18 Z&U

406 63 2
                                    

Zawgyi..

Krisတို့အဆောင်ကိုပြန်ရောက်တော့ ညနေစောင်းနေပီ။ ထို့နောက်ဆရာကလူစုကာ မနက်ဖြန်မနက် တောင်အောက်ဆင်းဖို့ ပြောသည်။Sehunကိုတော့ ရှာမတွေ့ပါ။ ဘယ်ချောင်မှာဝင်ငိုနေတယ်မသိ။..

မနက်ရောက်တော့ အားလုံးပြင်ဆင်ကာ တောင်အောက်ကိုဆင်းကြသည်။ တောင်အဆင်းက အတက်လောက်တော့မပင်ပန်းချေ။ အယ် တောင်ကနည်းနည်းမတ်တော့ ဒူးတော့တုန်တာပေါ့။

Krisကတော့ပါလာသမျှ မုန့်တွေကိုသာစားလိုက် ဆင်းလိုက်ဖြင့်။ ဟိုကြည့်သည်သည်ကြည့်စကားပြောရင်းဖြင့် တောင်အောက်သို့ရောက်သည်။ အဆင်းခရီးက ပိုမြန်သည်။တောင်အောက်က ဆိုင်တွေမှာမုန့်တွေ ၀ယ်ပီးမှBusပေါ်တက်ကြသည်။...

Chanyeolနဲ့Krisကတော့ ကိုယ့်ကားနှင့်ကိုယ် ပြန်ကြသည်။ ဆရာ့ကိုခွင့်တောင်းတော့ Sehunကနှုတ်ခမ်းမဲ့သည်။ krisစကားသွားပြောသော်လည်း မကြားချင်ယောင်ဆောင်သည်။..

အော် Ohsehun Ohsehun အစတည်းက သူငယ်ချင်းလိုပဲနေပါလား ဘာလို့ငါလေးကို လာကြိုက်သေးလဲ?!!....

Chanyeolကအိမ်အထိလိုက်ပို့သည်။ ကားပေါ်ဆင်းခါနီးလေး Goodbye kissဆိုလို့ 15မိနစ်လောက် ပေးခဲ့ရသေး။ အဟိ..

အိမ်ထဲရောက်တော့ Wuကမရှိချေ။ ကိုယ့်အခန်းကိုယ်သွားကာ ရေမိုးချိုးလိုက်သည်။..

"Hi မင်္ဂလာပါHost! Side missionနဲ့ နောက်ဆုံးmissionပါhost!..."

အော် systemရှိသေးသားပဲ မေ့နေတာကျန်း..

"ဟာhost>< အဲ့လိုနော်..."

"ဟားဟား စတာပါ ဘယ်လိုလုပ်မေ့ရပါ့မလဲ? ကဲပြောနောက်ဆုံးmissionက ဘာလဲ?.."

"နောက်ဆုံးmissionက Hostရဲ့အဖေ ဗိုလ်မှူးWuကို ကယ်တင်ခြင်းပါ point 1000 နဲ့ပီးမြောက်မှုနှုန်း 20%ပါ..."

"အမ်? Wuကဘာဖြစ်နေလို့ ငါကကူညီရမှာလဲ? ..."

ဟုတ်တယ်လေ သူ့ဘာသူနေတဲ့Wuကို ဘယ်လိုလုပ်ကယ်ရမလဲ ရေကန်ထဲတွန်းချပီး ပြန်ကယ်ရမှာလား? တကယ်တည်းမှပဲ...

"Hostမသိလို့ပါ ဗိုလ်မှူးWuကစစ်ဘက်ဆိုင်ရာ အမှားတခုကြောင့် အာဏာလျော့လာပီ သူ့ဘက်ကလူတွေကလည်း အခြားဘက်တွေကို တဖြည်းဖြည်းပြောင်းကုန်ကြပီ အခုဆိုအခွံပဲရှိတော့တယ် အရင်သူ့ဖိနပ်ကိုလျှက်နေတဲ့ သူတွေကလည်း အခုဆိုမချေမငံစောင်းပြောလာကြပီ..."

Trying for Beautiful Fate System (Zaw&uni)Where stories live. Discover now