Zawgyi..
"မင်းရဲ့အသက်!..."
"ဘာ?....."
မကောင်းတဲ့အကြံစည်တွေရှိနေလိမ့်မယ်မှန်း သိပေမဲ့လို့ ဒီလိုဒါတိုက်ကြီးပြောလိမ့်မယ်လို့ မထင်ဘူးလေ။ မသကာသွယ်ဝိုက်ပီးပေါ့။...
"မင်းကသေသင့်တဲ့ကောင်ပဲ..."
LeJohnမျက်နှာကတင်းမာနေသည်။ သွားတွေကိုနှာထင်ကြောတွေ ထောင်သည်အထိစေ့ထား၏။..
"ကျတော်ကဘာလို့လဲ? စဉ်းစားမိသလောက်တော့ ဒါမတိုင်ခင် တခါမှမတွေ့ဖူးသလိုပါပဲ..."
"ဟုတ်တယ် ဒါပေမဲ့ မင်းYooraကိုတော့ သိမှာပါ..."
Krisမျက်ခုံးတို့ စုကြုံ့သွားသည်။
"Leyoora?..."
"ဟုတ်တယ် သူကငါ့ညီမပဲ ငါတို့မောင်နှမကအရမ်းချစ်ကြတာ သူ့ကိုထိတာက ငါ့ကိုထိတာပဲ!.."
"ခများအထင်လွဲနေတယ်ထင်တယ် ကျတော်သူ့အပေါ်ဘာမှ မဟုတ်တာမလုပ်ဖူးပါဘူး.."
"မင်းဆိုတဲ့ကောင်!..."
Lejhonကထိုင်နေရာမှ ထ,လာသည်။ ထို့နောက်ဆက်ပြောသည်..
"ငါ့ညီမနောက်ကို တောက်လျှောက်လိုက်ခိုင်း ထားတာ မင်းငါ့ညီမကိုစော်ကားပီး မင်းလင်နောက်လိုက်သွားတာကို ငါသိတယ်!.. ငါတန်ဖိုးထားရတဲ့ငါ့ညီမကို မင်းကများ.. အခုသူထွက်သွားပီ... ပြန်လာတာမှမကြာသေးဘူး ထပ်ပီးထွက်သွားတယ် မင်းနဲ့မင်းအဖေကို ပညာပေးဖို့ငါ့အဖေက စီစဉ်ထားတာ.. ငါကတော့မင်းကို ရအောင်သတ်မှာ Wu Kris မင်းမှာမနက်ဖြန်ဆိုတာ မရှိတော့ဘူး..."
အကြောင်းအရာတွေကို Krisသဘောပေါက်သွားသည်။ လက်စသတ်တော့ Leyooraကအမတ်Leရဲ့ သမီးငယ်ဖြစ်နေတာကိုး။ ထိုကိစ္စကိုအပြင်လူတွေ သိသွားလိမ့်မယ်လို့တော့ Krisမထင်ခဲ့ချေ။ ပီးတော့သူကLeyooraပေါ်..
ဟူး နမ်းရုံလေးနမ်းတယ်ပြောရအောင်လဲ တဖက်သားကမိန်းကလေး ဖြစ်နေသည်လေ သူမခံစားသွားရတာ မဆန်းပါဘူး..
"ကျတော်အဲ့အတွက်တော့ တောင်းပန်ပါတယ်.."
"ခွင့်မလွှတ်နိုင်ဘူးကွာ! ကြာတယ် ငါ သေတော့မယ့်လူနဲ့ စကားမပြောချင်တော့ဘူး.."
YOU ARE READING
Trying for Beautiful Fate System (Zaw&uni)
ספרות חובביםChanyeol+Yifan(Kris) yoai Cover by Baby Pyae Wai Shan