12 Z&U

506 75 4
                                    

မနက်ရောက်တော့ ဆရာတွေကဦးဆောင်ကာ လူစစ်၊ပြင်ဆင်ပီးတော့ တောင်တက်ကြတယ်။ တောင်ခြေနားတော့ ဓာတ်ပုံတွေရိုက်ကြ ရှူခင်းတွေကြည့်ကြ အော်ကြ ဟစ်ကြနဲ့ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွတက်နေကြတာပဲ...

ဘေးကSehunကတော့ သီချင်းတွေအော်ဆိုလိုက် Krisကိုကြည့်ပီး မျက်လုံးလေးတွေလခြမ်းလေး ဖြစ်သွားအောင် ပြုံးပြလိုက်နဲ့ပျော်နေရှာတယ်။ Krisကလဲသဘောတကျ ပြန်ပြုံးပြပါတယ်။ Sehunကဒီလိုကျတော့ ချစ်ဖို့ကောင်းသားပဲ...

Chanyeolကတော့ မီးဝင်းဝင်းတောက်တဲ့ မျက်လုံးတွေနဲ့ကြည့်နေကာ ရင်ထဲကမနာလို သ၀န်တိုမှုတွေကို ထိန်းမနိုင်သိမ်းမရ ဖြစ်နေတယ်။ Krisရဲ့အပြုံးတွေက ParkChanyeolအတွက်ပဲ ဖြစ်သင့်တာ..

Ohsehun မင်းတော့သေပီသာမှတ်...

Krisကတော့ရှာလကာရည် ပုလင်းကြီးမှောက်နေတာကို သိပါတယ်။ဒါပေမဲ့ တမင်ကိုမသိချင်ယောင်ဆောင်လိုက်တာ...

တောင်ကတဖြေးဖြေးမတ်လာတော့ အမောတကောနဲ့ ဟောဟဲလိုက်သံတွေ ဆူညံသွားတယ်။Krisကအပေါ်ထပ်ကို ချွတ်လိုက်ပီးChanyeolက ကိုင်လာပေးတယ်။ ချွေးတွေကိုသုတ်ပေးရတာနဲ့ ရေတိုက်လိုက်နဲ့ တကယ့်ကိုတောက်တိုမယ်ရလေး Parkchanyeolရယ်ပါ ^_^

"အိုး သူများသားသမီးတွေများ ဘယ်ဘ၀ကဆုတောင်းတွေကြောင့် ဒီလောက်ကံကောင်းရတာလဲ မသိပါဘူး.."

"အမလေး ဒီလိုကောင်လေးမျိုးရှိရင်တော်ပါပီ...."

"ဆုသာတောင်းနေလိုက်တော့...."

Chanyeolတို့ကို ကြည့်ပိးတိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ပြောနေကြလေသည်။ ဆရာကတထောက်နားစေသည်။..

ထိုကြောင့်အချို့ကနားကြပီး မုန့်တွေဖောက်စားနေကြသည်။ တချို့ကတော့ ချွေးတွေထွက်ကာ ဖွာလံကျဲရုပ်တွေနဲ့ ဆယ်ဖီဆွဲနေကြသည်။

အမ် Krisကို သား သား လို့ခေါ်တဲ့ fujoshiမတ်မတ်တွေကတော့ Chanyeolနဲ့Krisတို့ရဲ့ momentတွေကို cameraနဲ့မှတ်တမ်းတင်နေကြသည်။..

တောင်ဆက်တက်တော့ တချို့ကညီးညူနေကြတယ်။ Krisအပါအ၀င်ပေါ့ အရမ်းမောတာပဲ အသက်ရှူတောင်ကြပ်တယ်

Trying for Beautiful Fate System (Zaw&uni)Where stories live. Discover now