်လုံးလေးတွေ တလက်လက်ဖြစ်လာ
လိုက်တာများ ...

𝙔𝙤𝙪𝙧 𝙈𝙮 𝘾𝙖𝙣𝙙𝙮 🍭 || 𝙏𝙖𝙚𝙠𝙤𝙤𝙠 ||Dove le storie prendono vita. Scoprilo ora