အပိုင်း ၃၇

2K 155 11
                                        

ရင်တွေ ခုန်လွန်းလို့ ပြုတ်ထွတ်မတက်ပါကလေးရယ်..မင်း မရှိတဲ့ ကမ္ဘာလို့ ကိုယ် မတွေးချင်ခဲ့ပေမဲ့.. မင်းသာ နိုးမထ လာခဲ့ဘူးဆိုရင်.. ကိုယ်မင်းနောက်ကို ဘာမှ ထက်မစဥ်းစားပဲ တခါတည်း လိုက်ခဲ့ဖို့ အသင့်ရှိနေတဲ့သူပါ..အခုတော့ ကလေး သတိရလာပြီ ကိုယ်ကို မေးတယ်ဆိုတဲ့အတွေးနဲ့တင်.. ကိုယ်သေပျော်နေပြီ....

ကလေး......

တံခါးကို ဆွဲဖွင့်လိုက်ပြီးနောက် အလောတကြီး ဝင်လာသောMew ကို မြင်လိုက်ရသောကြောင့် Gulf ပျော်ရွင်မူ့က အတိုင်းမသိ..
ကြက်သားဆန်ပြုတ်ခွန့်တိုက်နေသော.. Gulf.. မေမေနဲ့ ရပ်ကြည့်သော Mew.. မေမေမှာ အလိုက်တသိ.. အပြင်ထွတ်ပေးလေသည်..

ကလေး.....ကိုယ်ပျော်လိုက်တာ...

Gulf ဘေးနားကို ထိုင်ကာ Gulf ရဲ့ လက်ကလေးကို အနူးညံဆုံးကိုင်ပြီးနောက် ရင်ဘက်ထဲ ထည့်ကာ...Gulf ကို.. မျက်လုံးမလွဲတန်း ကြည့်နေမိသည်..မျက်ရည် ဥများကလည်းပါးပြင်ပေါ်တွယ်ခိုနေလေသည်..

မငိုပါနဲ့.. ကျွန်တော် ဘာမှ မဖြစ်တာကို အဲ့လိုကြိး မငိုပါနဲ့နော်နော်..

ကိုယ်..  စိုးရိမ်နေခဲ့တာ.. ကလေးသာ သတိမရလာရင် ကိုယ်အရူးတပိုင်းဖြစ်တော့မှာ.. ကိုယ် ကလေးကို လွမ်းနေတာ...

ကျွန်တော်လည်း လွမ်းတယ် ဒါပေမဲ့.. ကျွန်တော် နိုးလာတော့ အနားမှာဘာလို့မရှိတာလဲ....

Mew..မျက်ရည်များကို သုတ်ရင်.. တည်ကြည်စွာဖြင့်..

ကိုယ် အရေးကြီးကိစ္စပေါ်လာလို့ပါ.. ကလေးကို ထားခဲ့သလို ဖြစ်သွားရင် ကိုယ်တောင်းပန်တယ်နော်....

အခု..ကျွန်တော်အနားရောက်နေပြီပဲ ကျွန်တော် ဘာမှ မဖြစ်ပါဘူး...ဒါနဲ့ မျက်နှာလေးတွေ ချောက်သွားလိုက်တာ. နေမကောင်းဘူးလား....

ကိုယ် အလုပ်နည်းနည်း ပင်ပန်းလို့ပါ အခု ကလေးသတိရနေပြီပဲ ကိုယ်အားလုံး အဆင်ပြေတယ်...နော်...ကလေးသာ ကိုယ့်အနားမှာရှိနေသရွေ့ ကိုယ်အကုန်အဆင်ပြေတယ်...

ချစ်ရတဲ့သူ..တယောက် မိမိ သတိမေ့နေတဲ့ အချိန်မှာ..ဘယ်လောက်တောင် သွေးပျက်နေမလည်း Gulf စဥ်းစားမိယုံနှင့် သိလေသည်... မျက်နှာလေးပေါ်မှာ ပင်ပန်းမူတွေနဲ့အတူ အနည်းငယ်ပိန်သွားသည်ကိုပါ Gulf သတိထားမိလေသည်..

မင်းဖြစ်နေလို့ (Because you are)Where stories live. Discover now