10 zawgyi&unicode

616 85 2
                                    

Krisမနက်ဖြန်ခရီးအတွက် ပြင်ဆင်နေတုန်း ဖုန်ဝင်လာတယ်။ Sehunဆီမှဖြစ်ပီး ဘာလို့သူ့ကိုစောင့်ပဲ ပြန်သွားတာလဲ ဖြေနိုင်လား ဘာညာနဲ့ရစ်တော့တာပဲ။ ParkChanyeolနောက်ပါသွားတယ်ဆိုပီး ဒေါပွနေတဲ့Sehunကမနက်ပြန်ကျရင် သူနဲ့တခုံတည်းအတူတူထိုင်ဖို့ ပြောတယ်။..

Krisလည်းရယ်ပီးတော့ သဘောတူလိုက်တယ်။ SehunကKrisကိုကြိုက်ပီးတဲ့ နောက်မှာ ပိုဂျီကျလာသလိုပဲ။ Sehunနဲ့ဆိုKrisက ပေါ့ပေါ့ပါးပါးပဲ ရှက်တာမရှိဘူး။ ခံစားချက်တွေကဖြူ စင်တော့ ညီလေးတစ်ယောက်လိုပဲ သဘောထားမိတယ်။..

Krisရဲ့ကားဝင်လာတာနဲ့ Chanyeolနဲ့Sehunက အပြေးလာကြိုကြတယ်။ ကြည့်နေတဲ့သူတွေကတော့ ဆေးမမှီတော့ဘူးဆိုတဲ့ အထာနဲ့ခေါင်းယမ်းကြတယ်။..

"ဒီနေ့ကိုယ်နဲ့အတူတူထိုင်မှာမို့လား?..."

"ဆုတောင်းလေ Krisကငါနဲ့ထိုင်မှာ ညထဲကပြောထားပီးသား..."

Chanyeolရဲ့မေးခွန်းကို Sehunကဂုဏ်ဆာဆာနဲ့ ပြန်ဖြေတယ်။

Chanyeolမေးခွန်းထုတ်သလို ကြည့်လာတော့ခေါင်းငြိမ့်ပြလိုက်သည်။ မျက်မှောင်ကုတ်လာပီး မနာလိုမှုတွေက ဇာတ်လိုက်၏မျက်နှာမှာပေါ်လာတယ်....

Krisကတော့သွေးတိုးစမ်းသလို ရယ်ပြလိုက်တယ်။

"ဟား ဒါကဘာမျက်နှာထားလေးလည်း?..."

သူ့မျက်နှာကပြန်ပီး ကြည်လင်လာတယ်။ ပီးတော့ဖုန်းကိုထုတ်ကာ တခုခုလုပ်ပီးတော့ Krisကိုမျက်လုံးမှိတ်ပြတယ်။

Sehunကမုန့်ဆိုင်ဖက် ခေါ်သွားပီးတော့ Krisစားချင်တဲ့မုန့်တွေ ၀ယ်ပေးနေတယ်။ Chanyeolကလည်း ဘယ်ပျောက်သွားမှန်းမသိ

Leyooraကတော့ ဆယ်ဖီတွေလှိမ့်ဆွဲနေတယ်။ ပီးတော့ တွေ့သမျှကောင်းလေးတွေကို ဓာတ်ပုံရိုက်ပီးတော့ ပါးစပ်ကလည်း အဆင်လေးတွေ အဆင်လေးတွေနဲ့..

လေတယ် Krisကတော့ တကယ့်ကိုလေပါတယ်...

"Kris ဒီနေ့ဘယ်သူနဲ့ထိုင်မှာလဲ?..."

စပ်ဖြီးဖြီးနဲ့ လာမေးနေသော..

"ရုပ်ကဘာဖြစ်တာလဲ ရိုးရိုးတန်းတန်းမေး..."

"အေးပါဟ အဟီး ဘယ်သူနဲ့ထိုင်မှာလဲလို့.."

"ဘယ်သူနဲ့ထိုင်ထိုင်ပေါ့ ဖယ်စမ်း ငါ့Krisနဲ့အရမ်းကပ်နေပီ..."

Trying for Beautiful Fate System (Zaw&uni)Where stories live. Discover now