14

468 75 6
                                    

Zawgyi

တောင်အနှံ့လျှောက်လည်ဖို့ ဆရာကအဖွဲ့တွေ ခွဲပေးတယ်။ ဆရာတွေကGameတခုကိုလည်း စီစဉ်ထားပေးတယ်။ တောင်အနှံ့ရဲ့အန္တရာယ် မရှိတဲ့နယ်နိမိတ်အတွင်းမှာ အလံတွေထားထားတယ်။ ကျောင်းသားတွေက ထိုအလံတွေကို လိုက်ရှာရမှာဖြစ်ပီး အလံအများဆုံးရတဲ့ ကျောင်းသား၊ဒါမှမဟုတ် အဖွဲ့ကအနိုင်ရမှာဖြစ်သည်။ ပထမဆုနဲ့ဒုတိယဆုရှိပီး ပထမဆုကတော့ ကိုရီးယားအမဲသားဖြစ်ပီး ဒုတိယဆုကတော့ ဒေသထွက်ဝိုင်နီ၃ပုလင်းပဲဖြစ်တယ်။...

အများစုကတော့ ဒုတိယဆုကိုပိုပီး မက်မောကြသည်။ ကိုရီးယားအမဲသားက နေရာတိုင်းတွင်ဝယ်လို့ရသည်။ ဒေသထွက်ဝိုင်နီကတော့ ထိုရွာတွင်သာရှိသည်။

အိမ်ပြန်ခရီးလက်ဆောင်ပေးဖို့ ဒေသထွက်ပစ္စည်းထပ်ကောင်းတာ ဘာထပ်ရှိလိမ့်ဦးမလဲလေ ထို့ကြောင့်ဆရာတွေလည်း ပထမဆုကိုဝိုင်နီ ၅ပုလင်း၊ကိုရီးအမဲသားနဲ့ ဒုတိယဆုကိုဝိုင်နီ၃ပုလင်းဟု ပြန်သတ်မှတ်ရလေသည်။...

အဖွဲ့တွေခွဲတော့သေချာပေါက် Chanyeolကkrisနဲ့တူတူကျချင်သည်။ Sehunကတော့Krisလက်တွေကို အတင်းဆွဲထားသည်။ ဒီကောင်အရမ်းထူးဆန်းနေတာ ရေပူစမ်းကပြန်လာပီးထဲက Krisနားကလုံးဝကို မခွာတော့တာ...

ကံဆိုးစွာနဲ့ပဲkrisက ဒီgameကိုအကြောင်းပြုပီး missionပီးအောင်ထမ်းဆောင်မှာပဲ ဖြစ်တယ်။အဲ့တော့ သူကLeyooraနဲ့တဖွဲ့တည်း ဖြစ်ရမယ်။ ဒါကြောင့်အဖွဲ့နဲ့gameကစားမယ်ဆိုလို့ ဆရာ့ကိုသွားပီး leyooraနဲ့အဖွဲ့ကျအောင် ပြောခဲ့ပီးပီ။

Chanyeolကတော့ လငပုပ်ဖမ်းတဲ့မျက်နှာနဲ့ မည်းမှောင်နေသည်။ ဟန်ဆောင်ပန်ဆောင်တောင် မပြုံးနိုင်ချေ။ Leyooraက နေရာလဲပေးမယ်ဆိုပီး ပြောတော့Krisမှာအမြန်တားရသည်။ Chanyeolကတော့ သူ့ကိုနားမလည်နိုင်စွာ ကြည့်လေသည်။....

အဖွဲ့ဝင်တွေကိုသတ်မှတ်ပီးတာနဲ့ ကိုယ့်အဖွဲ့နဲ့ကိုယ် အသီးသ်ီးစ,ထွက်ကြသည်။

"Fan! မနိုင်ရင်လဲနေပါစေ အဝေးကြီးမသွားနဲ့နော် ဟုတ်ပီလား..."

မှာဖြစ်အောင်မှာလိုက်သော Chanyeolစကားကိုခေါင်းပဲ ငြိမ့်ပြလိုက်သည်။..

Trying for Beautiful Fate System (Zaw&uni)Where stories live. Discover now