ဆေးရုံရဲ့ အရေးပေါ် အခန်းဝမှာ Mew စိုးရိမ်ပူပင်မူတွေ တရက်.... မျက်ရည်တွေနဲ့ အရူးတယောက်လို...
ငါကြောင့်.. ငါကလေး ကို တယောက်ထဲ လွတ်လိုက်မိလို့ . ငါကြောင့်...
အရူးတယောက်လို ညီးသွားရင်း..ပါးပြင်ပေါ် တို့ မျက်ရည်တွေ အသွင် သွင် စီးကျ နေလေသည်..
Mew..Mew..မင်းအဆင်ပြေရဲ့လား..
ခေါင်းကို ငုတ်ကာ.. ငိုနေသော Mew ကို Boss တွေ့လိုက်ရလေသည်..ခေါင်းမော့လာတော့ မျက်နှာ တပြင်လုံး မျက်ရည်အပြည့် မိုအစ်နေသော မျက်လုံးတွေ နဲ့ အသံတွေပည တုန်ရီနေလေသည်...
Boss.. ကလေး.. ကလေး.. အခု ရေးပေါ်ခန်းထဲမှာ...
ငါသိတယ်.. မင်းဖုန်းဆတ်ကတည်းက ငါဒီကိုတန်းလာတာ....
စိတ်လျော့ထားပါ..Mew ရယ်.. Gulf ဘာမှ မဖြစ်လောက်ပါဘူး...
သူတို့..ကလေးကို လုပ်ရက်တယ်ကွာ..ငါကလေးကိုမှ..
Gulf က ပျော့ညံတဲ့သူမဟုတ်ပါဘူး.. သူ အဆင်ပြေမှာပါ.. မင်းစိုးရိမ်စိတ်တွေ လျော့နော်.. ဆရာဝန်ကြီးတွေ ကို တိုင် ကြိုးစားပေးနေတယ်လေကွာ...စိတ်လျော့ပါအုန်း..
ငါဘယ်လို လျော့လို့ရမလဲကွာ..သွေးအိုင်ထဲ လဲနေတဲ့မြင်ကွင်း..ငါမျက်လုံးထဲ..မထွတ်သေးဘူး.. မင်ကြည့်.. ငါအကျီပေါ်မှာ ပေနေတာ ကလေးရဲ့ သွေးတွေ ငါ.....,ငါအသုံးမကျလို့....ငါ...အသုံးမကျလို့...
Mew တယောက် အရုးတယောက်လို ကိုယ်ကိုကိုယ် အပြစ်တင် ငိုကြွေးနေသည်မှာ Boss အတော်လေး စိတ်ထိလိုက်ရလေသည်.. ငယ်ငယ်လေးထဲက ပေါင်းလာတဲ့ သူငယ်ချင်း Mew အခုလို ငို ကြွေးတာ မမြင်ဘူးသေးပေ..
မင်း.. အပြစ်မဟုတ်တာ Mew. ..ဒါလုပ်ကြံ ခံရတယ် ဆိုတာ.. အသိသာကြီး..ပြီးတော့. ငါ. အဲ့နေရာကို သွားခဲ့ပြီးပြီ.. Gulf စီးခဲ့တဲ့ ကားမှာ ကင်မာရာ တက်ထား တယ်..အဲ့.ထဲမှာ Gulf ဘာဖြစ်တယ် ဘာ်သူလုပ်တယ်ဆိုတာ ငါတို ပြန်ကြည့်လို့ ရတာပဲ....
Mew မျက်နှာ မုန်တိုင်းတဖွယ်...
ငါ.. အဲ့ထဲ မှာ ပါတာ ဘယ်သူတွေလည်းဆိုတာ ငါသိချင်တယ် ပြီးတော့ ငါကလေးကို ထိတဲ့ ဘယ်သူကို မှ ငါအရှင်မထားဘူး...........ဒါပေမဲ့....ကလေးက....
YOU ARE READING
မင်းဖြစ်နေလို့ (Because you are)
Romanceဘာဆိုဘာမှ မလိုဘူး အရေးကြီးတာ မင်းဖြစ်နေရင် ရပြီ
